Tuesday, June 23, 2015

Charlie Chaplin - City Lights (1931)


Charlie Chaplin -  City Lights (1931)

Charlie Chaplin ဆိုရင်တော့ တချိန်ကတကမ္ဘာလုံးမသိတဲ့သူ
မရှိလောက်အောင် ကျော်ကြားလှတဲ့ ဟာသအနုပညာရှင်ပါ..
ဒီ  City Lights (1931) ကတော့ မြန်မာပြည်မှာ
ကြည်သာ(ပွဲကြိုက်ခင်) နဲ့ ခိုင်ခင်ဦး တို့ရဲ့ နှစ်ပါးဆုံမှ ရွာပါမိုး
ဇာတ်ကား နဲ့ တော်တော်ဆင်တယ်ထင်ပါတယ်..။
ဇာတ်လမ်းကတော့ မျက်မမြင်မလေး နဲ့
မျက်မမြင်မလေးအပေါ်
သံယောဇဉ် တွယ်မိရာကနေ မျက်စိရောဂါကုသဖို့
အထိ စေတနာပိုမိတဲ့ ....လူတယောက်အကြောင်းကို
ရသ စုံခံစားရမယ့်ဇာတ်ကားလေးပါ
 မကြည့်ရသေးတဲ့ သူငယ်ချင်းတွေ ကြည့်ရအောင်
တင်ပေးလိုက်ပါတယ်..
မကြည့်ရသေးရင် ကြည့်ဖြစ်အောင်သာ ကြည့်ဗျာ..
မြန်မာစာတန်းထိုးဖို့တော့ မလိုလောက်ဘူး ထင်ပါတယ်..
YouTube ကရော 
ပုံမှန်အတိုင်းပဲ pCloud ကနေပါ တင်ပေးလိုက်ပါတယ်..
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
  ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ

  
YouTubeကနေတင်ထားတာကို
 အောက်မှာတိုက်ရိုက်ကြည့်နိုင်ပါတယ် 



ကျေးဇူးတင်ပါတယ်  
ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/






Sunday, June 21, 2015

Charlie Chaplin - The Kids (1921) အဖေများနေ့ အမှတ်တရ


Charlie Chaplin - The Kids (1921)

Charlie Chaplin ဆိုရင်တော့ တချိန်ကတကမ္ဘာလုံးမသိတဲ့သူ
မရှိလောက်အောင် ကျော်ကြားလှတဲ့ ဟာသအနုပညာရှင်ပါ..
ဒီ The Kids ဇာတ်ကားလေးကတော့ သူ့ရဲ့ ဟာသရသတင်မက
မြန်မာပြည်မှာ တချိန်က ကျော်ကြားလှတဲ့
မင်းသားကြီး စိန်မြင့် နဲ့ ကလေးသရုပ်ဆောင် အောင်ထွန်းလေး တို့ရဲ့
အဖေ တခု သားတခု ရုပ်ရှင်ဇာတ်ကားရဲ့ မွေးဖွားရာ
မူရင်း ဇာတ်ကားဖြစ်တာမို့ ဘယ်လို ရသမျိုးတွေ ခံစားရမလဲဆိုတာ
ကိုယ်တိုင်ကြည့်ရှု ခံစားရအောင် တင်ပေးလိုက်ပါတယ်..
လွန်ခဲ့တဲ့ ၃ နှစ်လောက်က တင်ပေးဖူးတယ် ထင်ပါတယ်..
အခု မကြည့်ရသေးတဲ့ သူငယ်ချင်းတွေ ကြည့်ရအောင်
ထက်တင်ပေးလိုက်ပါတယ်..
မကြည့်ရသေးရင် ကြည့်ဖြစ်အောင်သာ ကြည့်ဗျာ..
မြန်မာစာတန်းထိုးဖို့တော့ မလိုလောက်ဘူး ထင်ပါတယ်..
ပုံမှန်အတိုင်းပဲ pCloud ကနေ တင်ပေးလိုက်ပါတယ်..
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
  ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ







Saturday, June 20, 2015

RoboCop (2014) မြန်မာစာတန်းထိုး

 
RoboCop (2014) မြန်မာစာတန်းထိုး

တောင်းဆိုထားကြတာကြာပြီဖြစ်တဲ့
ပြီးခဲ့တဲ့ နှစ်တုန်းက နာမည်ကြီး ဇာတ်ကားလေးပါ..
ဇာတ်လမ်းကတော့..
အဲလက်စ် ဟာ ပေါက်ကွဲမှုတခုကြောင့်
ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များ
ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေါက်တာနော်တွန် ရဲ့ကြိုးပမ်းမှုနဲ့
လူတပိုင်းစက်ရုပ်တပိုင်း အဖြစ်အသက်ရှင်နေပါတယ်။
အစိုးရက သူ့ကို စက်ရုပ်ရဲသားအဖြစ် ခန့်အပ်ပြီး
စက္ကန့်ပိုင်း အတွင်းမှာပဲ ၆ နှစ်လောက်
လွတ်မြောက်နေခဲ့တဲ့တရားခံ တယောက်ကို 

သတင်းထောက်တွေရှေ့မှာပဲဖမ်းဆီးနိုင်ခဲ့တယ်..
ဒါတင်မက အဲလက်စ် ဟာသူလုပ်ကြံခံခဲ့ရတာ
တွေကိုပါ ဖော်ထုတ်လာနိုင်ခဲ့တယ်
ဒါပေမယ့် ကိစ္စတော်တော်များများဟာ
သူထင်သလိုမရိုးရှင်းလှသလို
သူကလည်းစက်ရုပ်တရုပ်လိုထိန်းချုပ်ခံဘ၀...
စက်ရုပ်နဲ့ လူနဲ့ တွဲထားပြီး စက်ရုပ်လိုပဲ နောက်ကွယ်ကနေ
လိုသလို ထိမ်းခြုပ်နိုင်အောင်ကြိုးစား ပေမယ့်
လူဦးနှောက်နဲ့ နှလုံးသားက အထိန်းအချုပ်မခံတာမို့ ....
.....................................................................
ပုံမှန်အတိုင်း pCloud ဖိုင်ဆိုဒ်အကြီး အသေး ၂မျိုးနဲ့တင်ပေးလိုက်ပါတယ်
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ..






