Tuesday, March 31, 2015

Legend of the Fist: The Return of Chen Zhen (2010) မြန်မာစာတန်းထိုး



 Legend of the Fist: The Return of Chen Zhen (2010) မြန်မာစာတန်းထိုး

ဒီဇာတ်ကားကတော့ IPMan ဇာတ်ကားတွေနဲ့ ကမ္ဘာကျော်ခဲ့တဲ့
Donnie Yen ရဲ့ နာမည်ကြီး ဇာတ်ကားပါ..
ကျနော်ကိုယ်တိုင် ကြိုက်လွန်းလို့ မြန်မာဘာသာပြန်ပြီးတင်ပေးလိုက်ပါတယ်
ဒီဇာတ်ကားဟာ ၁၉၇၀ ကနေ ဒီနေ့ အထိ ရှုဒေါင့်အမျိုးနဲ့
Bruce Li ကနေ  Jet Li  ကနေ Donnie Yen အထိ
အကြိမ်များစွာ ထွက်ခဲ့တဲ့ ဇာတ်လမ်းပါ..
 Action | Drama | History အမျိုးအစားဖြစ် ကျနော်အရမ်းနှစ်သက်တဲ့
ဇာတ်ကားဆိုရင် လည်းမမှားပါဘူး..
ဇာတ်လမ်းအစမှာ ဥရောပ စစ်မျက်နှာနဲ့ ပျိုးထားပြီး..
တရုပ်ပြည်ကို ဂျပန်တွေ ကျူးကျော်စဉ်က
မတရားမှုတွေကို လက်တုန့်ပြန်ပြီး ဂျပန်တွေကို
တရုတ်ပြည်ဟာ အာရှလူမမာ မဟုတ်ဘူးဆိုတာပြချင်တဲ့
မျက်နှာဖုံး အနက်တတ်ထားတဲ့ Hero တယောက်နဲ့
သူ့ရဲ့  အချစ်နဲ့ စစ်..တော်လှန်ရေး...
YouTube မှာတင်ကြည့်ပါသေးတယ် ..မရလို့ pCloud ကနေပဲ တင်ပေးလိုက်ပါတယ်
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
ဖိုင်ဆိုဒ်အကြီးအသေး ၂ မျိုးတင်ပေးလိုက်ပါတယ်
အဆင်ပြေတာနဲ့ ကြည့်ရှုဒေါင်းယူနိုင်ပါတယ်..



Download 1.1 GB

http://pc.cd/c3t




Download 430 MB 
http://pc.cd/83t





ကျေးဇူးတင်ပါတယ်
ချမ်းငြိမ်း-မှော်ဝန်း
http://movie.channyein.org/




TMunifi ရဲ့ wireless passw၀rd ပြောင်းနည်း


ကွန်ပျူတာကို router ကနေ cables နဲ့ ချိပ်လိုက်ပါ။ ပြီးရင်mozilla firefox ကနေ
ပုံမှာပြထားတဲ့အတိုင်း ၀င်လိုက်ပါ..။IP နံပါတ်ကတော့ router ရဲ့ဘူးခွံမှာ ပါပါလိမ့်မယ်။ပြသနာမရှိပါ 192.168.0.1 နဲ့ပဲဝင်ကြည့်ပါ..။


အခုလိုပေါ်လာလိမ့်မယ်..။ပုံမှာပြထားတဲ့ အတိုင်း Username မှာ admin လို့ရိုက်ပြီး login ၀င်လိုက်ပါ..။password ထည့်စရာမလိုပါ..။
   router settings ကိုရောက်သွားပါလိမ့်မယ်။ပုံမှာပြထားတဲ့အတိုင်း wireless settings ကိုရွေးလိုက်ပါ..။ 
ကျလာတဲ့ အထဲက wireless network setpu wizard ကိုဆက်ဝင်လိုက်ပါ။
 ကျလာမဲ့အထဲက အလယ်က Manually assign a network key ရွေးပေးလိုက်ပါ။

အဲဒီမှာပေါ်လာတဲ့ wireless security password နေရာမှာ အရင်အဟောင်းကိုဖြတ်ပြီး ကိုပေးချင်တဲ့ အသစ်နဲ့ အစားထိုးလိုက်ပါ။ ပြီးရင် Next ကိုထက်နှိပ်ပြီး နောက်ဆုံးအဆင့် save လုပ်လိုက်ရင် TMunifi ရဲ့ wireless passw၀rd  ပြောင်းခြင်း ပြီးဆုံးပါပြီ..။ အဆင်မပြေရင် စာရေးထားခဲ့ပါ..။ကျနော်နားလည်သလောက်ရှင်းပြပေးပါ့မယ့်..။

