Friday, November 28, 2014

Maleficent (2014) မြန်မာစာတန်းထိုး


 Maleficent (2014) မြန်မာစာတန်းထိုး

ဒီဇာတ်ကားကို ၂ ကြိမ်လောက်တင်ပေးဖူးပါတယ်..
ထက်မံတောင်းဆိုကြတဲ့ Angelina Jolie ရဲ့ ပရိတ်သတ်တွေအတွက်
အခုမြန်မာစာတန်းထိုး နဲ့ pCloud ကနေ ထက်တင်ပေးလိုက်ပါတယ်...
Maleficent ဆိုတဲ့ Faerie (နတ်သမီးလို့ပဲ ဘာသာပြန်ရမယ်ထင်ပါတယ်) တစ်ယောက်က လူငယ်သဘာဝ၊ Stefan ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ချစ်ကြိုက်ကြပါတယ်။
 Maleficent က Faerie တစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့ တိုင်းပြည်က နတ်သမီးတွေ၊ တန်ခိုးရှင်တွေ နေတဲ့ နေရာဖြစ်ပြီး၊ တစ်ဖက်မှာက သာမန်လူတွေ နေတဲ့ တိုင်းပြည်ရှိပါတယ်။
 Stefan က သာမာန် လူသားတစ်ယောက်ဖြစ်တာနဲ့ အညီ သူမှာလည်း ရည်မှန်းချက်တစ်ခုရှိပါတယ်။ Stefan ရဲ့ ရည်မှန်းချက်ကတော့ ဘုရင်ဖြစ်ဖို့ ဖြစ်ပြီး တစ်ရက်မှာ Magical Country (Moor) နဲ့ စစ်ဖြစ်ကြရာက လူတွေဘက်က စစ်ရှုံးသွားခဲ့ပါတယ်။ 
Maleficent က လူတွေဘက်က ဘုရင်ကို အနိုင်တိုက်ပြီးတဲ့နောက်မှာတော့ အဲ့ဒီမှာ ဘုရင်ကြီးက Maleficent ကို အသေသတ်ပေးရင် သူ့နေရာကို အိမ်ရှေ့မင်းသားအရာပေးမယ်လို့
 ကြေငြာလိုက်တော့ Stefan က Maleficent ဆီကို အယောင်ဆောင်သွားပြီး သတ်ဖို့ကြိုးစားပါတယ်။ ဒါပေမယ့် မသတ်ရက်ပဲ သူမရဲ့ အတောင်ပံကိုပဲ ဖြတ်ယူခဲ့ပြီး ဘုရင်ကြီးကို သတ်ပြီးပြီလို့ ပြောခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Stefan ကဘုရင်ဖြစ်လာပြီး သူ့သမီးလေးမွေးနေ့ပွဲလုပ်နေရာမှာ Maleficent က ၀င်လာပြီး ကျိန်စာတိုက်ခဲ့ပါတယ်။ အဲဒီ ကျိန်စာကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်..
နောက်ဘာတွေဖြစ်တယ်ဆိုကို ကိုယ်တိုင်ကြည့်ပြီး ခံစားကြည့် လိုက်ပါ..
အညွန်းကို http://hollywoodmovies မှ ကိုးကားပါတယ်..
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ ဘယ်လိုဒေါင်းယူရတယ်ဆိုတာ 
သိပြီးဖြစ်ကြမှာမို့ မရေးတော့ပါဘူး...
ဖိုင်ဆိုဒ် အကြီးအသေး ၂ မျိုးနဲ့ တင်ပေးလိုက်ပါတယ်..
ကိုယ်ကွန်နရှင်ကို ကိုယ်သိရင် ကြိုက်တာနဲ့သာမိုက်ကြဗျို့..



Download 890 MB
http://pc.cd/UXd



Download 361 MB
 http://pc.cd/13m 








Reactions:

1 comments:

  1. မအားတဲ့အချိန်​ထဲကအခုလို​စေတနာနဲ့ဇာတ်​ကား​တွေတင်​​ပေး​နေတာ ​ကျေးဇူးအရမ်းပဲတင်​ပါတယ်​။အရာအားလုံး​အောင်​မြင်​အဆင်​​ပြေပါ​စေ​နော်​။

    ReplyDelete