Saturday, June 28, 2014

ရိုမန်ဘော့ ကမ္ဘာ ( pdf )


ရိုမန်ဘော့ ကမ္ဘာ ( pdf )

ကျနော်ကတော့ ဘယ်လိုမှ လက်ခံလို့မရတဲ့ အနုပညာပါလို့ သတ်မှတ်လို့ မရတဲ့
ကွန်ဆာဗေးတစ် ကိုဖေ၀န်ပြီး သူကိုယ်တိုင်က 
ကွန်ဆာဗေးတစ်ထက် ဆိုးတဲ့ ခေတ်ဟောင်း ခေတ်ဆွေးက
အတွေးအခေါ်တွေ အယူအဆတွေ အဆိုအမိန့်တွေ စာအုပ်ထဲက
စကားလုံးတွေကို ရွတ်ပြနေတဲ့  လစ်ဘရယ်ကြောင်
တယောက်ရဲ့  စာပေလွတ်လပ်ခွင့်ကို အဆိပ်ခတ်ပြီး
စာပေစီစစ်ရေးကို လိုအပ်ကြောင်း နှပ်ကြောင်းပေးတဲ့ စာအုပ်..ဒါမှ မဟုတ်
လူငယ်တွေကို ပစ်မှတ်ထားပြီး အပြာစာပေကို လိုင်းသွင်းပြီး
ငွေလမ်းကြောင်း ဖောက်ဖို့ ထုတ်ဝေသူတွေအတွက် 
ဗုံခွဲပေးတဲ့ စာပေသစ္စာဖောက်အဖြစ်ပဲ သတ်မှတ်ပါတယ်..
အဆိပ်စွမ်းမစွမ်း ကိုယ်တိုင်သောက်ပြီး စမ်းကြည့်ဖို့
မလိုပေမယ့် ၈ ထောင် ၁ သောင်း ပေးပြီး ၀ယ်ဖတ်မယ့်
စူးစမ်းချင်စိတ် တတ်ကြွနေတဲ့ သူငယ်ချင်းတွေအတွက်..
တင်ပေးလိုက်တာပါ..
အယူအဆ အားဖြင့်တော့ (((ရိုမန်ဘော့ ကမ္ဘာမှာ မိန်းမ ဆိုတာ ယောက်ကျားတွေရဲ့
စိတ်အာသာဖြေရာ လိင်ဖျော်ခံသက်သက် ထက်မပိုဘူး..
ဒီတော့ မိန်းမ ဆိုတာ ဒါလုပ်ဖို့သက်သက်ပဲ
ဘာများရှက်စရာ ရှိလို့လဲ...)))
ဆိုတာ လူပီသသူတိုင်း လက်ခံလို့ မရတဲ့
လူသားမဆန်မှု လို့ပြောပါရစေ..
အိပ် ၊ စား ၊ ကာမ မှာ လူနဲ့ တရိစ္ဆာန် တို့ရဲ့ ကွာဟ ချက်ဟာ
အသိဥာဏ်ပဲ..ရိုမန်ဘော့ ကမ္ဘာမှာတော့ လူနဲ့ တရိစ္ဆာန် တန်းတူဖြစ်ချင်တာမျိုးပဲ..
စာပေအတတ်ပညာပိုင်းမှာလည်း
အပြာခန်းတွေ တန်ဆာဆင်လို့သာ လူသိများခဲ့ရတာ
စာအုပ်ထဲက စကားလုံးတွေ ရွတ်ပြနေမှုဟာ ဆန်းသစ်တဲ့ပုံစံမဟုတ်သလို
စကားပြေကိုတောင် ချောအောင် မရေးတတ်တဲ့ 
အွန်လိုင်းက ဒေါက်တာဘာညာကွိကွ တွေထက်ပင်သာလွန်တဲ့အဆင့်မဟုတ်..
စာပေလွတ်လပ်ခွင့်အတွက် အဆိပ်စွမ်းမစွမ်း 
အောက်က Download ကနေ မြည်းစမ်းနိုင်ပါတယ်... 



http://www.mediafire.com/view/1wpy9xa4era141m/www.channyein.org_aung_yin_nyein-Romanbots_world.pdf

 

Reactions:

2 comments:

  1. အစ်ကို ဒီနေ့ ၂ ပိုင်းတင် ပေးစေချင် တယ်ဗျာ(ဖြစ်နိုင် မယ်ဆိုရင်ပေါ့)

    ReplyDelete
  2. ထပ်​တင်​​ပေးပါဗျာ ​ဆေးဆွဲသလိုဆွဲ​နေပြ

    ReplyDelete