Myanmar Thingyan Songs.Apk


Myanmar Thingyan Songs.Apk

Andro iTech Group ကရေးပြီး google playstore မှာ တင်ထားတဲ့
offline မှာ နားထောင်လို့ ရတဲ့ Myanmar Thingyan Songs.Apk လေးပါ..
ဒီ Apk လေးကို ဖုန်းထဲမှာ install လုပ်ထားယုံနဲ့ အင်တာနက် မရှိပဲ
မြန်မာရိုးရာ သင်္ကြန်သီချင်းတွေကို နားဆင်နိုင်ပါတယ်..
၁ နဲ့ ၂ ဆိုပြီး ၂ မျိုးတင်ထားပါတယ်..
၁ ကတော့ ရိုးရာသံစဉ်နဲ့ ဖြစ်ပြီး ၉၆ မိနစ်စာ ပါဝင်ပြီး
၂ ကတော့ ခေတ်အလိုက် သံစဉ်တွေနဲ့ ၆၇ မိနစ် စာပါဝင်ပါတယ်..
မြန်မာနှစ်သစ်ကူးသင်္ကြန်မှာ ပျော်ရွင်ကြပါစေလို့
ကြိုတင် နုတ်ခွန်းဆက်သလိုက်ပါတယ်...
အောက်မှာ အဆင်ပြေရာကနေ ဒေါင်းယူနိုင်ပါတယ်..

mediafire



googledrive
1Download


Monday, March 30, 2015

Facebook မှာတင်တဲ့ video ဖိုင်တွေကို ဒေါင်းမယ်


Facebook မှာတင်တဲ့ video ဖိုင်တွေကို ဒေါင်းမယ်
အခု ကျနော်ရေးမယ့် အကြောင်းကတော့..
ကျနော့် Pages မှာ အကြိမ် ၁၀၀ ကျော်မကမေးထားကြတဲ့
အကြောင်းရာလေးပါ..
Facebook မှာတင်တဲ့ video ဖိုင်တွေကို ဒေါင်းယူတဲ့နည်းလမ်းလေးပါ..
တော်တော်များများသိပြီး ဖြစ်မှာ ဖြစ်သလို
တော်တော်များများကလည်း မသိသေးတဲ့ အရာလေးပါ..
ဒီတော့ သိပြီးသူများကျော်သွားကြဖို့ အရင်အသိပေးပါရစေ..
ဘယ်ကိစ္စမဆို ဒါများအလွယ်လေးဆိုပြီး ကောက်ချက်ချကြတာများပါတယ်..
မသိသေးသူများကိုလည်း အထင်သေးစိတ်မထားသင့်ပါဘူး..
တခါက လူတယောက်က User တွေပိန်းလို့
ဆိုပြီး ထမင်းရည်ပူလျှာလွှဲ ပြောတာကြားဖူးပါတယ်..
ဒီလိုစိတ်ထားဟာ ကျနော့်အတွက်တော့ အောဂလီဆန်ပါပဲ..
စရအောင် ဖုန်းထဲမှာ နောက်ဆုံးထွက် Facebook Apk ရယ်
Download ဆွဲဖို့အတွက် Android တွေအတွက် ကျနော် အကြိုက်ဆုံး
Advanced Download Manager  ရယ် ..။
ဒေါင်းထားတဲ့ ဘယ်လို media format ကိုမဆို
ရုပ်သံကောင်းကောင်း နဲ့ ကြည့်နိုင်ဖို့ MX Player ရယ် ရှိဖို့လိုပါတယ်..
မရှိသေးရင်တော့ နောက်ဆုံးထွက် Facebook Apk ကို ဒီမှာ ယူပါ..
MX Player ကို ဒီမှာ ယူပါ..
ပြည့်စုံပြီဆိုရင် facebook ကို ဖွင့်မယ်...
video ဖိုင်တင်ထားတာကို ရှာတွေ့ရင် အောက်က (ပုံ။၂) မှာ
ပြထားတဲ့ video ဖိုင်တင်ထားတဲ့ ပို့စ်ရဲ့ ညာဘက်အပါ် ထောင့်လေးကို နှိပ်လိုက်ပါ..
ကျနော်ကတော့ Seventh Son (2014) မြန်မာစာတန်းထိုး တင်ထားတဲ့
ပို့စ်က နမူနာ video ဖိုင်လေးကို ရွေးထားတယ်..။

(ပုံ။၂)


အဲဒါဆိုရင် Save " Seventh Son (2014) မြန်မာစာတန်းထိုး 
View Edit History 
I don't like this post
Turn on notifications ဆိုပြီး ပေါ်လာပါလိမ့်မယ်..
အောက်က (ပုံ။၃) ကိုကြည့်ပါ..
အဲဒီမှာ Save " Seventh Son (2014) မြန်မာစာတန်းထိုး ကိုရွေးလိုက်ပါ..

(ပုံ။၃)

ပြီးရင် ကိုယ့်ရဲ့ Profile ကို ၀င်လိုက်ပါ..
အဲဒီ View your Profile အောက်က (ပုံ။၎) မှာ မြှားပြထားတဲ့
Seved ကို နှိပ်လိုက်ပါ..

(ပုံ။၎)
အောက်က (ပုံ။၅)ကို ဆက်ကြည့်ပါ..

(ပုံ။၅) 
အခုန save ထားတဲ့ video ကို တွေ့ပါပါပြီ..
အဲဒီပေါ်ကို နှိပ်လိုက်ပါ..
အောက်က (ပုံ။၆) မှာပြထားတဲ့ အတိုင်း ကြိုက်ရာနဲ့ ရွေးယူကြည့်ရှုဒေါင်းယူနိုင်ပါတယ်..

