Sunday, February 22, 2015

Red Planet (2000) မြန်မာစာတန်းထိုး



  Red Planet (2000) မြန်မာစာတန်းထိုး

 Action | Sci-Fi | Thriller အမျိုးအစားဇာတ်ကားလေးပါ..
ဒီရက်အတော့အတွင်း ကျနော်အတွက် သိပ်ပြီးစိတ်ထိခိုက်စေရတဲ့ အကြောင်းကတော့...
ကျနော့် ရဲ့ www.channyein.org ဆိုဒ်လေး ပျက်သွားရတာပါပဲ...
လူတချို့ကတော့ ဒီဆိုဒ်လေး ပျက်သွားယုံနဲ့
ချမ်းငြိမ်း-မှော်ဝန်း ဆိုတာ ပျောက်ကွယ်သွားမယ်
ထင်ပုံမျိုးပါပဲ..ဒီအတွက် ပုံစံအမျိုးမျိုးနဲ့ တိုက်ခိုက်ရာကနေ
နောက်ဆုံး www.channyein.org ဆိုဒ်လေးကို
အပြီးတိုင် ချုပ်ငြိမ်းအောင် အားထုတ်တိုက်ခိုက်ပြီး
အောင်ပွဲခံနိုင်ကြမယ် ထင်နေပုံပါပဲ...
ရုပ်ရှင်တင်ပြီး စီးပွားရှာချင်တဲ့ သူတွေအနေနဲ့
ကျနော်လို လေ့ကျက်မိသမျှ မျှဝေ ယုံ အပေးသက်သက်
သမားတွေဟာ သူတို့ အတွက် ရန်သူတော်ကြီးတွေဖြစ်လာခဲ့ရတယ်...
ဒီအတွက် ကျနော့်ရဲ့ www.channyein.org ဆိုတဲ့
ဆိုဒ်လေးတော့ အချိန်မတိုင်ခင် ကြွေခဲ့ရပါတယ်...
18+ ဆိုတွေလောက်တောင် သက်ဇိုးမရှည်ခဲ့ပါဘူး..
ဒါပေမယ့်..သူတို့မသိခဲ့တာကတော့ အရင်ကတည်းက
ပြောဖူးသလို ချမ်းငြိမ်း-မှော်ဝန်း ဆိုတဲ့ အမည်ကလွဲရင်
ကျနော်ဘာမှ မပိုင်ဘူး ကျနော်မပိုင်တာတွေ ကျနော်လက်လွှတ်လိုက်ရယုံနဲ့
 ကျနော် ဘာမှ မကျဆုံးဘူးဆိုတာပါပဲ..
ချမ်းငြိမ်း-မှော်ဝန်း ရှင်သန်နေတုန်းပါ ..
ညီလေး နေဇော်လင်း( မလေးရှား အွန်လိုင်းမီဒီယာ) ရဲ့ အကူအညီနဲ့
 http://movie.channyein.org/ ကနေ အရင်အတိုင်း
 လေ့ကျက်မိသမျှကို ပြန်လည် မျှဝေနေဦးမှာပါ...
ဒါပေမယ့် ကျနော့်ကြောင့် ညီလေး ဇော်မင်းသန်း( www.zawminthan.com) ဆိုဒ်လေးပါ အဖျက်ခံလိုက်ရပါတယ်..ဒီအတွက် နည်းပညာဆိုဒ်တခု အဖျက်ခံလိုက်ရတာကို 
ကျနော်ဆိုဒ် အဖျက်ခံရတာထက် ထိခိုက်ခံစားရပါတယ်...
ဒါပေမယ့်...သူလည်း မကြာခင် ပြန်ရုန်းထလာအုန်းမှာပါပဲ...
လေကြောရှည်သွားရတာ တောင်းပန်ပါတယ်...

ဒီည Red Planet (2000) ကို မြန်မာစာတန်းထိုး နဲ့တင်ပေးလိုက်ပါတယ်...
ပုံမှန်အတိုင်း..vidzi ကနေ ရော pCloud ကနေပါ ၂ နေရာတင်ပေးလိုက်ပါတယ်.. 
pCloud ကနေဖိုင်ဆိုဒ် အကြီးအသေး ၂ မျိုးနဲ့ တင်ပေးလိုက်ပါတယ်
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ..
 
ကျေးဇူးတင်ပါတယ်
 ချမ်းငြိမ်း-မှော်ဝန်း
  http://movie.channyein.org/

  vidzi ကနေ တိုက်ရိုက်ကြည့်ချင်ရင်တော ဒီလင့်ကနေ သွားကြည့်နိုင်သလို အောက်မှာလည်းတိုက်ရိုက်ကြည့်နိုင်ပါတယ်..



 

str by: Lotus Black

Reactions:

0 comments:

Post a Comment