Friday, January 10, 2014

Android ဖုန်းတွေကို ကိုယ်တိုင် မြန်မာ ဖောင့်ထည့်ရအောင်...


Android ဖုန်းတွေကို ကိုယ်တိုင် မြန်မာ ဖောင့်ထည့်ရအောင်...

အခုကျနော် ပြောမယ့် နည်းလမ်းတွေကတော့ ကျနော် လက်တွေ့အသုံးပြုနေကြ အလွယ်ကူဆုံး အရိုးရှင်းဆုံး Android ဖုန်းတွေကို  မြန်မာ ဖောင့်ထည့် သွင်းနည်းတွေပါ..
လိုအပ်တာ အဆင်မပြေတာ ရှိခဲ့ရင် ကျနော့်ရဲ့ အတွေ့အကြုံ မလုံလောက်မှုကြောင့်ပဲ လို့သတ်မှတ်နိုင်ပါတယ်..

ကဲစရအောင်...
အရင်ဆုံး မြန်မာစာ ဖတ်လို့ ရအောင် zawgyi 1 ကို ဒီမှာ ဒေါင်းယူလိုက်ပါ..
နောက်တဆင့် မြန်မာစာရေးဖို့ အတွက် Bagan keyboard Pro ကို ဒီမှာ ဒေါင်းယူလိုက်ပါ..
ဖုန်းကို Root လုပ်ဖို့ အတွက် ကျနော် နှစ်မျိုးတင်ထားပါတယ်..
ကွန်ပျူတာကနေ Root လုပ်ဖို့အတွက် ဒီမှာ သွားကြည့်လိုက်ပါ..
ဖုန်းထဲကနေ Root လုပ်ဖို့ အတွက် Vroot_v1.0.5.1 (Apk) ကို ဒီမှာ ယူပါ..
zawgyi installer ကို ဒီမှာ ယူပါ..
မြန်မာစာ ရှေ့နောက်လွဲနေရင်  fepfz tool  ကို ဒီမှာ ယူပါ..

အားလုံးဒေါင်းယူပြီးရင်..


ဒါက ကျနော်ထဲမှာ ရှိနေတဲ့ (apk) တွေပါ..
အဲဒီထဲကနေ Zawgyi_One.apk လေးအပေါ် ထောက်ပြီး 
 zawgyi 1 ကို install လုပ်ရအောင်..

Package installer ကိုရွေးပြီး Just once ကိုရွေးပြီး install လုပ်လိုက်ပါ..
ပြီးရင် ..


setting ကနေတဆင့် Display ကိုဝင်လိုက်ပါ..


Font style ကိုထောက်လိုက်ရင်အောက်က ပုံအတိုင်း ပေါ်လာပါလိမ့်မယ်..


အဲဒီမှာ Zawgyi One TTF ရွေးပြီး ok ..
ဒါဆိုရင် မြန်မာလို ရေးတာတွေကို ဖတ်နိုင်ပြီ ဆိုပါတော့ဗျာ..
ရေးဖို့ အတွက်.. ဒေါင်းလို့ ရထားတဲ့ Bagan keyboaed Pro ကို install လုပ်လိုက်ပါ..
ပြီးရင် setting ကနေတဆင့် ..

 Language and input ကိုထောက်လိုက်ပါ..


Bagan Keyboard Pro ရှေ့မှာ အမှန်ခြစ် ပေးလိုက်ပါ..
ပြီးရင်  Language and input methods အောက်က Default ကိုဖွင့်ပါ..


အဲဒီမှာ Bagan Keyboard Pro ကိုရွေးပေးလိုက်ပါ..
ဒါဆိုရင် ဖုန်းမှာ မြန်မာလို ရေးနိုင် ဖတ်နိုင်ပါပြီး...
ဒါပေမယ်..Android version 4.1.xx အထက်မှာ ဆိုရင်တော့ အဆင်မပြေလောက်သေးဘူး...
ဒီတော့ zawgyi installer ထက်သွင်းရအုန်းမှာပါ..
 ဒေါင်းထားတဲ့  zawgyi installer ကို install လုပ်လိုက်ပါ..
သူကတော့ Root လုပ်ထားမှ အဆင်ပြေ မှာပါ..
Root လုပ်ဖို့အတွက် ဒီမှာ ကြည့်ပါ..
zawgyi installer ဖွင့်လိုက်ပါ..


Check for Root Access ကိုထောက်ပြီး ဖွင့်ပါ..


 ဒီအထဲက ကိုယ်ကြိုက်တဲ့ စာလုံးပုံကိုရွေးပြီး နှိပ်လိုက်ပါ..
ပြီးရင် ဖုန်းကို Restart ချလိုက်ပါ..
အခုဆိုရင် ဖုန်းနဲ့ မြန်မာလို  100% ဖတ်နိုင် ရေးနိုင်ဖတ်နိုင်ပါပြီး..
တကယ်လို့ ..စာဖတ်ရင် မြန်မာစာ ရှေ့နောက်လွဲတဲ့ ပြသနာ ရှိနေသေးတယ်ဆိုရင်..
fepfz tool လေးကို install လုပ်ပြီး
.  fepfz ကိုဖွင့်လိုက်ပါ..
အရင် ဆုံး GOT IT နှိပ်ပါ..
နောက်တဆင့် I AGRFF ကိုနှိပ်ပါ..
အဲဒီထဲက ကနေ PATCH(v1) REBOOT ဒါမှ မရရင် PATCH(v2) REBOOT
ကိုရွေးပေးလိုက်ပါ..ဖုန်း restart ကျသွားပါလိမ့်မယ်..
ပြန်တတ်လာရင် မြန်မာစာ 100% မှန်သွားတာတွေ့ရပါမယ်..။
ဒီလောက်ဆိုရင် အဆင်ပြေမယ် မျှော်လင့်ပါတယ်..
  facebook မှာ Like လုပ်ပြီး အားပေးခဲ့ ပါအုန်းနော်...
လိုအပ်တာ  ရှိရင်လည်း comments  ဖြစ်ဖြစ် 
cbox မှာဖြစ်ဖြစ်  ပြောခဲ့ပါ..
Reactions:

0 comments:

Post a Comment