(ပုံ။၆)

 ဒီနေရာမှာ သတိပြု စရာရှိတာက  
တခုခုကို ရွေးပြီး Always ကိုနှိပ်လိုက်မယ်ဆိုရင်တော့..
နောက်အကြိမ်တွေကြရင် ဘာမှ ရွေးချယ်ခွင့်ပေးတော့မှာ မဟုတ်ပါဘူး။
ဒီတော့ ဘာကိုပဲရွေးရွေး Just once နဲ့ပဲ သွားပါ..
အဲဒီမှာ ဒေါင်းမယ်ဆိုရင် ADM ပေါ့...
ကြည့်မယ်ဆိုရင်တော့ MX Player ပေါ့..
ကျနော်က ADM နဲ့ ရွေးပြီး ဒေါင်းလိုက်တယ်..
အောက်က (ပုံ။၇) ကိုကြည့်ပါ..

(ပုံ။၇)
 ကျလာတဲ့ windows မှာ မြှားပြထားတဲ့ start ကိုရွေးလိုက်ပါ..
လိုင်းပေါ် မူတည်ပြီး အနှေးအမြန်ကွာမှာပေါ့..
ကျနော်ကတော့ ပြီးသွားပါပြီး..

(ပုံ။၈)
ပြီးသွားရင် ဘယ်မှာရှာမလဲ..
Android တွေကတော့ လွယ်ပါတယ်..
Gallery ထဲမှာပဲ သွားကြည့်ရအောင်..
တွေ့ပါပြီ...ADM ဆိုတဲ့ နာမည်နဲ့ပါ..

(ပုံ။၉)

အဲလိုဆိုရင် အဆင်ပြေမယ် ထင်ပါတယ်..
FB မှာဘယ်သူတင်ထားတာပဲ ဖြစ်ဖြစ် အဲဒီနည်းလမ်းလေးအတိုင်း
လုပ်ပြီး Facebook က video ဖိုင်တွေကို ဒေါင်းယူ ကြည့်ရှုနိုင်ပါတယ်..

Saturday, March 28, 2015

300 (2006) မြန်မာစာတန်းထိုး


 300 (2006) မြန်မာစာတန်းထိုး

ဒီဇာတ်ကားကတော့ စပါတာဘုရင် Leonidas နဲ့
သူရဲကောင်း ၃၀၀ တို့ကို ရည်ညွန်းတဲ့ ဇာတ်ကားပါ..
ဒီဇာတ်ကားအကြောင်းကိုလည်း Troy ဇာတ်ကားလို
တဖွဲ့တနွဲ့ ရေးချင်ပေမယ့် အချိန်အခက်အခဲကြောင့် 
မရေးနိုင်တော့ပါဘူး..တော်တော်များလည်း သိပြီးဖြစ်ကြမယ့်
ကြည့်ပြီး ဖြစ်ကြမယ့် ဇာတ်ကားလေးပါပဲ..
ကျနော် ပူဆာလွန်းလို့ ကနော်ညီ Aye Chan ကအိပ်ရေးပျက်ခံပြီး
ရေးပေးလို့ မြန်မာစာတန်းထိုးနဲ့ တင်ပေးလိုက်ပါတယ်..
သိပ်ကောင်းပါတယ် ဘယ်အချိန်ကြည့်ကြည့် မရိုးနိုင်တဲ့
ဇာတ်ကားတွေထဲမှာဒီကားကို ချန်ထားလို့ မရစကောင်းပါ..
သူ့အဆက်ဖြစ်တဲ့ 300: Rise of an Empire (2014)ကိုလည်း
တင်ပေးပြီးပါပြီ..မကြည့်ရသေးရင် ဒီမှာ ကြည့်ပါ..
ပုံမှန်အတိုင်းပဲ pCloud ကနေ ဖိုင်ဆိုဒ်အသေး
 အကြီးနှစ်မျိုးနဲ့ တင်ပေးလိုက်ပါတယ်..
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
  ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ







Thursday, March 26, 2015

Mythica: A Quest for Heroes (2015)


  Mythica: A Quest for Heroes (2015)

 Action, Adventure, Fantasy အမျိုးအစားဇာတ်ကားသစ်လေးပါ..
ဇာတ်ကားသစ်တွေ တင်ပေးပါဦး...
စာတန်းမထိုးလည်း ရပါတယ် ပြောကြလို့..
မှော်ကားသစ်လေးတင်ပေးလိုက်ပါတယ်..
pCloud ကနေ တင်ပေးလိုက်ပါတယ်...
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့




ငါတို့သည်...


ငါတို့သည်...

ဒီဇာတ်လမ်းကတော့ တပ်မတော် ဂုဏ်ပြုဇာတ်လမ်းလေးပါ..
ဒီဇာတ်လမ်းကို မူရင်းတင်ပေးသူကတော့ Mĝ Ñŷêiň  ဖြစ်ပါတယ်...
တောင်းဆိုကြတဲ့သူ တွေရှိနေလို့..
 Mĝ Ñŷêiň ကိုခွင့်တောင်းပြီး ပြန်လည်မျှဝေလိုက်ပါတယ်..
Full HD အရည်အသွေးနဲ့ ၁၀ ပိုင်း ပိုင်းပြီး တင်ပေးထားပါတယ်..
ဇာတ်လမ်းရဲ့ Cover photo ကို ရှာမရလို့ တပ်မတော်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံကို ရွေးပြီး
 တင်ပေးလိုက်တာ နားလည်ပေးစေချင်ပါတယ်..
ဒီဇာတ်လမ်းအတွက် ကျေးဇူးတင်မယ်ဆိုရင်
 မူရင်း Upload တင်ပေးတဲ့ Mĝ Ñŷêiň ကိုပဲ ကျေးဇူးတင်ရမှာပါ..
အောက်က Download ကိုကလစ်ပြီး ကြည့်ရှုဒေါင်းယူနိုင်ပါတယ်..