Friday, June 19, 2015

The Hunger Games (2012) မြန်မာစာတန်းထိုး


The Hunger Games (2012) မြန်မာစာတန်းထိုး

ဒီဇာတ်ကားကတော့ Jennifer Lawrence ရဲ့ နာမည်ကြီး ဇာတ်ကားလေးပါ..
အခုဆိုရင် The Hunger Games: Catching Fire (2013) ရယ်
 The Hunger Games: Mockingjay - Part 1 (2014) ရယ်
ဆိုပြီး ၃ ကားထွက်ပြီးခဲ့ပါပြီ..။
အဲဒီ ၂ ကားလုံးကိုလည်း မြန်မာစာတန်းထိုးနဲ့
တင်ပေးခဲ့ပြီး ပေမယ့် ဒီ The Hunger Games (2012)
 ကိုတော့ မတင်ရသေးပါဘူး..။
အခုပြည့်စုံအောင် The Hunger Games (2012) ကို
မြန်မာစာတန်းထိုးနဲ့ တင်ပေးလိုက်ပါတယ်..
ဇာတ်လမ်းက မြောက်အမေရိက တိုက်ကို အခြေခံပြုထားပြီး
ကမ္ဘာကြီးကပ်ဆိုက်ပြီးတဲ့နောက်မှာ ကျန်ခဲ့တဲ့ နိုင်ငံတွေက
စုပေါင်းပြီး Panem ဆိုတဲ့နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပေါ်လာပါတယ်။
အဲ့ဒီနိုင်ငံကို Capitol လို့ခေါ်တဲ့ လူချမ်းသာတွေနေတဲ့ မြို့က အုပ်ချုပ်ပြီ
 ကျန် ပြည်နယ် ၁၂ ခု ကတော့ ဆင်းဆင်းရဲရဲနေနေရပါတယ်။
Hunger Games တွေဖြစ်ပေါ်လာပုံကတော့
အဲ့ဒီပြည်နယ်တွေက ဆင်းရဲသားတွေက
 Capitol ကို တော်လှန်ကြရာမှာ မအောင်မြင်ပဲ Capitol ရဲ့ လက်အောက်ပြန်ကျရောက် ခဲ့သလို၊
 Capitol က သူတို့ကို အပြစ်ပေးတဲ့အနေနဲ့
 နှစ်စဉ် ပြည်နယ်တစ်ခုစီကနေ အသက် ၁၂ နှစ်နဲ့ ၁၈ ကြားက
 ယောက်ျားလေးမိန်းကလေး တစ်ယောက်စီရွေးပြီး
Hunger Game မှာဝင်ယှဉ်ပြိုင်ရပါတယ်။
 သူဌေးတွေက ရုပ်သံ အစီအစဉ်တစ်ခုလို
အားကစားနည်းတစ်ခုလို ကြည့်ရှုအားပေးကြပါတယ်။
ဒီကစားနည်းက သူတို့ တည်ဆောက်ထားတဲ့
ကစားကွင်းထဲမှာ သူသေကိုယ်သေ အပြန်အလှန်
 အမဲလိုက် ကြရတာဖြစ်ပါတယ်။
အသေးစိတ်တော့ မရေးတော့ပါဘူး..။
ဒီ The Hunger Games (2012) မှာ
မင်းသမီး Jennifer Lawrence က Katniss အဖြစ်
ပါဝင်သရုပ်ဆောင်ထားပါတယ်..။
ပုံမှန်အတိုင်း pCloud ဖိုင်ဆိုဒ်အကြီး အသေး ၂မျိုးနဲ့တင်ပေးလိုက်ပါတယ်
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ..






The Hunger Games: Mockingjay - Part 1 (2014) မြန်မာစာတန်းထိုး

 
The Hunger Games: Mockingjay - Part 1 (2014) 
 မြန်မာစာတန်းထိုး
ဆိုဒ်အဟောင်းမှာတုန်းက တင်ပြီးပြီ ထင်ပါတယ်.. မကြည့်ရသေးတဲ့ သူငယ်ချင်းတွေနဲ့ တောင်းဆိုထားကြတဲ့ သူငယ်ချင်းတွေ အတွက် မြန်မာစာတန်းထိုးနဲ့ ပြန်တင်ပေးလိုက်ပါတယ်.. ဇာတ်လမ်းကတော့ အရင်ဇာတ်ကားတွေနဲ့မတူတော့ပါဘူး။ Hunger Game တွေမလာတော့ပဲနဲ့ ဒီကားက နိုင်ငံရေးတွေပါလာပြီး၊ လူတွေ ထကြွပုံကန်ကြတဲ့ ဇာတ်လမ်းမျိုးဖြစ်သွားပါပြီ။ ဒီကားကို စာအုပ်ဖတ်ထားဖူးတဲ့ သူတွေက ကြိုက်ကြမှာဖြစ်ပြီး၊ သာမန်ပရိတ်သတ်တွေ အတွက်ကတော့ အနည်းငယ် ပျင်းဖို့ကောင်းမှာပါ။ ဒုတိယဇာတ်ကား Hunger Games: Catching Fire အပြီးမှာ Katniss က Hunger Games Stadium ကိုဖျက်ဆီးလိုက်ပြီးတဲ့ နောက်ကနေဆက်ထားပါတယ်။ Katniss ကို ကယ်တင်ပြီးတဲ့နောက် သူမကို District 13 ကိုပြန်ခေါ်သွားပြီး သူပုန်ခေါင်းဆောင် President Alma Coin နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဇာတ်လမ်းမှာ President Coin က ခေါင်းဆောင်ဖြစ်ပေမယ့် ပြည်သူတွေအကုန် ပူးပေါင်း ပြီး နေပြည်တော်ကို (Capitol) တွန်းလှန်ဖို့ဆိုရင်၊ ပြည်သူတွေ မျက်စိထဲမှာ လူစွမ်းကောင်းလို့ မြင်နေတဲ့ Katniss ကို ဦးဆောင်ခိုင်းမှ၊ Katniss ပါ ပါဝင်ပြီး တွန်းလှန်မှာ လူတွေအကုန် သူမနောက်က ပါလာမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက The Hunger Games: Mockingjay Part 2 အတွက် အရှိန်ယူနေတာဖြစ်လို့ Catching Fire လောက်မကောင်းပေမယ့်၊ ဇာတ်လမ်း ဇာတ်ကွက်ကတော့ ကောင်းပါတယ်။ သရုပ်ဆောင်တွေကလည်း ပီပြင်သလို ကလေးအကြိုက်စာအုပ်ကို ရုပ်ရှင် ပြန်ရိုက်ထားတယ်လို့ မထင်ရအောင် ဇာတ်ညွှန်းတွေကလည်း ကောင်းလှပါတယ်။ ဒီ Hunger Games စာအုပ်တွေက ဆယ်ကျော်သက် မိန်းကလေး ပရိတ်သတ်တွေ အတွက် အဓိက ထုတ်ဝေထားတာဖြစ်တာကြောင့် ဇာတ်လမ်းအားဖြင့်တော့ အရမ်းကြီးမကောင်းပါဘူး။ ဒါပေမယ့် ရုပ်ရှင်က လူတိုင်း ကြည့်လို့ ရအောင် ပညာသားပါပါရိုက်ကူးထားနိုင်ပါတယ်။ အထူးသဖြင့်ဒီကားမှာ ပရိတ်သတ်အချို့ နဲ့ ရုပ်ရှင်ဝေဖန်သူတွေ အမြင်နှစ်မျိုးကွဲနေကြတာရှိပါတယ်။ ဒီကားမှာ Katniss က Peter ကိုပဲ တစ်ချိန်လုံး လိုက်ရှာနေပြီး၊ Peter ကိုမှ ခေါ်မလာပေးရင်၊ မကယ်တင်ပေးရင်၊ သူမလည်း လူတွေကို ဦးမဆောင်ဖူးလို့ တောင်ပြောခဲ့ပါတယ်။ ဒါကြောင့် အချို့သူတွေက ဒီလို Sci-fi/Action ဇာတ်ကားမှာ ကလေးကလား အချစ် ဇာတ်လမ်းကို မရမက ထည့်သွင်းရိုက်ကူးထားတာကို ဝေဖန်ခဲ့ကြပါတယ်။ ကျွန်တော့်အမြင်ကတော့ Katniss က ရုတ်တရက် သူမ လုံးမသိထားတဲ့ တော်လှန်ရေးထဲကို ဆွဲသွင်းခံလိုက်ရပြီး၊ ဘုမသိဘမသိ ဖြစ်နေသလို၊ သူမ မရင်းနှီးတဲ့ လူတွေ ခိုင်းတာလုပ်နေရပါတယ်။ဒါ့အပြင် Peter က ပထမဇာတ်ကားမှာထဲက သူမ နဲ့အတူ သေဖော်သေဖက် အဖြစ်ရှိနေခဲ့တာကြောင့် ဒီလို အချိန်မှာ သူမအနေနဲ့ အမေနဲ့ညီမအပြင် တွယ်တာစရာ Peter ကိုပဲ ကယ်တင်ဖို့ ကြိုးစားနေတယ်လို့ ထင်ပါတယ်။ တစ်ချို့နေရာတွေမှာ ဆယ်ကျော်သက်အချစ်ဇာတ်လမ်းမျိုး၊ မြန်မာအချစ်ဇာတ်ကားမျိုး ဖြစ်သွားပေမယ့် ဇာတ်လမ်းအရ ပါသင့်တယ်လို့ ထင်ပါတယ်။ ဇာတ်ကားကောင်းတစ်ကားပါ။ ပထမနှစ်ကားလောက် အက်ရှင်မများပေမယ့် Hunger Games ဇာတ်ကားကို ကြိုက်သူတွေကတော့ နှစ်သက်ကြမှာပါ။ No Sex, No Nudity ဖြစ်ပီး မိသားစု တူတူကြည့် နိုင်ပါတယ်။ မိန်းကလေးတွေ ကို စိတ်ဓါတ်ခိုင်မာစေအောင် ညွှန်ပြပေးမယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ 
 #Sololay ရုပ်ရှင်မိတ်ဆက်မှ ကူးယူဖော်ပြလိုက်ပါတယ်.. 
 pCloud ကနေ ဖိုင်ဆိုဒ်အသေး အကြီးနှစ်မျိုးနဲ့တင်ပေးလိုက်ပါတယ်...
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့




