Tuesday, June 3, 2014

ကျနော့် ဘလော့လေး နှင့် Domain Name

ကျနော့် ဘလော့လေး နှင့် Domain Name 

ကျနော့် blog လေးကို အခုဆိုရင် http://www.channyein.org ကနေ ၀င်လို့ ရသွားပါပြီ..
ကျနော့် Blog ကို  Domain Name  ၀ယ်လိုက်တဲ့ကိစ္စနဲ့
ပတ်သတ်ပြီး ကျေးဇူးတင်ထိုက်တဲ့ သူငယ်ချင်းတွေအားလုံးကို
ဒီနေရာကနေ မှတ်တမ်းတင်ရင်း  ဗဟုသုတ အဖြစ် Domain Name ဆိုတာ ဘာလဲ
.com
.net
.org
.biz
.info
.in
ဆိုတဲ့ www.  .????
များပြားလှတဲ့ Domain Name တွေထဲက ကျနော်သိသလောက် တချို့ကို
ပြောပြပါ့မယ်..
Domain Name ဆိုသည်မှာ အများ သိပြီးဖြစ်သည့် အတိုင်း အင်တာနက် စာမျက်နှာ (သို့မဟုတ်) ဝက်ဆိုဒ်၏ လိပ်စာဖြစ်သည်။

 
အင်တာနက် စာမျက်နှာ (သို့မဟုတ်) ဝက်ဆိုဒ်၏ လိပ်စာကို ရွေးချယ်ရာမှာ အင်တာနက် စာမျက်နှာ (သို့မဟုတ်) ဝက်ဆိုဒ် တည်ထောင်ခြင်းတွင် အလွန်အရေး အကြီးဆုံးသော ကိစ္စတစ်ရပ်ဖြစ်သည်။ ဒိုမိန်း အမည်က FB  အမည်လို ပြောင်းချင်တိုင်း ပြောင်းလို့မရပါ..
 
အရင်ဆုံး ဒိုမိန်း အမည်ကို မရွေးချယ်မှီ ဒိုမိန်း အမည် နောက်ဆက်တွဲ စာလုံးကို ဦးစွာ စဉ်းစားရပါမည်။ထို နောက်ဆက်တွဲ စာလုံးကို အင်္ဂလိပ်လို အတိုကောက် TLD ဟုခေါ်ပါတယ်။ အဓိပ္ပါယ်မှာ Top Level Domain ဖြစ်သည်။

နောက်ဆက်တွဲ စာလုံးသည် မိမိ၏ ဝက်ဘ်ဆိုဒ် အမျိုးအစားကို ကိုယ်စားပြုသည့် သင်္ကေတ ဖြစ်တယ်.. ။အင်တာနက်ကြည့်သူ အများစုမှာထိုနောက်ဆက်တွဲ ကိုယ်စားပြုသင်္ကေတ ဒိုမိန်း စာလုံးကို ကြည့်ခြင်းဖြင့်ထိုဝက်ဘ်ဆိုဒ်သည် မည်သည့် အမျိုးအစား ဝက်ဘ်ဆိုဒ်ဖြစ်သည်ကို ကြည့်၍ရွေးချယ်လေ့ရှိသည်။

ဒိုမိန်း အမည် နောက်ဆက်တွဲ စာလုံး TLD တွင် ၂ မျိုး၂ စားရှိသည်။ ပထမ အမျိုးအစားမှာ gTLD ဟု ခေါ်ပြီး အရှည်မှာ Generic Top-Level Domain ဖြစ်သည်။ အချို့က Global TLD ဟုလည်းခေါ်သည်။ ထို အမျိုးအစားမှာ တကမ္ဘာလုံးနှင့် ဆိုင်သော ဝက်ဆိုဒ်အမျိုးအစား ဟု အကြမ်းဖျဉ်းသတ်မှတ်ခြင်း ဖြစ်သည်။

gTLD
အမျိုးအစား ဒိုမိန်းအများစုသည် လွတ်လပ်စွာမှတ်ပုံတင်နိုင်သောလည်း အချို့မှာ ကန့်သတ်ချက်များ သတ်မှတ်ထားခြင်း ရှိသည်။ ထိုကြောင့် gTLD ဒိုမိန်း များကို မှတ်ပုံတင်နိုင် သော်လည်း နောင်တွင် ကန့်သတ်ချက်နှင့် မညီသည့် ဝက်ဘ်ဆိုဒ်များ ဖြစ်ပါက မိမိ ဒိုမိန်း အမည် လက်လွတ်ဆုံးရှုံး နိုင်သည်။

gTLD
အမျိုးအစားပါ ဒိုမိန်း များကို အောက်ပါအတိုင်းအမျိုးအစား အကန့်အသတ်များ ထားရှိသည်။