Tuesday, March 24, 2015

Outcast (2014) မြန်မာစာတန်းထိုး



Outcast (2014) မြန်မာစာတန်းထိုး

မင်းသားကြီး Nicolas Cage နဲ့
ကျနော်တို့မြန်မာပရိတ်သတ်တွေရဲ့
အချစ်တော် မင်းသမီး Liu Yifei ( ဂူးဂူး) တို့ရဲ့ Action ဇာတ်ကားသစ်ပါ..
အရင်ကမြန်မာစာတန်းမထိုးပဲတင်ပေးခဲ့ဖူးပါတယ်
အခု  မြန်မာစာတန်းထိုးနဲ့ကြည့်ရအောင်လို့
တင်ပေးလိုက်ပါတယ် 
DVD ကနေပြီး စာဖိုင်ထုတ်ပြီးတင်တာမဟုတ်ပါဘူး
ရုပ်သံအကြည်နဲ့ တင်ပေးလိုက်တာပါ.
pCloud ကပဲ ဖိုင်ဆိုဒ်အကြီး အသေးနဲ့တင်ပေးလိုက်ပါတယ်..
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ..








Monday, March 23, 2015

ချမ်းငြိမ်း-မှော်ဝန်း_ Apk


ချမ်းငြိမ်း-မှော်ဝန်း_ Apk

ကျနော့်ရဲ့ www.channyein.org ဆိုဒ်လေးပျက်သွားတော့
android သမားတွေအတွက် လုပ်ထားတဲ့ ချမ်းငြိမ်း-မှော်ဝန်း Apk
လေးကလည်း ကျွဲကူးရေပါ ဆိုသလို ဖြစ်သွားတာမို့
အခု ဒီ http://movie.channyein.org/ အတွက် Apk အသစ်လေး
ထက်လုပ်ပေးလိုက်ပါတယ်..
ကျနော်ကလည်း ပညာရှင်တယောက်မဟုတ်လေတော့
သိပ်ပြီး အဆင်ပြေလှမယ်တော့ မထင်ပါဘူး..
ဒါပေမယ့်...
မကြာခဏဆိုသလိုပြောကြပါတယ် ကြော်ငြာတွေ အရမ်းများပြီး
ဖွင့်လိုက်တာနဲ့ playstore ကိုရောက်ရောက်သွားလို့
စိတ်ညစ်ရတဲ့ သူငယ်ချင်းတွေ အတွက်ကတော့ ချမ်းငြိမ်း-မှော်ဝန်း.apk
 ကနေ ဆိုရင် အဲဒီပြဿ     ကို ကျော်လွှားသွားနိုင်ပါပြီ..
နောက်တခုက offline နဲ့ ကျနော်တင်ထားတာတွေကို
ဖတ်လို့ ရနိုင်သလို ကျနော် ပို့စ်အသစ်တင်တိုင်းလည်း
ဖုန်းထဲကနေ သိရှိနိုင်တာပါပဲ..
တောင်းဆိုထားတဲ့ သူငယ်ချင်းတွေ ကျေနပ်ကြမယ်ထင်ပါတယ်..
ဒီတော့ ပို့စ်အသစ်တင်တိုင်း ဖုန်းထဲကနေ သိရအောင် 
ချမ်းငြိမ်း-မှော်ဝန်း apk လေးကို အောက်က 
အဆင်ပြေတဲ့ နေရာကနေ ဒေါင်းယူနိုင်ပါတယ်..




Saturday, March 21, 2015

I (2015)


I (2015)
 ဒီဇာတ်ကားကတော့ ဒီနှစ်ထဲမှာထွက်တဲ့

အိန္ဒိယရုပ်ရှင်ကားပါ
တောင်းဆိုထားကြလို့တင်ပေးလိုက်ပါတယ်
အိန္ဒိယကားနှစ်သက်သူများ
အတွက်ပေါ့
အကြည်ထွက်မှ မြန်မာစာတန်းထိုးနဲ့ ထက်တင်ပေးပါ့မယ်..
အဲဒါကလည်း လ နဲ့ချီပြီးကြာဦးမှာမို့ ကြည့်ချင်နေတဲ့
သူငယ်ချင်းတွေ ကြည့်ရအောင်.
pCloud ကနေ တင်ပေးလိုက်ပါတယ်...
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
 


