Sunday, November 2, 2014

Mandela: Long Walk to Freedom (2013) မြန်မာစာတန်းထိုး


Mandela: Long Walk to Freedom (2013) မြန်မာစာတန်းထိုး

ပြီးခဲ့တဲ့ နှစ်က ကွယ်လွန်သွားခဲ့တဲ့..ကမ္ဘာငြိမ်းချမ်းရေးမီးရှုတန်ဆောင်
တောင်အာဖရိကခေါင်းဆောင် ကမ္ဘာငြိမ်းချမ်းရေး နိုဘယ်ဆုရှင် 
Nelson Mandela ( ၁၉၁၈ - ၂၀၁၃ ) ရဲ့
 သူ့ဘ၀ နဲ့ သူရဲ့ တော်လှန်ရေးအတွင်းက တစိတ်တဒေသ ကို..
ရိုက်ကူးထားတဲ့ Biography | Drama | History အမျိုးအစား ဇာတ်ကားပါ..
သူဟာ ၂၀ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစု အစအဦးမှာ လူတိုင်းလေးစားကြည်ညိုကြတဲ့
မဟာလူသား တဦးဖြစ်သလို လွတ်လပ်မှု တရားမျှတမှု တန်းတူညီမျှ ကို
လူသားဆန်ဆန် တိုက်ပွဲဝင်သွားခဲ့တဲ့ သူရဲကောင်းဖြစ်သလို..
ကျနော်အင်မတန်မှ လေးစားကြည့်ညိုရတဲ့ နိုင်ငံရေးခေါင်းဆောင်တယောက်ပါ..
ဒီဇာတ်ကားမှာတော့ သူ့ဘ၀ရဲ့ တစိတ်တဒေသကို ဖွင့်ပြထားပါတယ်..
အခုဒီဇာတ်ကားကို မြန်မာစာတန်းထိုးနဲ့ pCloud ကနေတင်ပေးလိုက်ပါတယ်..

 ကျနော်ဒီနေရာကနေ မေတ္တာရပ်ခံချင်တာကတော့
ကျနော်တင်သမျှ ဘာမဆို လွတ်လပ်စွာ ကူးယူနိုင်ပါတယ်..credit မပေးလဲရပါတယ်..
ဒါပေမယ့် ကျနော်တောင် အပင်ပန်းခံပြီး ဘာ adfly မှ မခံပဲ အလွယ်တကူကြည့်နိုင်အောင်
တင်ပေးနေတဲ့ ရုပ်ရှင်တွေကို တဆင့်ပြန် ရှယ်တဲ့ သူတွေအနေနဲ့
adfly တွေခံပြီး တင်နေကြတာ တွေ့ရကြောင်း မိတ်ဆွေတချို့ကအသိပေးလာပါတယ်..
ဒါကိုတော့ ကျနော်ကန့်ကွက်ပါရစေ မသိရင် ကျနော်ကပဲ ပိုက်ဆံရနေသလိုလို ဖြစ်နေပါတယ်
ကိုယ်တိုင်တင်တဲ့ ပို့စ်ဆိုရင် adfly ၁၀ ဆင့်ပဲခံခံ ကျနော်ပြောစရာ မရှိပါဘူး..
နောက်တခုကတော့ ကျနော်တင်သမျှ မြန်မာစာတန်းထိုး ရုပ်ရှင်တွေရဲ့
srt ကို ဘယ်နေရာကနေ ယူတယ်ဆိုတာ အောက်မှာ
srt by: ဆိုပြီး ကျနော်ယူတဲ့ လင့်ကို ဖော်ပြထားတယ်ဆိုတာပါပဲ..

နည်းနည်းတော့ ရှည်သွားပလားမသိ...
Mandela: Long Walk to Freedom (2013) မြန်မာစာတန်းထိုး ကို
အောက်မှာကြည့်ရှုဒေါင်းယူနိုင်ပါတယ်...
 pCloud ကပဲတင်ပေးလိုက်ပါတယ်..
ဖုန်းသမားတွေ ဒေါင်းချင်ရင် အောက်က ပုံလေးမှာပြထားပါတယ်...


အဲဒီ မြှားထားတဲ့ နေရာကို နှိပ်ရင်..အောက်က ပုံအတိုင်းကျလာပါမယ်..
အဲဒီမှာ ကိုယ်ကြိုက်တာရွေးပြီး ကြည့်မယ်ဒေါင်းမယ်ပေါ့...
.အောက်က လင့်ကို ကလစ်ပြီးကြည့်ရှုဒေါင်းယူနိုင်ပါတယ်.
ကွန်ပျူတာသမားတွေကတော့ အထွေအထူးရှင်းပြစရာ မလိုဘူးထင်ပါတယ်..
အလွယ်ကူဆုံး ဒေါင်းချင်ရင်တော့ စက်ထဲ IDM ထည့်ထားပေါ့..

Reactions:

1 comments:

  1. ​ကျေးဇူးပါ အကို အား​ပေး​နေမယ်

    ReplyDelete