vidzi ကနေ တိုက်ရိုက်ကြည့်ချင်ရင်တော့ ဒီလင့်ကနေ 
    သွားကြည့်နိုင်သလို အောက်မှာလည်းတိုက်ရိုက်ကြည့်နိုင်ပါတယ်..


srt by: Lotus Black

The Hunger Games: Catching Fire (2013) မြန်မာစာတန်းထိုး


  The Hunger Games: Catching Fire (2013)  မြန်မာစာတန်းထိုး

မကြာသေးခင်က  အွန်လိုင်းမှာ ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့တဲ့
Jennifer Lawrence ရဲ့ နာမည်ကြီး ဇာတ်ကားလေးပါ..
ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့တာကတော့ ဇာတ်ကားကြောင့် မဟုတ်ပါဘူး
သူမ ရဲ့ ၀တ်လစ်စလစ်ပုံတွေ အွန်လိုင်းမှာ ပြန့်နှံ့ ခဲ့လိုပါပဲ...

 ဇာတ်လမ်းကို မိတ်ဆက်ရရင်တော့..
 The Hunger Games: Catching Fire က ပထမကား
 The Hunger Games ထက် အများကြီး ပိုကောင်းပါတယ်။
 အဲ့ဒီတော့ ပထမကားကို ကြိုက်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီကားကို ကြိုက်ကြမှာသေချာပါတယ်။
Hunger Games အကြောင်း မသိသေးတဲ့သူတွေအတွက်
 အနည်းငယ်ပြောပြချင်ပါတယ်။
ဒီကားက The Hunger Games စာအုပ်ကို ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပါတယ်။
ဇာတ်လမ်းက မြောက်အမေရိက တိုက်ကို အခြေခံပြုထားပြီး
ကမ္ဘာကြီးကပ်ဆိုက်ပြီးတဲ့နောက်မှာ ကျန်ခဲ့တဲ့ နိုင်ငံတွေက
စုပေါင်းပြီး Panem ဆိုတဲ့နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပေါ်လာပါတယ်။
အဲ့ဒီနိုင်ငံကို Capitol လို့ခေါ်တဲ့ လူချမ်းသာတွေနေတဲ့ မြို့က အုပ်ချုပ်ပြီ
 ကျန် ပြည်နယ် ၁၂ ခု ကတော့ ဆင်းဆင်းရဲရဲနေနေရပါတယ်။
Hunger Games တွေဖြစ်ပေါ်လာပုံကတော့ အဲ့ဒီပြည်နယ်တွေက 