Avatar (2009) မြန်မာစာတန်းထိုး


Avatar (2009) မြန်မာစာတန်းထိုး
နောက်နှစ်လောက်မှာ  Avatar 2 ဆက်ထွက်ဖို့ရှိပါတယ်..
 Avatar 2009 ကိုမြန်မာစာတန်းနဲ့ မကြည့်ရသေးတဲ့သူငယ်ချင်းတွေအတွက်
pCloud ကနေ ဖိုင်ဆိုဒ်အကြီးအသေး ၂ မျိုးနဲ့ ထက်တင်ပေးလိုက်ပါတယ်..
ဒီဇာတ်ကားကတော့ နိုင်ငံခြားရုပ်ရှင်တွေထဲမှာ
ကျနော်အနှစ်သက်ဆုံးလို့ ယူဆရမယ့် ဇာတ်ကားပါ..
ဆန်းသစ်တဲ့ ရိုက်ကွင်းတွေနဲ့ သစ်လွင်တဲ့ ဇာတ်ရုပ်တွေအပြင်
လူသားတွေရဲ့ လောဘ ဒေါသ ကနေမြစ်ဖျားခံတဲ့ 
နယ်ချဲ့စနစ်အပေါ်ကိုလည်း ပါးပါးလေးဖွင့်ချထားတဲ့
နိုင်ငံရေးအမြင်တရပ် (တနည်း) ဒသန တခုခုကိုပါ ရင်ဘက်ထဲအရောက်ပို့ပြီး
လူတွေ လူသားဆန်ဖို့ ဖွင်အံထားတဲ့ အနုပညာ ရဲ့ ရပ်တည်ချက်ကို 
လှစ်ပြထားတဲ့ ဇာတ်ကားကောင်း တကားပါ..
vidzi ကနေရော..
pCloud ကနေ ဖိုင်ဆိုဒ်အသေး အကြီးနှစ်မျိုးနဲ့တင်ပေးလိုက်ပါတယ်...
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့





vidzi ကနေ တိုက်ရိုက်ကြည့်ချင်ရင်တော့ ဒီလင့်ကနေ
     သွားကြည့်နိုင်သလို အောက်မှာလည်းတိုက်ရိုက်ကြည့်နိုင်ပါတယ်..

 

Thursday, March 19, 2015

Combustion (2013) မြန်မာစာတန်းထိုး

Combustion (2013) မြန်မာစာတန်းထိုး



ဒီဇာတ်ကားကတော့
 Action အမျိုးအစားဇာတ်ကားဖြစ်ပါတယ်..
 IMDb မှာ Ratings: 5.8 အထိရထားတဲ့
ဇာတ်ကားလေးပါ အက်ရှင်ကြိုက်သူများအတွက်
နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်
တောင်းဆိုထားသူများရှိလို့တင်ပေးလိုက်ပါတယ်
မကြည့်ရသေးသူများကြည့်ကြည့်ကြပါ
pCloud ကနေ ဖိုင်ဆိုဒ်အကြီး အသေးနဲ့တင်ပေးလိုက်ပါတယ်...
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့






CHAPPiE (2015)


CHAPPiE (2015)

လက်ရှိ ရုံတင်ဆဲ ဇာတ်ကားလေးပါ..
Action, Sci-Fi, Thriller
အမျိုးအစားဇာတ်ကားသစ်ပါ
အသစ်တောင်းဆိုထားကြလို့တင်ပေးလိုက်ပါတယ်
အကြည်ထွက်မှ မြန်မာစာတန်းထိုးနဲထက်တင်ပေးပါ့မယ်..
အဲဒါကလည်း လ နဲ့ချီပြီးကြာဦးမှာမို့ ကြည့်ချင်နေတဲ့
သူငယ်ချင်းတွေ ကြည့်ရအောင်..(ကြည့်လို့ဖြစ်ပါတယ်)
pCloud ကနေ တင်ပေးလိုက်ပါတယ်...
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
 


Wednesday, March 18, 2015

Cinderella (2015)


Cinderella (2015)

လက်ရှိ ရုံတင်ဆဲ ဇာတ်ကားလေးပါ..
Cinderella ဆိုရင်တော့ ရွှေဖိနပ်ကို တန်းပြီးသတိရကြမှာပါ..
ရင်းနှီးပြီးသားပုံပြင်လေးကို ရုပ်ရှင်အဖြစ်
ထက်ကြည့်ရမယ်ဆိုတော့ အသက်တဆ ပိုငယ်သွားရသလိုပါပဲ
ပုံပြင်ကို ရုပ်ရှင်အဖြစ် အနုပညာနဲ့ထက်ဆင့်ဖွင့်ဆိုတဲ့အပေါ်
ကျနော်တို့ နှလုံးသားကရော ဘယ်လို ထိရှခံစားရမလဲဆိုတာ...
သိရအောင် ကြည့်ရအောင် ရ ရချင်းတင်ပေးလိုက်ပါတယ်..
အကြည်ထွက်မှ မြန်မာစာတန်းထိုးနဲ့ ထက်တင်ပေးပါ့မယ်..
အဲဒါကလည်း လ နဲ့ချီပြီးကြာဦးမှာမို့ ကြည့်ချင်နေတဲ့
သူငယ်ချင်းတွေ ကြည့်ရအောင်..(ကြည့်လို့ဖြစ်ပါတယ်)
pCloud ကနေ တင်ပေးလိုက်ပါတယ်...
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
 


Tuesday, March 17, 2015

Live Free or Die Hard-4 ( မြန်မာစာတန်းထိုး)

Live Free or Die Hard-4 ( မြန်မာစာတန်းထိုး)


