Friday, May 23, 2014

Format Factory အသုံးပြုနည်း


Format Factory အသုံးပြုနည်း

ဒါလေးကို တင်မယ်ဆိုပြီး ပြောထားတာ ကြာပါပြီ..
ကျနော် record လုပ်ထားတဲ့ Video ကို စိတ်တိုင်းမကျတာ နဲ့ပဲ..
တင်မပေးဖြစ်ခဲ့တာပါ..ဒီရက်တွေ အလုပ်မအားတာကြောင့်
နောက်ထက်လည်း ထက်မလုပ်နိုင်တာနဲ့ 
စိတ်တိုင်းမကျတဲ့ video လေးပဲ တင်ပေးလိုက်ရပါတယ်..

video ဖိုင်ထဲမှာလဲ အောက်က စာတွေ ပါပါတယ်..
အရင်ဆုံး Format Factory ကို ဖွင့်မယ်နော်..
mp3 ပြောင်းချင်တယ် ဆိုရင် အောက်က Audio ကိုဖွင့်မယ်..
ဒါတွေက သူပြောင်းပေးနိုင်တဲ့ format တွေပေါ့..
ကျနော်က mp3 ကိုရွေးပြီး ပြောင်းကြည့်မယ်..
windows 7 ဆိုရင် မြန်မာလို အဆင်ပြေမှာမဟုတ်တော့
english ကို အရင်ပြောင်းထားမယ်..
Language မှာ မြန်မာဘာသာ ပါတယ်နော်..
Add file ကနေ သီချင်းထားတဲ့ နေရာကို သွားမယ်..
ကျနော်က Lay Phyu ကိုရွေးလိုက်တယ်..
ဒီနေရာမှာ ပြောစရာရှိတာက သီချင်းတွေ ရုပ်ရှင်တွေကို မြန်မာလို နာမည်ပေးထားရင် အဆင်မပြေဘူး..
English လိုပဲ ပေးထားရမယ်..
ok ကို နှိပ်ပြီး အပေါ်က Start ကို နှိပ်လိုက်ရင် ရပြီနော်..
mp3 ကိုရှာကြည့်ရင်..
Option ကနေ သူဘယ်နေရာမှာလဲဆိုတာ သိနိုင်ပါတယ်..
ပြောင်းချင်ရင် ကျနော်လုပ်တဲ့အတိုင်းပါပဲ..
ဒါက C: FFoutput မှာ mp3 ရောက်သွားတာကို ပြထားပါ..
နောက်တဆင့် ရုပ်ရှင်တွေ ဖြတ်ရအောင်..
အပေါ်က Video ကိုနှိပ်ပါ..
MPG နဲ့ ပြောင်းကြည့်မယ်..MPG format က DVD စက်နဲ့ကြည့်လို့ ရတဲ့ Format လည်းဖြစ်တယ်..
ဖြတ်ဖို့ အတွက် Option ကို ၀င်မယ်..
Start Time မှာ ကိုယ်စကြည့်ချင်တဲ့ နာရီ မိနစ် စက္ကန့် နဲ့ End Time မှာ လည်း အဆုံးသတ်မယ့်
အချိန်ကို ထည့်ပါ..
အခု ကျနော်ရွေးထားတာ ၁မိနစ် ၃၀ စက္ကန့် ကနေ ၂မိနစ် ၃၀စက္ကန့် ကို ရွေးထားတာပါ..
ပြီးရင် ok နောက်တဆင့်မှာလည်း ok ပြီးရင် Start ပေါ့..
သူဘယ်နေရာရောက်လဲသိရအောင် Option ကနေ ကြည့်လို့ရတယ်..
E : Drive မှာရှိမယ်..
အဆင်ပြေမယ် ထင်ပါတယ်..
မရှင်းတာရှိရင် ထက်မေးပါ..ကျနော်နားလည်သလောက်ရှင်းပြပါ့မယ်..

အောက်က video ဖိုင်လေးကြည့်ရင် ရှင်းသွားမှာပါ..




 
Reactions:

0 comments:

Post a Comment