Sunday, January 19, 2014

Bitlocker Drive


 USB အပါအ၀င် Drives တွေကို software မပါပဲ lock ချတဲ့ နည်းလမ်းလေးပါ..။
မသိသေးတဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်..။
အားလုံး လွယ်ကူရှင်းလင်းအောင် ပုံတွေနဲ့ အသေးစိတ် နည်းလမ်းတွေကို
ဖော်ပြသွားပါ့မယ်..။
အရင်ဆုံး control panel ကို သွားလိုက်ပါ..။
အဲဒီကနေ




 Bitlocker Drive Encryption ကို click လိုက်ပါ..။

ကျလာတဲ့ အထဲက ကိုယ် lock ချထားချင်တဲ့ drives ကိုရွေးလိုက်ပါ..။
ကျနော်ကတော့ pendrive ကို ရွေးထားပါ..။
ဘယ် drives ပဲ ဖြစ်ဖြစ် နည်းလမ်းကတော့ အတူတူပါပဲ..။
မြှားပြထားတဲ့နေရာက Turn Bitlocker on ကို click လိုက်ပါ..။

use a password to unlock drive မှာ အမှန်ခြစ်ပေးပြီး Enter your password မှာ password ပေးလိုက်ပါ ..။Re-Enter your password မှာလည်း အပေါ်မှာ ပေးထားတဲ့ အတိုင်း ထက်ထည့်ပေးလိုက်ပါ..။ ပြီးရင် Next ကို click ပြီး ဆက်သွားလိုက်ပါ..။
အဲဒီမှာ ကြိုက်တာ ရွေးလို့ ရပါတယ်..။ကျနော်ကတော့ save to a file ကိုရွေးပြထားတယ်..။
အခုလို file save ဖို့ကျလာရင် ကိုယ့်စက်ထဲက ကြိုက်တဲ့နေရာမှာ save လုပ်နိုင်ပါတယ်..။
ဒီနေရာမှာလည်း ကျနော်က Encrypt used disk space only ကိုရွေးပြထားပါတယ်..။
ပြီးရင် Next ကို click ပေါ့...။

 ဒီလိုကျလာရင် Start Encryption ကို click လိုက်ပါ..။
ဒီနေရာမှာ ခဏတော့ စောင့်ရပါတယ်..။100% ပြည့်ရင်
ကိုယ့်ရဲ့ drive လေးကို  ဆော့ဝဲမပါပဲ lock လို့ ရသွားပါပြီ..။
အဲဒါဆိုရင် ကိုယ့်ရဲ့ USB drive လေးအခုလို lock ကျနေတာ တွေ့ရပါမယ်..။

အသုံးပြုတော့မယ်ဆိုရင် ..အဲဒီ lock ကျနေတဲ့ drive အပေါ် click လိုက်ရင်...
အခုလို password ဖြည့်ဖို့ ကျလာတဲ့ box လေးထဲမှာ
ကိုယ်ပေးထားတဲ့ password ရိုက်ထည့်ပြီး Unlock ကို click ယုံပါပဲ..။
ဒီလောက်ဆိုရင် အဆင်ပြေမယ် မျော်လင့်ပါတယ်..။
အဆင်မပြေတာရှိခဲ့ရင် စာရေးထားခဲ့ပါ..။
Reactions:

0 comments:

Post a Comment