ဒီဇာတ်ကားကတော့Action, Adventure, Thriller
အမျိုးအစားဇာတ်ကားဖြစ်ပါတယ်..
 IMDb မှာ Ratings: 7.2 အထိရထားတဲ့
မင်းသားကြီး ရဲ့ဇာတ်ကားလေးပါ
အရင်ကတခါတင်ပေးဖူးပါတယ်
ဆိုဒ်ပျက်လို့ပါသွားလို့ထပ်တင်ပေးလိုက်ပါတယ် မကြည့်ရသေးသူများအတွက်တင်ပေးလိုက်တာပါ
ကြည့်ပြီးသူများကျော်သွားနိုင်ပါတယ်
pCloud ကနေ ဖိုင်ဆိုဒ်အကြီး အသေးနဲ့တင်ပေးလိုက်ပါတယ်...
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့






The Day After Tomorrow (2004) မြန်မာစာတန်းထိုး

 The Day After Tomorrow (2004)
မြန်မာစာတန်းထိုး

ဒီဇာတ်ကားကတော့
Action, Adventure, Sci-Fi
အမျိုးအစားဇာတ်ကားဖြစ်ပါတယ်..
 IMDb မှာ Ratings: 6.4 အထိရထားတဲ့
ဇာတ်ကားလေးပါ

သဘာဝဘေးအန္တရာယ်တွေရဲ့ကြောက်စရာကောင်းလှတဲ့
သည်းထိပ်ရင်ဖို ဇာတ်လမ်းဖြစ်ပါတယ်
အကြိုက်တွေ့မယ် မျှော်လင့်ပါတယ်..
pCloud ကနေ ဖိုင်ဆိုဒ်အကြီး အသေးနဲ့တင်ပေးလိုက်ပါတယ်...
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့






srt by: Myo Min Aung

Monday, March 16, 2015

Huawei Ascend G6 G6-U10, G6-U00, G6-L11 ဖုန်းများကို Root လုပ်လို့ရပါပြီ

မင်္ဂလာပါ
FB တစ်ခွင် ၀ုန်းနေကြတဲ့ Ascend G6 G6-U10, G6-U00, G6-L11 များနဲ့
Root လုပ်ခြင်း ပြသနာလေးကို အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်

Root လုပ်းနည်းကို မရှင်းပြမှီ ကျနော်လည်း ပထမဆုံးဝန်ခံချင်တာက
ဒီ Ascend G6 G6-U10, G6-U00, G6-L11 ဖုန်းများကို ကျနော်
Root မလုပ်ဖူးသေးဘူး ဆိုတာပါ။

ဒါပေမယ် အခုကျနော် ရှင်းပြသွားမယ့် နည်းလမ်းတွေအတိုင်း
Ascend G6 G6-U10, G6-U00, G6-L11 များကို သေချာပေါက်
Root Access ရရှိနိုင်တယ်ဆိုတာကို ကျနော် အာမခံရဲပါတယ်။

အခုကျနော် ဒီပိုစ့်လေးကို ဖန်တီးရေးထားတာမျိုးလည်းမဟုတ်သလို
Copy to Copy လည်း ထပ်ခါတလေ့လေ့လုပ်ထားတာမဟုတ်ပါ
Android Device ကိုလေ့လာပြီဆိုရင် xda-developers.com နဲ့ကင်းလို့
ရမယ်မထင်ပါ။

ဘာကြောင့်လဲဆိုတော့ xda-developers.com ဆိုတာက
Technical တွေအားလုံး နေ့စဉ်အားကိုးတကြီးနဲ့ လေ့လာနေရတဲ့
Android tutorial ဆိုင်ရာနဲ့ တစ်ခြားသော အကြောင်းအရာအမျိုးမျိုးကို
နေ့စဉ် Up to Date ဖြစ်နေတဲ့ Official ဆိုက်ဖြစ်ပါတယ်။

Ascend G6 G6-U10, G6-U00, G6-L11 ဖုန်းများကို အခုကျနော်
xda-developers.com ကြီး Ref-လုပ်ပြီး နည်းလမ်း လေးမျိုးနဲ့
ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

ကဲဗျာ စတိုင်လည်းကျပြီး လူကြို က်များတဲ့
Ascend G6 G6-U10, G6-U00, G6-L11 ဖုန်းများ
ဘယ်လောက်ပဲ ခေါင်းမာမာ တစ်ခုခုနဲ့တော့ အဆင်ပြေသွားမှာပါ
Root လုပ်မနည်းများကိုတော့ အောက်မှာ လေ့လာကြည့်လိုက်ပါ

 RootGenius Method
 ===========
 G6 G6-U10, G6-U00, G6-L11 ဖုန်းများကို RootGenius ဖြင့်
အလွယ်တကူ Root ဖောက်ယူနိုင်တယ်ဆိုတာကိုတော့
အားလုံးလည်း သိပြီးသားဖြစ်ကြမှာ။

 Official က G6 G6-U10, G6-U00, G6-L11 ဖုန်းများကို RootGenius ဖြင့်
Root Access ရရှိနိုင်တယ်ဆိုမှတော့ Root လုပ်နည်းကိုသိထားမှ
 အဆင်ပြေတော့မှာဖြစ်ပါတယ်။

