Saturday, February 15, 2014

Killing Kennedy (2013) Full movie မြန်မာ စာတန်းထိုး


Killing Kennedy (2013) Full movie  မြန်မာ စာတန်းထိုး

((နယူးယောက် ၊ ၀ါရှင်တန် ၊ ဖီလလာဒ်လ်ဖီးယား စသောမြို့ကြီးများနှင့် တကွ အမေရိကန် ပြည်ထောင်စုတ၀န်းလုံးရှိ ထောင်ပေါင်းများစွာသော မြို့များနှင့် ရွာများတို့တွင် ဘုရားရှစ်ခိုးကျောင်းမှ ခေါင်းလောင်းထိုးသံများသည် လေထဲတွင် ကြေကွဲဖွယ်ရာ ပျံဝဲလျက်ရှိသည်..။

ဝါရှင်တန်မြို့အတွင်း တခုသောလမ်းထောင့်တွင် မျက်မမြင် နီဂရိုးအမျိုးသမီးတယောက်သည် ဂီတာကို လက်ချောင်းများဖြင့် ညင်သာစွာတီးခတ်ရင်း ပါးစပ်မှ သီချင်းတပုဒ်ကို ဆိုညင်းလျက်ရှိသည်..။
" သူယာအစဉ်..ကျမကိုပင် ၊ ပစ်ခွာမသွား..သစ္စာစကား..လှစ်ခါကြားခဲ့သရှင်...."

ကြေကွဲလွမ်းဆွတ်ဖွယ်ကောင်းလှသော တေးသီချင်သံနှင့်အတူ သူမ၏ ပါပြင်ပေါ်သို့ မျက်ရည်များ လိမ့်ဆင်းလာသည်ကို တွေ့ရသည်..။

ဂျပန် ၊ ကိုရီးယား ၊ ဖီလစ်ပိုင် ၊ ထိုင်း စသော အရှေ့နှင့်တကွ အင်္ဂလန် ၊ပြင်သစ် ၊ဂျာမဏီ၊အီတလီ စသောနိုင်ငံများတွင် ရှိနေကြသော အမေရိကန်စစ်စခန်းများမှ အမြောက်များသည် ၀မ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် နာရီဝတ်တကြိမ် မှန်မှန်ကြီး ပစ်ဖောက်နေကြသည်...))

အထက်ပါစာစုကတော့ ဆရာလင်းယုန်မောင်မောင်ရဲ့ ..သွေးစွန်းသော နေ့ရက်များ ..စာအုပ်မှ 
1963 November 22 က လုပ်ကြံသတ်ဖြတ်ခံရတဲ့ 
အမေရိကန် သမ္မတ  John F. Kennedy 
အကြောင်းရဲ့ နိဒါန်းစာစုပါ..
စစ်အေးတိုက်ပွဲရဲ့ နိုင်ငံရေးကစားကွက်တွေ နဲ့အတူ
ထူးဆန်းအံသြဖွယ်ရာ လုပ်ကြံမှု စိတ်လှုပ်ရားဖွယ် ရသတွေနဲ့ ချယ်မှုန်းထားတဲ့ 
Killing Kennedy (2013) Full movie  မြန်မာ စာတန်းထိုး ကို
 အောက်မှာ ကြည့်ရှု ဒေါင်းယူနိုင်ပါတယ်...






http://www.4shared.com/video/okcz36vRce/Killing_Kennedy__2013__channye.html




Reactions:

0 comments:

Post a Comment