Monday, February 23, 2015

The Warrior's Way (2010) မြန်မာစာတန်းထိုး

 
The Warrior's Way (2010) မြန်မာစာတန်းထိုး

 ဒီဇာတ်ကားကတော့ Action | Fantasy | Western အမျိုးအစား အဟောင်းတွေ ထဲက ဇာတ်ကား အကောင်းလေးပါ.. Warrior (စစ်သည်တော်) အဖြစ်အစွမ်းကုန်လေ့ကျင့်ပေးခံထားရတဲ့ Jang Dong-gun (့ မြန်မာနိုင်ငံမှာ ဒါရိုက်တာရင် လို့ လူသိများတဲ့ ကိုရီးယားမင်းသား Jang Dong-gun) ဟာအလွမ်းပုလွေဆရာများအဖွဲ့ ရဲ့ အကောင်းဆုံးဓါးသမားတစ်ယောက်ဖြစ်တယ်..။ သူ့ ဘ၀မှာအပြီးမြောက်ချင်ဆုံး ဆန္ဒတစ်ခုဖြစ်တဲ့ သမိုင်းတစ်လျှောက် အတော်ဆုံးဓါးသမားကို အနိုင်ယူတိုက်ခိုက်နိုင်ဖို့ ဆိုတဲ့ဆန္ဒလည်း ပြည့်ဝသွားတဲ့နောက်သူ့ ဘ၀ဟာရည်ရွယ်ချက်မရှိတော့သလိုဖြစ်သွားပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ အဲဒီအချိန်မှာပဲ သူ့ ဟာ သူ့ အဖွဲ့ ကချမှတ်ထားတဲ့ သံမဏိစည်းမျဉ်းတစ်ခုကို ချိုးဖောက်မိပါတော့တယ်။ အဲဒီစည်းမျဉ်းက ဘာလဲဆိုတော့ ရန်သူတွေကိုနှိမ်နင်းတဲ့အခါမှာ ကျူပင်ခုတ်ကျူငုတ်မကျန် နှိမ်နင်းဖို့ ပါပဲ။ သူဟာ သူ့ ရန်သူဓါးသမားကို သတ်ပစ်နိုင်ပေမယ့် ရန်သူရဲ့ကလေးကို မသတ်ပစ်ရက်လို့  ကယ်တင်လိုက်ပါတော့တယ်။ ကလေးလေးကို ကယ်တင်ပြီး ဒီမှာဆက်ပြီးနေဖို့ ဘယ်လိုမှမဖြစ်နိုင်တော့မှန်းသိလို့ ဒါရိုက်တာရင် ဟာ သူ့ သူငယ်ချင်းဟောင်းတစ်ယောက်ရှိတဲ့ ဟိုးအဝေးတိုင်းပြည်တစ်ခုကို ကလေးလေးနဲ့ ထွက်သွားပါတော့တယ်။ သူထွက်သွားခဲ့ပေမယ့် သူ့ အဖွဲ့ ထဲမှာတော့ ဒီလုပ်ရက်ကိုဘယ်လိုမှလက်မခံနိုင်ဘူး။ ဒါနဲ့ ပဲ အဖွဲ့ အစည်းဟာ ဒါရိုက်တာရင် ရှိတဲ့ဆီကို အဖွဲ့ ရဲ့အကောင်းဆုံးဓါးသမားတွေ လွှတ်ပြီး ကလေးကိုသတ်ဖြတ်ဖို့ ကြိုးစားကြပါတော့တယ်။ ကလေးကိုသံယောဇဉ် တွယ်မိသွားတဲ့ ဒါရိုက်တာရင်ကလည်း ကာကွယ်ဖို့ ကြိုးစားရင်း ......... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ကြပါ။ အရင်က ဒီ ဇာတ်ကားကို မြန်မာစာတန်းထိုးနဲ့ပဲ firedrive ကနေတင်ပေးဖူးပါတယ် မကြည့်ရသေးတဲ့ သူငယ်ချင်းတွေအတွက် pCloud ကနေထက်တင်ပေးလိုက်ပါတယ်..
 ဖုန်းသမားတွေ အဆင်ပြေအောင်ဖိုင်ဆိုဒ်အကြီး အသေး ၂ မျိုးနဲ့ တင်ပေးထားပါတယ်..
 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့ ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 






 ကျေးဇူးတင်ပါတယ် 







 အညွန်းနဲ့ subtitles ကိုတော့ ကိုတင်အောင်ဖြိုး ရဲ့ 
 မြန်မာစာတန်းထိုး နိုင်ငံခြားဇာတ်လမ်းများ pages ကနေ ယူပါတယ်..
Reactions:

0 comments:

Post a Comment