 RootGenius ဖြင့် Root လုပ်နည်း ကိုတော့
 အောက်ကလင့်မှာ ၀င့်လေ့လာကြည့်လိုက်ပါ

Phone or tablet များကို တစ်ချက်တည်းနှိပ်ရုံနဲ့ Root လုပ်ပေးနိုင်တဲ့ Root Genius Method

 Towelroot Method (Without Pc)
================
 ဒီတစ်ခါတော့ Ascend G6 G6-U10, G6-U00, G6-L11 ဖုန်းများကို
Root လုပ်ပေးနိုင်တဲ့ Root Apk လေးရှိပါတယ် အဲဒါကတော့
Towerlroot လေးဖြစ်ပါတယ်။

ဒီ Apk လေးကိုသာ ဖုန်းမှာအင်စတောလုပ်ပြီး
Root လုပ်မယ်ဆိုရင်တော့ ကွန်ပျူ တာမလိုတော့ဘူးပေါ့
တအားလွယ်ကူပါတယ်။ Europe တစ်ခွင်တော့ ဒီ Apk လေးနဲ့
ဖုန်းပေါင်းများစွာကို Root Access ရရှိနိုင်လို့ အားလုံးသိတဲ့
One Click Root Apk လေးဖြစ်လို့နေပါတယ်။

 ကွန်ပျူ တာမလိုပဲ Ascend G6 G6-U10, G6-U00, G6-L11
ဖုန်းများကို ဖုန်းမှာတင် အင်စတောလုပ်ပြီး Root အလွယ်တကူ
လုပ်နည်းကိုတော့ အောက်ကလင့်မှာ ၀င်လေ့လာကြည့်လိုက်ပါ။

မြည်သည့်ဖုန်းကိုမဆို 4.2.2 အထက် ဖုန်းအားလုံးကို One Click နဲ့ Root အလွယ်တကူ လုပ်နည်း (ကွန်ပျူ တာမလို)

Vroot or iRoot Method
=========== 
 ဒီတစ်ခါ Ascend G6 G6-U10, G6-U00, G6-L11 ဖုန်းများကို
Root အလွယ်တကူ လုပ်ပေးနိုင်တဲ့ Root tool ကတော့
တစ်ခါတုန်းကတော့ Vroot အဖြစ်တအားနာမည်ကြီးခဲ့တဲ့
တရုတ်ဖုန်းအမျိုးအစားဆို တစ်ချက်တည်းနှိပ်လိုက်ရုံနဲ့
Root Access ရရှိနိုင်တဲ့ Root Tool အားလုံးတို့ရဲ့ ဘုရင်
Vroot or iRoot ဖြစ်ပါတယ်။

ဒီနေရာမှာ ကွန်ပျူ တာနဲ့ Root လုပ်နိုင်သလို
ကွန်ပျူ တာအဆင်မပြေကြတဲ့သူတွေအတွက်လည်း
အဆင်ပြေနိုင်တဲ့ Root Apk လေးဆိုပြီး နှစ်မျိုးရှိပါတယ်။

One Click Root apk Method (Without Pc)
=============
ပထမဆုံး Ascend G6 G6-U10, G6-U00, G6-L11 ဖုန်းများကို
Root လုပ်ပေးနိုင်တဲ့ Root Master apk လေးနဲ့ ဖုန်းမှာတင်
အင်စတောလုပ်ပြီး တစ်ချက်တည်း နှိပ်ရုံနဲ့ Root Access ရရှိနိုင်တဲ့
နည်းလမ်းကိုတော့ အောက်ကလင့်မှာ ၀င်လေ့လာကြည့်လိုက်ပါ။

Rootmaster One Click Root Apk နဲ့ ဖုန်းမှာတင်ပြီး Root လုပ်နည်း ကွန်ပျူ တာမလို

 One Click Root tool using Computer
=================
ဒီတစ်ခါတော့  Ascend G6 G6-U10, G6-U00, G6-L11 ဖုန်းများကို
ကွန်ပျူ တာကို အသုံးပြု ပြီး Root အလွယ်လုပ်နည်းကို
ရှင်းပြသွားမှာဖြစ်ပါတယ်။

  Best free android root software Vroot အခုတော့ ဗားရှင်းမြင့်သွားတာကြောင့်
iRoot ကြီးဟာ တရုတ်ဖုန်းအားလုံးနဲ့ စမတ်ဖုန်းအများကို
One Click နဲ့ အလွယ်တကူ Root လုပ်ယူနိုင်တဲ့ တစ်ခုတည်းသော
Android Root software ဖြစ်ပါတယ်။

 Root လုပ်နည်းများကို အခုမှ စလေ့လာခါစညီအကိုတွေအတွက် အထောက်အကူ
ဖြစ်စေရန် ကွန်ပျူ တာမှာ Vroot or iRoot ဆော့ဝဲနဲ့ Root လုပ်နည်းကို
အသေးစစ်ရှင်းပြပေးလိုက်ပါတယ်။

Root ဘုရင် Vroot or iRoot Tool နဲ့ ဖုန်းအမျိုးပေါင်းများစွာကို One Click နဲ့ Root လုပ်နည်း  

 Kingo Root Method
===========
 ဒီနေရာမှာလည်း Kingo Root တွင် Apk ဖြင့်
Root လုပ်နိုင်သလို (ကွန်ပျူ တာမလို)
ကွန်ပျူ တာကို အသုံးပြု ပြီး Root လုပ်နိုင်ပါတယ်
အောက်ကလင့်မှာဝင့်လေ့လာကြည့်လိုက်ပါ။