ဆင်းရဲသားတွေက Capitol ကို တော်လှန်ကြရာမှာ မအောင်မြင်ပဲ Capitol ရဲ့ လက်အောက်ပြန်ကျရောက် ခဲ့သလို၊ Capitol က သူတို့ကို အပြစ်ပေးတဲ့အနေနဲ့
 နှစ်စဉ် ပြည်နယ်တစ်ခုစီကနေ အသက် ၁၂ နှစ်နဲ့ ၁၈ ကြားက ယောက်ျားလေးမိန်းကလေး တစ်ယောက်စီရွေးပြီး 
Hunger Game မှာဝင်ယှဉ်ပြိုင်ရပါတယ်။
 သူဌေးတွေက ရုပ်သံ အစီအစဉ်တစ်ခုလို
အားကစားနည်းတစ်ခုလို ကြည့်ရှုအားပေးကြပါတယ်။
ဒီကစားနည်းက သူတို့ တည်ဆောက်ထားတဲ့ ကစားကွင်းထဲမှာ
 သူသေကိုယ်သေ အပြန်အလှန် အမဲလိုက် ကြရတာဖြစ်ပါတယ်။
 နောက်ဆုံး တစ်ယောက်ပဲ ကျန်တဲ့အထိ ကစားရပြီး
ကျန်တဲ့သူက အနိုင်ပါ။ တစ်ယောက်ပဲကျန်ရပါမယ်။
 The Hunger Game မှာ မင်းသမီး Jennifer Lawrence (Katniss)
 နဲ့ သူရဲ့ တစ်ပြည်နယ်ထဲသား Peeta တို့ နှစ်ယောက်က
 အသက်ရှင်ကျန်ခဲ့ပြီး နောက်ဆုံး Katniss က Peeta ကိုမသတ်ပဲ
 တူတူ သတ်သေဖို့ လုပ်နေတုန်းမှာပဲ သူတို့ နှစ်ယောက်စလုံးကို
 ချန်ပီယံအဖြစ် သတ်မှတ်ပေးပြီး အသက်ရှင်ခွင့်ပေးလိုက်ပါတယ်။
ဒီကားမှာတော့ မင်းသမီး Katniss က ပြည်သူတွေရဲ့ စံပြဖြစ်လာပြီး
 ပြည်သူတွေကို ယုံကြည်မှုတွေတိုးလာစေပါတယ်။
စစ်တပ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နေတဲ့ လက်တစ်ဆုပ်စာ
လူတစ်စုကို လည်း တော်လှန်ဖို့ ကြိုးစားလာပါတယ်။
 လူအခွင့်အရေးချိုးဖောက်ခံရသလို အနိုင်ထက်ပြုပြီး
အဓမ္မအုပ်ချုပ်တာခံနေရပါတယ်။ ပြည်သူတွေကလည်း
 စားဝတ်နေရေးတောင် အနိုင်နိုင်မို့လို့
တော်လှန်ဖို့ကိုလည်း မစဉ်းစားနိုင်ကြဘူး။
 အရင်တုန်းက တစ်ခါ တော်လှန်ခဲ့ပေမယ် ရက်ရက်စက်စက်
 ခြေမှုန်းခံခဲ့ရလို့ နလံမထူနိုင်ဖြစ်နေကြပါတယ်။
အဲ့ဒီမှာ သမ္မတဖြစ်သူက လူတွေတော်လှန်ရေးလုပ်လာမှာ
 စိုးတာကြောင့် လူတွေရဲ့စံပြဖြစ်နေတဲ့ Katniss ကို ပြည်သူတွေ
ရွံမုန်းလာအောင် အမျိုးစုံပြုလုပ်သလို၊ သူတို့ လူနည်းစု လိုပဲ
ဘ၀င်မြင့်သွားသယောင် ၀ါဒဖြန့်ပါတယ်။
 ဒါ့အပြင် Katniss ကြောင့် တစ်ခြားသူတွေ ပြန်မတော်လှန်ရဲအောင်
ချန်ပီယံဖြစ်ခဲ့တဲ့သူတွေအားလုံးကို အပြတ်ရှင်းဖို့ ကြိုးစားပါတော့တယ်။
 သူ့အကြံက လက်ရှိ အချိန်မှာ ပြုလုပ်မဲ့ ၇၅ ကြိမ်မြောက်
 ပြိုင်ပွဲမှာ ထူးထူးခြားခြားအနေနဲ့ အရင်နိုင်ခဲ့ပြီးသား
သူတွေအားလုံးကို ပြန်ပါဝင်စေခဲ့ပါတယ်။
ဇာတ်လမ်းက ထင်ထားတာထက်ပိုကောင်းသလို ပိုလည်းထူးခြားပါတယ်။

 ဇာတ်လမ်း တစ်ဝက်လောက်က နိုင်ငံရေး အရှုပ်တော်ပုံ၊ Katniss နဲ့ ပြည်သူတွေကြားက ဆက်ဆံရေး တွေ စတာတွေနဲ့ ရိုက်ပြပြိး 
ဇာတ်လမ်းကို အရှိန်ယူနေပြီးတော့ ကျန်တစ်ဝက်ကတော့ ကစားပွဲထဲမှာ အသက်ရှင်အောင် နေရပုံတွေကို Survival အနေနဲ့ ရိုက်ပြထားပါတယ်။
ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
အကယ်ဒမီဆုရှင် Jennifer Lawrence ကလည်း
 ပီပီပြင်ပြင်သရုပ်ဆောင်ထားနိုင်သလို၊ ဇာတ်လမ်း တင်ဆက်ထားပုံကလည်း

 တော်တော် အနုပညာမြောက်ပါတယ်။
 ဇာတ်ရှိန်အတက်အကျကတော့ သိပ်ပြောစရာမရှိပေမယ့်
 ဇာတ်လမ်းတစ်ဝက်မှ စပြီး ဇာတ်ရှိန်တက်တာ ဖြစ်တာကြောင့်
 ပျင်းစရာကောင်းသလိုရှိပါတယ်။
ဇာတ်လမ်းရဲ့အဓိက လှည့်ကွက် ကလည်း
ပရိတ်သတ်ကိုနောက်ထပ်ကားတွေအတွက် ဖမ်းစားနိုင်ခဲ့ပါတယ်။
 ထူးခြားတဲ့ ဇာတ်လမ်း၊ Computer Graphic နဲ့ ဇာတ်လမ်းတင်ဆက်ပုံကောင်းတာကြောင့် ကြည့်သင့်တဲ့ကားကောင်းတစ်ကားပါလို့ပြောချင်ပါတယ်။
မိသားစုတူတူကြည့်နိုင်ပါတယ်။
လူသတ်တဲ့အခန်းတွေပါပေမယ့် ရက်စက်ကြမ်းကြုတ်မှုမရှိပါဘူး။


ပုံမှန်အတိုင်း pCloud ကနေတင်ပေးလိုက်ပါတယ်
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ..










Movie reviewed by : - ရုပ်ရှင်မိတ်ဆက်

Thursday, June 18, 2015

Tom and Jerry: Spy Quest (2015)


 Tom and Jerry: Spy Quest (2015)

Tom and Jerry ဆိုရင် အထူးမိတ်ဆက်ပေးပေးဖို့
မလိုဘူးထင်ပါတယ်...။
ကျနော်လည်းအရမ်းကြိုက်ပါတယ်..
ဒီ Tom and Jerry: Spy Quest (2015) ကတော့
ဇာတ်ကားသစ်လေးပါ ..။
မကြည့်ရသေးတဲ့ သူငယ်ချင်းတွေနဲ့
Tom and Jerry ချစ်သူတွေ လက်လွတ်မခံသင့်ပါဘူး..။
ဇာတ်လမ်းကိုတော့ မိတ်ဆက်မပေးတော့ပါဘူး
ဇာတ်ကားကြာမြင့်ချိန်က 01:12:55 ရှိပါတယ်..
အတိုလေးတွေ မဟုတ်ပါဘူး...။
ပုံမှန်အတိုင်း pCloud ကနေတင်ပေးလိုက်ပါတယ်
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ..






