Sunday, November 17, 2013

Gone With The Wind (လေရူးသုန်သုန်)


(၁)
ဒီဇာတ်ကားအကြောင်း အနည်းငယ်မိတ်ဆက်ပါရစေ..။
စာပေမြတ်နိုးသူတိုင်း ( လေရူးသုန်သုန် )ကို သိကြပါလိမ့်မယ်..။
အဲဒီစာအုပ်ဟာ အမေရိကန် စာရေးဆရာမ "မာဂရက်မစ်ချယ် "၏ တအုပ်တည်းသောစာအုပ်ဖြစ်သည်..။
စာအုပ်အဖြစ် အကြိမ်ကြိမ် ပုံနှိပ်ခဲ့ရသော စာအုပ်ဖြစ်သလို ဘာသာပေါင်းများစွာ ပြန်ဆိုခဲ့တဲ့ စာအုပ်လည်းဖြစ်သည်..။
မြန်မာပြည်မှာ ၁၉၇၈ ခုနှစ်က ဆရာမြသန်းတင့်က ( လေရူးသုန်သုန်) အမည်ဖြစ် မြန်မာဘာသာပြန်ဆိုခဲ့သည်..။
ထို ( လေရူးသုန်သုန်) အမည်မှာ ဒုတိယ ကမ္ဘာစစ်မဖြစ်မှီက စာရေးဆရာ နန္ဒ ၏ ၀တ္တုတပုဒ်မှ အမည်ဖြစ်ကြောင်း စာအုပ်၏ နိဒါန်းမှာ ဖော်ပြခဲ့သည်..။
ဆရာမြသန်းတင့် အမျိုးသားစာပေ (ဘာသာပြန်) ဆုရရှိခဲ့သော စာအုပ်လည်းဖြစ်သည်..။
 (၂)
ရုပ်ရှင်အဖြစ်  အော်စကာ ၁၀ ဆုရခဲ့သည့် ဇာတ်ကားဖြစ်ခဲ့သည်..။
ဘာလင်မြို့တော်တွင် ၃ နှစ်ဆက်တိုက်ရုံတင်ခဲ့ရာ ရုပ်ရှင်အလုပ်သမားများ သပိတ်မှောက်သည် အထိ ဖြစ်ခဲ့သည်..။
ရုပ်ရှင်စတင်ရုံတင်ပြီးနောက် အနှစ် ၄၀ အတွင်း ကမ္ဘာပေါ်တွင် ထိုရုပ်ရှင် မပြသည့်ရက် တရက်မှမရှိခဲ့..။
ကမ္ဘာတနေရာရာ မှာ အမြဲပြနေရသည်ဟု ရုပ်ရှင်စာစောင်တွေမှာ ဖေါ်ပြကြသည်..။
(၃)
ဒီဇာတ်လမ်းသည် အမေရိကန် ပြည်တွင်စစ်ကို နောက်ခံပြုထားသည့် အချစ်၊ဘ၀ရသ၊နှင့် လူမှုရေး နိုင်ငံရေး ကို ထင်ဟတ်ပြသည့် ဇာတ်လမ်းဖြစ်သည်..။
အမေရိကန် မြောက်ပိုင်းတွင် သမ္မတ လင်ကွန်း တတ်လာသည့်အခါ ကျွန်ကုန်ကူးသည့် စနစ်နှင့် မြေရှင်စနစ် ကို ဖျက်သိမ်းလိုက်သည်..။
မြေရှင်များကြီးစိုးသည့် အမေရိကန် တောင်ပိုင်းပြည်နယ် ၁၁ နယ်တို့က အမေရိကန်ပြည်ထောင်စုမှ ခွဲထွက်ရန် ပုန်ကန်ကြသည်..။
သို့ဖြင့် အမေရိကန်မြောက်ပိုက်ပိုင်း နှင့် တောင်ပိုင်းပြည်နယ်များ တိုက်သည့် ပြည်တွင်းစစ်ဖြစ်လာခဲ့သည်..။
ဒီဇာတ်လမ်းက အဲဒီသမိုင်းဖြစ်စဉ်ကို အခြေပြုထားသည့် ဇာတ်ကားဖြစ်သည်..။

ဇာတ်လမ်းထဲ မှ မင်းသား "ရက် ဘက်တလာ" က လွတ်လပ်စွာ ကူးသန်းရောင်ဝယ်လိုသည့် မှောင်ခိုစီးပွားရေး သမား...
ပဒေသရာဇ်  စနစ်ကြီး ကျဆုံးပျက်စီး နေတာကို ကြည့်ပြီး ဟားတိုက်ရယ်မော နေသူ..
ပဒေသရာဇ် စနစ်၏ လူမှုရေးအစဉ်အလာတွေ ထုံစံဓလေ့များကို ပြောင်လှောင်သူ...

မင်းသမီးဇာတ်ဆောင် " စကားလက် အိုဟာရာ" ကတော့ မြေရှင်စနစ်ကို ဆက်လက်ထိန်းသိမ်းလိုသူ ..
ကျွန်ကုန်ကူးသည့် စနစ်ကို ထားချင်သေးသူ..
မြောက်ပိုင်းသားတို့၏ အမှုအကျင့်များကို အောက်တန်းကျသည် ၊ယန်ကီ ဆန်သည်၊ အကျင့်ပျက်သည် ဟုမြင်သူ..
အမေရိကန်ပြည်ထောင်စုကြီးမှ တောင်ပိုင်းပြည်နယ်များ ခွဲထွက်ရေးကို ထောက်ခံသူ..

ဒီဇာတ်ကားမှာ " ရက် ဘက်တလာ" ၏ လူ့စရိုက် နှင့် " စကားလက် အိုဟာရာ" တို့၏ လူ့စရိုက် ပဋိပက္ခ ဖြစ်လာသည်..။ သူတို့ နှစ်ဦး၏ ပဋိပက္ခ အားပြိုင်မှုသည် ဇာတ်လမ်းကို သက်ဝင်လှုပ်ရှားနေစေပါတော့သည်..။

                                            download movie


Reactions:

2 comments:

  1. အကိုရေ Gone with the wind လေးပြန်တင်ပေးပါလား

    ReplyDelete
  2. ဟုတ်ပါတယ် ပြန်တင်ပေးပါလား

    ReplyDelete