Friday, November 29, 2013

Easy To Install Windows 8 From a USB Device



 ပိုစ့်အဟောင်းလေးပါပဲ..မသိသေးတဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်..
USB နဲ့ windows တင်ချင်တဲ့ သူတွေအတွက်ပါ..။အလွယ်ကူဆုံး အရိုးရှင်းဆုံး အမြန်ဆုံး အသုံးပြုလို့ ရတဲ့ နည်းလမ်းကောင်းတခုပါ..။ကျနော်ကိုယ်တိုင် အသုံးပြုလို့ အဆင်ပြေလို့ ပြန်လည်မျှဝေလိုက်တာပါ..။
ကျနော်တုန်းက DVD device ပျက်နေတဲ့ ကွန်ပျူတာ တလုံးအတွက် windows ကို USB Device နဲ့ တင်ဖို့ကျနော့်စက်မှာ windows7 USB DVD- tool သွင်းတာ ဘယ်လိုမှ အဆင်မပြေဘူးဖြစ်နေတယ်..။နောက်တော့ အခုတင်လိုက်တဲ့ နည်းလမ်းအတိုင်းလုပ်တာ အဆင်ပြေသွားတယ်..။


အရင်က ဒီမှာ How To Install Windows 8 From a USB Device ဆိုတဲ့ပို့စ်တင်ပေးခဲ့ပြီးပါပြီ..။
အခုနည်းလမ်းကတော့ ပိုလွယ်ပါတယ်။ စက်ထဲမှာ 7-Zip ရှိရင်ရပါပြီ..။မရှိသေးရင် ဒီမှာ ယူလိုက်ပါ..။
အရင်ဆုံး USB device ကို format ချလိုက်ပါ..။အလွယ်ဆုံးနည်းနဲ့  USB device ပေါ် right click ပေးပြီး format ကိုရွေးလိုက်ယုံပါပဲ..။
 ပြီရင် windows iso ဖိုင်ပေါ်ကို right click ပေးလိုက်ပါ..။


ပုံမှာပြထားတဲ့အတိုင်း 7-zip ပေါ်ကို ကလစ်ထောက်ပြီး Extract file ကိုရွေးလိုက်ပါ..။
အ၀ါရောင်နဲ့ ပြထားတဲ့ နေရာကို click လိုက်ပြီး device ရွေးရပါမယ်..။
computer ကို click လိုက်ပါ..။
ကိုယ်အသုံးပြုမဲ့ USB device ကို ရွေးမယ် ကျနော် ကတော့ (J:) ကိုရွေးထားတယ်..။
ဒါက USB device ကို ရွေးပြီးထားတဲ့ပုံပါ..။ok လုပ်လိုက်ပါ..။
ဒါကတော့ usb device ထဲကို windows ISO ဖိုင်သွင်းနေတဲ့ပုံပါ..။
ခဏတော့ စောင့်ရပါမယ်..။ 100% ပြည့်ရင် ပြီးပါပြီ။
အခုဆိုရင် windows install လုပ်နိုင်တဲ့ USB bootable  လေးတခုရပြီပေါ့ဗျာ..
အဆင်မပြေတာရှိရင် စာရေးထားခဲ့ပါ..။ 


Friday, 19 July 2013



Reactions:

0 comments:

Post a Comment