.com
ဒိုမိန်းများမှာ commercial အတိုကောက်ဖြစ်ပြီး၊ တစ်ဦးခြင်းသော်လည်းကောင်း၊ စီးပွားရေး အဖွဲ့အစည်းများသော် လည်းကောင်း မှတ်ပုံတင်နိုင်ပြီး၊ စီးပွားရေး လုပ်ငန်းဝက်ဘ်ဆိုဒ် အမျိုးအစားကို ရည်ညွန်းသည်။

.biz
ဒိုမိန်းများသည် .com ဒိုမိန်းအမည်ဖြင့် လူပုဂ္ဂိုလ်များ၊ တစ်သီးပုဂ္ဂလ အဖွဲ့များ နှင့် အခြား စီးပွားရေး နှင့် သိပ်မပတ်သက်သော ဝက်ဘ်ဆိုဒ် အများတို့ကိုအသုံးပြုလာသည့် နောက်ပိုင်းတွင်၊ စီးပွားရေး အဖွဲ့အစည်းများ အတွက် သီးခြား အသုံးပြုရန် ပေါ်ထွက်လာခြင်းဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်း နှင့် ပတ်သက်သော ဝက်ဘ်ဆိုဒ်များအတွက်သာ ကန့်သတ်ထားသည်။

.net
ဒိုမိန်းများသည် network အတိုကောက်ဖြစ်ပြီး၊ မည်သူမဆို မှတ်ပုံတင်နိုင်သော်လည်း နည်းပညာဆိုင်ရာ ဝက်ဘ်ဆိုဒ်များကို ကိုယ်စားပြု ရည်ညွန်းခြင်းဖြစ်သည်။

.org
ဒိုမိန်းများသည် အများပြည်သူ ဆိုင်ရာ လုပ်ငန်းများ၊ အမြတ်အစွန်း မယူသည့် ကုသိုလ်ဖြစ်လုပ်ငန်းများ၊ ဘာသာရေး၊လူမှုရေး နှင့် စေတနာ့ ဝန်ဆောင်လုပ်ငန်းများ စသည် တို့အားရည်ညွန်းသည်။

.info
သည် ပထဦးဆုံး ကန့်သတ်မှု မရှိသည့် ဒိုမိန်း အမျိုးအစားဖြစ်ပြီး၊ information အတိုကောက်ဖြစ်သည်။ မည်သည့် ဝက်ဘ်ဆိုဒ် အမျိုးအစား မဆို အသုံးပြုနိုင်ရန် ဖြစ်သည်။

အခြား gTLD ဒိုမိန်း အမျိုးအစားများလည်း .asia, .name, .mobi စသည်ဖြင့် အသီးသီး ရှိပါသေးသည်။

TLD
၏ ဒုတိယ အမျိုးအစားမှာ ccTLD ခေါ် Country Code Top Level Domain များဖြစ်သည်။

နိုင်ငံ ဒေသနှင့် ပိုင်းခြားသည့် ဒိုမိန်း အမျိုးအစားဖြစ်ပြီး၊ယနေ့ Google ကဲ့သို့ အင်တာနက် ရှာဖွေသည့် စံနစ်တွင် နိုင်ငံ အလိုက် ဝက်ဘ်ဆိုဒ်များကို ရှာဖွေလိုပါက ထိုသို့သော ဒိုမိန်းအမျိုးအစားများကို ရွေးချယ် ဖော်ပြလေ့ရှိသည်။

ကျနော့် ကတော့ အရင်က .com ကိုရွေးခဲ့ပါသေးတယ်..gTLD အမျိုးအစားအရ
ကျနော်က စီးပွားရေးအတွက် ရည်ရွယ်ချက်လည်း မထားတော့ (.org )
 http://www.channyein.org  ကိုပဲ အပြီးသတ်ရွေးချယ်လိုက်ပါတယ်..

 အခုဆိုရင်ကျနော့် ဘလော့ လေးကို http://www.channyein.org
ကနေ ၀င်ရောက်နိုင်ပါတယ်..
 Domain Name နှင့် ပတ်သတ်ပြီး အကူညီပေးခဲ့ကြတဲ့
သူငယ်ချင်းအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်..
ကူညီချင်ပေမယ့် ကူညီခွင့်မရတဲ့
mail. ကနေ ဆက်သွယ်လာခဲ့ကြတဲ့ သူငယ်ချင်းတွေကြောင့်စိတ်ဓါတ် ခွန်အားတွေ ဖြစ်ထွန်းစေပါတယ်..
အထူးသဖြင့် ( မပ ) ( နွေဦး) နှင့် လိုအပ်တဲ့ ငွေကြေးက အစ အကူညီပေးခဲ့တဲ့ ညီလေး ( ဇော်မင်းသန်း )
Domain နှင့်ပတ်သတ်ပြီး အစအဆုံး အကူညီပေးခဲ့တဲ့..
ညီလေး ( နေဇော်လင်း )Free Online Radio Media (Malaysia)
တို့ အား အထူးပင် ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် အပ်ပါသည်..





Reactions:

0 comments:

Post a Comment