Jurassic World (2015)


 Jurassic.World.2015

တောင်းဆိုတဲ့ သူတွေအရမ်းများနေလို့
ထွက်ထားတာ သိပ်မကြာသေးတဲ့
Jurassic World (2015) ကို တင်ပေးလိုက်ပါတယ်
HD-TS.XVID အဆင့်မို့
 သိပ်တော့မကြည်သေးဘူးဆိုတာ
ကြိုပြောပါရစေ
ဖိုင်ဆိုဒ်အကြီးအသေးခွဲတင်ပေးထားပါတယ် 

Download (1.7 GB )


Download (471.0 MB )


Mr Peabody And Sherman (2014) မြန်မာစာတန်းထိုး


Mr Peabody And Sherman (2014) မြန်မာစာတန်းထိုး

Animation ချစ်သူတွေအတွက် ဇာတ်ကားသစ်လေးတင်ပေးလိုက်ပါတယ်.
Animation | Adventure | Comedy | Family | Sci-Fi အမျိုးအစားပါ..
ကလေးတွေအကြိုက်တွေ့စေမယ့် ဇာတ်ကားလေးဖြစ်သလို..
လူကြီးတွေလည်း လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းလေးပါ
Animation တောင်းဆိုသူတွေ ကျေနပ်ကြမယ်မျှော်လင့်ပါတယ်..
ပုံမှန်အတိုင်း pCloud ဖိုင်ဆိုဒ်အကြီး အသေး ၂မျိုးနဲ့တင်ပေးလိုက်ပါတယ်
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ..





ကျေးဇူးတင်ပါတယ်
ချမ်းငြိမ်း-မှော်ဝန်း
http://movie.channyein.org/
 

Wednesday, June 17, 2015

Ribbit (2014)


 Ribbit (2014)

Animation ဇာတ်ကားသစ်လေးပါ..
Animation  ချစ်သူတွေ ကျေနပ်ကြမယ်ထင်ပါတယ်..
ကလေးရှိတဲ့ မိသားစုတွေဆိုရင်တော့
ကလေးတွေ အငြိမ်ကြည့်မယ့် ဇာတ်ကားလေးပေါ့..
pCloud ကနေတင်ပေးလိုက်ပါတယ်..
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ..  
အဆင်ပြေတာနဲ့ ကြည့်ရှုဒေါင်းယူနိုင်ပါတယ်..


Download 



Tuesday, June 16, 2015

AVS Video Converter 9.0 ( မြန်မာစာတန်းထိုး ရုပ်ရှင် တွဲနည်းပါ video ဖိုင်နှင့်တင်ပေးလိုက်ပါတယ်)


AVS Video Converter 9.0 
( မြန်မာစာတန်းထိုး ရုပ်ရှင် တွဲနည်းပါ video ဖိုင်နှင့်တင်ပေးလိုက်ပါတယ်)

အခုကျနော်တင်ပေးမယ့် AVS Video Converter ကိုတော့ 
တော်တော်များများ သုံးဖူးကြမှာပါ..။
AVS Video Converter ကို သုံးပြီး မြန်မာစာတန်းထိုးရုပ်ရှင်
အဖြစ် ရုပ်ရှင်တွေကို movie နဲ့ srt ကို တွဲတဲ့အခါမှာတော့ အခြားဟာတွေနဲ့မတူအောင်
မူရင်း ရုပ်ရှင်ရဲ့ အသံနှင့် ရုပ်ထွက်ကိုပါ မထိခိုက်ပဲ မူလအတိုင်း ကြည်လင်ပြတ်သားတဲ့
ရုပ်ရှင်တွေကို ဖန်တီးနိုင်ပါတယ်..။
အခြား ဆော့ဝဲတွေနဲ့ မြန်မာစာတန်းထိုး ရုပ်ရှင် တွဲနည်းပါ မကြာခင်တင်ပေးပါဦးမယ်..။
အခုတော့ ဒီနည်းလေးပဲ စမ်းကြည့်ကြတာပေါ့..။
ရုပ်ရှင်တွေကိုတော့ ကျနော်က YIFY ကနေ torrent
နဲ့ ဒေါင်းပါတယ် Torrent မသုံးတတ်ရင် ဒီမှာ ကြည့်ပါ
 အောက်ကပုံကိုကြည့်ပါ..

Exodus: Gods and Kings (2014) ကို 720p နဲ့ ဒေါင်းပါမယ်..။



ပြီးရင် အောက်ဆုံးနားက subtitles နေရာကနေ 


 
English subtitles ကိုရွေးပြီး Notepad နဲ့ဖွင့်ပြီးမြန်မာသာသာပြန်နိုင်ပါတယ်..။ 
အရင်ဆုံး AVS Video Converter 9.0. ကို အရင်ဆုံး ဒေါင်းယူပြီး
စက်ထဲမှာပုံမှန်အတိုင်း install လုပ်ပါ ပြီးရင် full version အဖြစ်သုံးနိုင်ဖို့အတွက်
crack ဖိုင်လေးကို ဖွင့်လိုက်ရင် အောက်က အတိုင်းပေါ်လာပါမယ်..


အဲဒီမှာ Next ကိုကလစ်ပါ နောက်တဆင့်ကတော့ အောက်ပုံကိုကြည့်ပါ..



အဲဒီမှာလည်း Next ကိုပဲ ကလစ်လိုက်ရင် ရပါပြီ..
နောက်တဆင့် Exit နဲ့ ထွက်လိုက်ယုံပါပဲ..
ဒီလောက်ဆိုရင် အဆင်ပြေမယ် မျှော်လင့်ပါတယ်..
အောက်က အဆင်ပြေမယ့် လင့်ကနေ ဒေါင်းယူနိုင်ပါတယ်..



http://www.mediafire.com/download/s7u46mmimmjaqqj/www.channyein.org+_+AVS+Video+Converter+9.0.1.566.rar


http://www14.zippyshare.com/v/1925116/file.html

အောက်မှာ  မြန်မာစာတန်းထိုး ရုပ်ရှင် တွဲနည်းပါ video ဖိုင်နှင့်တင်ပေးလိုက်ပါတယ်
အဆင်ပြေပါစေ..