 Android ဖုန်းများကို Kingo Root Method ဖြင့် Root လုပ်နည်း

Ascend G6 G6-U10, G6-U00, G6-L11 ဖုန်းများကို
  အထက်ပါ နည်းလမ်းများအတိုင်း Root လုပ်လို့ အဆင်ပြေသံလေးကို
ကြားရရင်တော့ ကျနော်ပျော်ပါတယ်။

အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

Samsung Galaxy Grand prime SM-G530H Official Firmware 4.4.4 အားရယူနိုင်ပါပြီ

မင်္ဂလာပါ
FB မှ ညီအကိုတစ်ယောက် တကူးတက
တောင်းဆိုလာတဲ့ Firmware လေးပါ အားလုံးလည်း
အဆင်ပြေသွားအောင် တင်ပေးလိုက်ပါတယ်။

ဒီ Firmware ကို http://www.sammobile.com ကနေ
အခုနားလေးတင် ဒေါင်းယူလာတာဖြစ်ပါတယ်။ ဒေါင်းလော့ရယူတာ
ဒီ Firmware ကို သုံးနာရီလောက်ကြာမယ်ထင်ပါတယ် ကျနော်
အင်တာနက်လည်း စုတ်နေတော့ စက်တောင်တအားပူသွားတယ်။

 ပထမဆုံး Samsung Driver ကို အောက်ကလင့်မှာ
ဒေါင်းလော့ရယူလိုက်ပါ။ ပြီးရင် အင်စတောလုပ်လိုက်ပါ။

Drivers For Samsung All Version 

  Odin ရဲ့ နောက်ဆုံးဗားရှင်းကို အောက်လင့်မှာရယူလိုက်ပါ။

Download Odin 3.09

OR

Download Odin 3.09

တစ်ခြားသော ဗားရှင်းများကို အလိုရှိရင်တော့ အောက်ကလင့်မှာ
ဒေါင်းလော့ရယူလိုက်ပါ။

ဖုန်းကလစ်သူနဲ့ Service သမားတွေအတွက် Odin ဗားရှင်းအားလုံးကို တစ်နေရာတည်းမှာ ရယူနိုင်ပါပြီ 


Unofficial ကိုတော့ ကျနော်လည်းသိပ်သဘောမကျ
တာနဲ့ မတင်ပေးနေတော့ပါ၊

 Samsung Galaxy Grand prime SM-G530H Official Firmware 4.4.4
ကို အေက်ကလင့်မှာ ဒေါင်းလော့ရယူနိုင်ပါပြီ။

Samsung Galaxy Grand Prime SM-G530 Official Firmware

Model     SM-G530H
Model name     GALAXY Grand Prime
Country     Brazil (TIM)
Version     Android 4.4.4
Changelist     392049
Build date     Fri, 06 Feb 2015 18:09:54 +0000
Product code     ZTM
PDA     G530HVCU1AOB1
CSC     G530HZTM1AOB1

Installation Guide (Official)
==============
    Extract (unzip) the firmware file
    Download Odin v3.09
    Extract Odin ZIP file
    Open Odin v.3.09
    Reboot Phone in Download Mode
(press and hold Home + Power + Volume Down buttons)
    Connect phone and wait until you get a blue sign in Odin
    Add the firmware file to AP / PDA
    Make sure re-partition is NOT ticked
    Click the start button, sit back and wait few minutes

Odin ကို အသုံးပြုပြီး Samsung ဖုန်း/Tablet အားလုံးကို
 Flash Rom အလွယ်တကူ တင်ယူနည်းကို အောက်ကလင့်မှာလေ့လာကြည့်လိုက်ပါ

Odin ကို အသုံးပြုပြီး Samsung ဖုန်း/Tablet အားလုံးကို Flash Rom အလွယ်တကူ တင်ယူနည်း  

Android ဖုန်း Tablet အားလုံးမှာ ဖုန်း Tablet မှတိုက်ရိုက် ဗားရှင်းမြှင့်တင်နည်းနဲ့ ကွန်ပျူ တာမှ တင်နည်းများကိုတော့ အောက်ကလင့်မှာ လေ့လာကြည့်လိုက်ပါ



Android ဖုန်း Tablet အားလုံးမှာ ဖုန်း Tablet မှတိုက်ရိုက် ဗားရှင်းမြှင့်တင်နည်းနဲ့ ကွန်ပျူ တာမှ တင်နည်းများကိုတော့ အောက်ကလင့်မှာ လေ့လာကြည့်လိုက်ပါ





MIUI ROM တင်နည်းများနဲ့ Android ဖုန်း Tablet များကို Firmware

 တင်ချင်တယ်ဆိုရင်တော့ အောက်ကလင့်မှာ ၀င်လေ့လာကြည့်လိုက်ပါ။
 
အသစ်သွင်သစ်နဲ့ သိပ်လန်းချင်တယ်ဆိုတဲ့ သူများအတွက် Offical MIUI ROM တင်နည်း For Redmi 1S, Mi4, Mi3, Note, Pad အပြည့်အစုံ 

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)