Drive Angry (2011) မြန်မာစာတန်းထိုး


Drive Angry (2011) မြန်မာစာတန်းထိုး

မင်းသားကြီး Nicolas Cage နဲ့ မင်းသမီးချော
Amber Heard ရယ် ထောင်ဖောက်ကားထဲမှာ
ကျနော်အလွန်နှစ်သက်ခဲ့တဲ့ အဲလက်စ် အဖြစ်သရုပ်ဆောင်တဲ့
 William Fichtner တို့ရဲ့
Action, Comedy, Fantasy အမျိုးအစားဇာတ်ကားပါ
ဇာတ်လမ်းကတော့ ငရဲပြည်ကနေ သမီးကိုလိုက်ကယ်တဲ့ 
Milton အဖြစ် မင်းသားကြီး
Nicolas Cage  ကသရုပ်ဆောင်ထားပြီး
ငရဲပြည်ကနေ Nicolas Cage  နောက်ကိုလိုက်ပြီး
FBI အဖြစ်အသွင်ဆောင်ထားတဲ့ The Accountant
အဖြစ် William Fichtner  ကပီပီပြင်ပြင် သရုပ်ဆောင်ထားပါတယ်..။
ဒီနေရာကနေ ကြိုတင်အသိပေးချင်တာက
ဇာတ်ဝင်ခန်းတွေမှာ 18+ တွေပါတာမို့
မောင် နဲ့ နှမ သား နဲ့ အမိ ကြည့်ဖို့မသင့်တော်ပါ..။
ပုံမှန်အတိုင်း pCloud ဖိုင်ဆိုဒ်အကြီး အသေး ၂မျိုးနဲ့တင်ပေးလိုက်ပါတယ်
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ..






Monday, June 15, 2015

The Host (2013) မြန်မာစာတန်းထိုး


 The Host (2013) မြန်မာစာတန်းထိုး

လူကြိုက်များလှတဲ့ Adventure, Romance, Sci-Fi
အမျိုးအစား ဇာတ်ကားဟောင်းလေးပါ..
အဟောင်းလေးဆိုပေမယ့် ကျနော့်ဆိုဒ်မှာ
တခါမှ မတင်ခဲ့ဖူးမို့ မကြည့်ရသေးတဲ့သူတွေအတွက်
အသစ်ပဲ ဆိုကြပါစို့..
ဇာတ်လမ်းကတော့ ...
 ဂြိုလ်သားတွေ ကျနော်တို့ ကမ္ဘာကိုထိန်းချုပ်ပြီး
လူသားတွေ ရဲ့ ခန္ဓာကိုယ်ပေါ်က လူသားတွေရဲ့ ၀ိဥာဉ်တွေကို ဖျက်ဆီးပြီး  သူတို့ ၀ိဥာဉ်နဲ့
အစားထိုးလို့ ကမ္ဘာမြေကို အုပ်စိုးထားပါတယ်..။
အဲလိုအချိန်မှာ  Melanie Stryder  ဆိုတဲ့ အမျိုးသမီးငယ်တယောက်..
 ဂြိုလ်သားတွေ ရဲ့ ဖမ်းဆီးခံရပြီ
  Wanda ဆိုသော ဂြိုလ်သူ တယောက် ရဲ့
ဝိဥာဉ်ကို Melanie  ရဲ့ ခန္ဓာကိုယ်ထဲအစားထိုးလိုက်ပါတယ်
ဒါပေမယ့် Melanie ဟာသေဆုံးသွားခြင်းမရှိပဲ
Melanie  ရဲ့ခန္ဓာကိုယ်တခုတည်းမှာ ၀ိဥာဉ် ၂ ခုရှင်သန် နေပြီး Melanie  က အိမ်မှာကျန်ရစ်ခဲ့တဲ့
မောင်လေး ကို ရှာဖွေကို   Wanda နဲ့ ညှိနှိုင်းပါတယ်..
 Wanda က ဒါကို သဘောတူသလား..
နောက်ပြီး လူသားတွေကရော Melanie နဲ့
Wanda ခန္ဓာကိုယ် တခုတည်းမှာ ရှင်သန်နေတာကို
လက်ခံနိုင်ပါ့မလား..
ဂြိုလ်သားတွေကရော Melanie  ကို ဘယ်လိုတုန့်ပြန်မလဲ...

စသည် စသည်....
စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်ကားကောင်းလေးမို့..
ကိုယ်တိုင်ကြည့်ရှု ခံစားကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ..
ပုံမှန်အတိုင်း pCloud ဖိုင်ဆိုဒ်အကြီး အသေး ၂မျိုးနဲ့တင်ပေးလိုက်ပါတယ်
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ..






Sunday, June 14, 2015

The Devil Inside (2012) မြန်မာစာတန်းထိုး


The Devil Inside (2012) မြန်မာစာတန်းထိုး

သရဲကားတောင်းဆိုထားသူများအတွက်..
Horror ဇာတ်ကား ကြမ်းကြမ်းလေးတင်ပေးလိုက်ပါတယ်
ဇာတ်လမ်းကတော့ မကောင်းဆိုးရွား ပူးကပ်ခံထားရလို့
စိတ်ရောဂါဆေးရုံရောက်နေတဲ့ အမေကို
ကယ်တင်ချင်တဲ့ အစ်ဇဘဲလား ဆိုတဲ့ အမျိုးသမီးရယ်..
မကောင်းဆိုးရွားပူးကပ်တဲ့သူတွေကို
တရားမ၀င် လိုက်လံကယ်တင်နေတဲ့
ပရောဂ ဆရာတွေဖြစ်တဲ့ ခရစ်ယာန် ဘုန်းတော်ကြီး
၂ ပါးရယ်..
သူတို့ရင်ဆိုင်ရတဲ့ မကောင်းဆိုးရွားတွေနှင့်
သူတို့ ......
ကြောက်တတ်သူတွေနဲ့ အသည်းငယ်သူတွေ
မကြည့်ဖို့ ကြိုတင်အသိပေးပါရစေ..
ပုံမှန်အတိုင်း pCloud ဖိုင်ဆိုဒ်အကြီး အသေး ၂မျိုးနဲ့တင်ပေးလိုက်ပါတယ်
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ..






Saturday, June 13, 2015

Dragon Blade (2015) မြန်မာစာတန်းထိုး

 
 Dragon Blade (2015) မြန်မာစာတန်းထိုး



05 March 2015 ရက်နေကတည်းက မြန်မာစာတန်းထိုးနဲ့ 
ဒီဇာတ်ကားကို တင်ပေးခဲ့ဖူးပါတယ်...
အဲဒီတုန်းက
တရုတ်စာတန်း ရော အင်္ဂလိပ်စာတန်းပါ ပါနေလို့
စာတန်းတွဲရတာ စိတ်တိုင်းမကျလို့

အတော်လေးအချိန်ကုန်ခဲ့ရပါတယ်..
အခုတော့ BluRay ထွက်လာပြီမို့ မြန်မာစာတန်းနဲ့ ထက်တင်ပေးလိုက်ပါတယ်..
 ဇာတ်လမ်းကတော့  (ဂျက်ကီချမ်း)ဟာတရုတ်ကာကွယ်ရေးတပ်ရဲ့
ခေါင်းဆောင် Huo An အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး
ရွှေမှောင်ခိုလုပ်သူတွေအဖြစ် အကောက်ကြံခံရကာ..
Wild Geese  မြို့တော်သစ်တည်ဆောက်ရေးကို  ရဲဘက်အဖြစ် အပို့ခံရပါတယ်..
 အဲဒီအချိန်မှာပဲ ရောမနန်းတွင်းအရှုပ်တော်ပုံကြောင့် ရောမ စစ်သူကြီး Lucius (John Cusack) နဲ့
 အစ်ကိုဖြစ်သူရဲ့ လုပ်ကြံမှုကြောင့် မျက်စိ ၂ လုံးစလုံး ကွယ်နေရှာတဲ့ မင်းသားလေး Publius ဟာ
သူတို့မြို့ကနေ ထွက်ပြေးလာကြရင်း စားနပ်ရိက္ခာနဲ့ ဆေးဝါး လိုအပ်ချက်တွေကြောင့်
Huo An  (ဂျက်ကီချမ်း) ရောက်နေတဲ့ Wild Geese မြို့သစ်ကို သိမ်းယူဖို့ ကြိုးစားကြပါတယ်။
 တရုတ်အရာရှိနဲ့ တပ်တွေဟာ ရောမတွေ လက်ထဲကို အလွယ်တကူနဲ့ ကျသွားပေမဲ့
  ရဲဘက်အဖြစ် အပို့ခံရတဲ့ Huo An (ဂျက်ကီချမ်း) က ဦးဆောင်ပြီး
ရောမစစ်သူကြီးနဲ့ တစ်ယောက်ချင်း တိုက်ကြပါတယ်။
 တိုက်နေကြတုန်း သဲမုန်တိုင်းကျလာတာမို့ Huo An က မတိုက်ကြဘဲ
 ငြိမ်းငြိမ်းချမ်းချမ်း လက်နက်ချပြီး မြို့ထဲဝင်လိုက်ခဲ့ရင်
လိုအပ်တဲ့အကူအညီတွေ ပေးမယ်လို့ ကမ်းလှမ်းပါတယ်။
ဒီလိုနဲ့ ရောမတွေလည်း မြို့သစ်ထဲရောက်ပါတယ်။
 လိုအပ်တဲ့ အကူအညီတွေပေးပြီး နောက်တစ်နေ့မှာ မြို့သစ်ကနေ ထွက်ခွာခိုင်းပါတယ်
အဲဒီညမှာပဲ သူတို့  ၂ ယောက် မိတ်ဆွေတွေ ဖြစ်သွားခဲ့ပြီး..
မနက်ဖြန် ရောမ တွေ ထွက်ခွာမှာမို့  ရောမ စစ်သူကြီး Lucius ပြောတဲ့
((ဒီနေ့ မင်းမိတ်ဆွေတယောက်ရရင် မနက်ဖြန် တယောက်ဆုံးရှုံးမယ်)) ဆိုတဲ့
စကားကို ကျနော် သိပ် သိပ်သဘောကျမိတယ်..

 Huo An နဲ့ Lucius ဟာ မိတ်ဆွေကောင်းတွေဖြစ်ခဲ့တယ်..။
ဖြစ်ချင်တော့  အဲဒီအချိန်မှာပဲ တရုတ်ဘုရင်ဆီကနေ
 မြို့သစ်တံတိုင်းကို ၁၅ ရက်အတွင်း အပြီးဆောက်ဖို့ အမိန့်ရောက်လာတယ်..
ပုံမှန်ဆိုရင် ၁၅ ရက်နဲ့ ဘယ်လိုမှ မပြီးနိုင်တဲ့ ကိစ္စပါ..
  Huo An က ရောမတွေက ကူညီဆောက်ပေးဖို့ကမ်းလှမ်းပါတယ်
 Lucius ရဲ့ သူ့လက်ထောက်ကို ပါရှားဘုရင်ဆီပို့ပေးဖို့ သဘောတူရပါတယ်..
 ရောမတွေက အဲဒီအချိန်မှာကတည်းက သင်္ချာနဲ့ ဂဲသြမေတြီကို
ကျွမ်းကျင်နေကြပြီ ဖြစ်တဲ့အပြင် ပိုမိုကောင်းမွန်လွယ်ကူမြန်ဆန်တဲ့
အင်ဂျင်နီယာနည်းပညာကို တတ်နေကြပြီမို့ မြို့သစ်မှာ

 ဆက်နေခွင့်ပြု ပြီး ရောမတွေရဲ့ အကူအညီနဲ့ မြို့သစ်ကို သတ်မှတ်ချိန်အတွင်း ပြီးအောင်ဆောက်လိုက်နိုင်ပါတယ်။
 Lucius နဲ့ Huo An တို့လည်း တကယ့်မိတ်ရင်းဆွေရင်းတွေ ဖြစ်သွားကြပါတယ်
အဲဒီအချိန်မှာပဲ ရောမမှာ အဖေကိုသတ်ပြီး အာဏာသိမ်းတဲ့ Tiberius ဟာ သူတို့နောက်ကို စစ်တပ်နဲ့ လိုက်လာပါတယ်။
 တကယ်တော့ သူ့အာဏာအတွက် အန္တရာယ်ရှိတဲ့ သူ့ရဲ့ညီ မင်းသားငယ်  Publius  ကိုဖမ်းဆီးရင်း 

ကုန်သွယ်ရေးအတွက် အရေးပါတဲ့ Silk လမ်းကြောင်းကို သိမ်းပိုက်ဖို့ပါ..
နောက်တော့ Lucius နဲ့ Huo An တို့ အဖမ်းခံရပါတယ်..
အဲဒီနောက်မှာ လူမျိုးစု ၃၆ စု တို့နဲ့ Silk လမ်းကြောင်းပေါ်က

တိုက်ပွဲတွေ.. စသည့်...စသည့်...
မကြည့်ရသေးရင် ကြည့်ဖြစ်အောင် ကြည့်ကြဖို့ တိုက်တွန်းပါရစေ..
ဇာတ်လမ်းဟာ ပုံမှန် ရုပ်ရှင်ကားတွေထက်သာတဲ့ အချက်ကတော့
ငြိမ်းချမ်းရေးကို အလေးပေးပြီး တင်ပြထားတဲ့အချက်ပါ..

ပုံမှန်အတိုင်းပဲ pCloud ကနေ 
ဖိုင်ဆိုဒ်အကြီး အသေး ၂ မျိုးနဲ့ တင်ပေးလိုက်ပါတယ်..
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
  ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ







Friday, June 12, 2015

Conan the Barbarian (2011) မြန်မာစာတန်းထိုး


Conan the Barbarian (2011) မြန်မာစာတန်းထိုး

(2011) တုန်းကထွက်ထားထားတဲ့ 
 Action, Adventure, Fantasyအမျိုးအစား
 Conan.The.Barbarian.2011 ကို မြန်မာစာတန်းထိုးနဲ့
တင်ပေးလိုက်ပါတယ် 
ထုံးစံအတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အကြီးအသေးခွဲပြီး
တင်ပေးထားပါတယ် 
မြန်မာစာတန်းထိုးနဲ့ မို့ အညွှန်းမပေးတော့ပါဘူး
Action ဇာတ်လမ်းကောင်းကောင်းတွေ နှစ်သက်တဲ့
သူငယ်ချင်းများအကြိုက်တွေ့လိမ့်မယ်လို့ မျှော်လင့်ပါတယ်  
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ..




Download 1.0 GB



Download 457.6 MB




Thursday, June 11, 2015

3 Idiots (2009) မြန်မာစာတန်းထိုး

3 Idiots (2009) မြန်မာစာတန်းထိုး

ကျနော်ကြည့်ဖူးသမျှ အန္ဒိယ ရုပ်ရှင်တွေထဲမှာ အကြိုက်ဆုံး ဇာတ်ကားပါ..
အန္ဒိယ လူအဖွဲ့အစည်းနှင့် ပညာရေးစနစ်ကို သာမက
အာရှတိုက်တခုလုံးရဲ့ ပညာရေးစနစ်တခုလုံးကိုပါ..
မေးခွန်းထုတ် သရော်ထားတဲ့ ဒီဇာတ်ကားဟာ
ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကား တကားလည်း ဖြစ်ပါတယ်..
မကြည့်ရသေးတဲ့သူငယ်ချင်းတွေ ကြည့်ဖြစ်အောင် ကြည့်ပါ
အရင်က ၂ ကြိမ်လောက်တင်ပေးဖူးပါတယ်
ပျက်သွားလို့ အခု အသစ်တင်ပေးလိုက်ပါတယ်
ဖိုင်ဆိုဒ်အကြီးအသေး ၂ မျိုးတင်ပေးလိုက်ပါတယ်
အဆင်ပြေတာနဲ့ ကြည့်ရှုဒေါင်းယူနိုင်ပါတယ်..


Download 1.8 GB
http://pc.cd/rbt




 
Download 670 MB 
http://pc.cd/mmt

ကျေးဇူးတင်ပါတယ်
ချမ်းငြိမ်း-မှော်ဝန်း
http://www.channyein.org/




PK (2014) မြန်မာစာတန်းထိုး


 PK (2014) မြန်မာစာတန်းထိုး

 PK သူဟာ ကိုယ်လုံးတီးနဲ့ ကမ္ဘာမြေပေါ်ကို ရောက်ရှိလာခဲ့ပြီ..
ခဏအတွင်းမှာပဲ လူသားတို့ရဲ့ ပညာရပ်တခုနဲ့ မိတ်ဆက်ခံလိုက်ရတယ်..
အဲဒါကတော့ သူ့ယာဉ်ပျံနဲ့ပြန်လည်ဆက်သွယ်ရာမှာအသုံးပြုတဲ့ remote control အဖြစ်
သူ့လည်ပင်းမှာ ဆွဲထားတဲ့  အလင်းရောင်တွေထွက်နေတဲ့အဝိုင်းပြားတစ်ပြားကို
သူနဲ့ ပထမဆုံး တွေ့တဲ့လူသားက လုယူသွားတာပါပဲ..
သူပြန်လည် ရယူဖို့ကြိုးစားပေမယ့် သူရလိုက်တာကတော့
ကက်ဆက် တလုံးပါပဲ...
အဲဒီနောက်မှာတော့ ကိုယ်လုံးတီးနဲ့ လူတယောက် ကက်ဆက်တလုံးကိုလွယ်ပြီး
သူ့ရဲ့ remote control ကိုပြန်လည်ရရှိဖို့ ရှာဖွေနေရင်းကနေ...
အိန္ဒယရဲ့ များပြားလှတဲ့ ဘုရားတွေနဲ့ PK စတွေ့ပါတော့တယ်..
အဲဒီနောက်မှာ  သတင်းထောက်မလေး Jaggu ...
ဘုရားတွေနဲ့ လုပ်စားဘာသာရေးခေါင်းဆောင်တွေနဲ့
အဲနောက်.....PK ရဲ့ အလွဲ အလွဲတွေ..
နောက်ဆုံး လူသားတွေဆီကနေ PK ဘာတွေ သင်ယူသွားနိုင်ခဲ့လဲ..
ဇာတ်လမ်းက ၂၀၁၂ တုန်းက နာမည်ကြီးခဲ့တဲ့ O M G နဲ့ ဘာမှမဆိုင်အောင်ကောင်းပါတယ်..
ဒီဇာတ်ကားကို ကျနော့်ရဲ့ ချစ်လှစွာသော Admin:K.M.A ကိုယ်တိုင်
ကြိုးစားပြီး မြန်မာ ဘာသာပြန်ပေးထားပါတယ်...
မူရင်းနဲ့ လွဲချော်မှုမရှိအောင် ကြိုးစားထားပေမယ့် လွဲချော်မှုရှိရင်
 ကျနော် ချမ်းငြိမ်း-မှော်ဝန်း ရဲ့ညံ့ဖျင်းမှုဟုသာမှတ်ပါ..
Vidzi.tv ကနေပါ ၂ နေရာ တင်ပေးထားပါတယ်..
Vidzi.tv ကတော့ PC သမားတွေ တိုက်ရိုက်ကြည့်နိုင်ပါတယ်
pCloud ကနေ လည်းဖိုင်ဆိုဒ်အသေး အကြီးနှစ်မျိုးနဲ့တင်ပေးလိုက်ပါတယ်...
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့



Download 620 MB
http://pc.cd/MHG


 ကျေးဇူးတင်ပါတယ်
ချမ်းငြိမ်း-မှော်ဝန်း
http://www.channyein.org/


vidzi ကနေ တိုက်ရိုက်ကြည့်ချင်ရင်တော ဒီလင့်ကနေ
 သွားကြည့်နိုင်သလို အောက်မှာလည်းတိုက်ရိုက်ကြည့်နိုင်ပါတယ်