Saturday, June 6, 2015

Samsara (2001) မြန်မာစာတန်းထိုး


Samsara (2001) မြန်မာစာတန်းထိုး

ဇာတ်ကား အမည်က မြန်မာလို " သံသရာ" ပေါ့..
YouTube မှာ အလွန်ကျော်ကြားခဲ့တဲ့ တိဗက် ဘာသာရေးဇာတ်ကားလေးပါ..
တော်တော်များလည်း ကြည့် ဖူးကြမှာပါ..
ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတခုကိုမိတ်ဆက်ပေးပါရစေ..
ယသော်ဓရာ တဲ့...
ရှင်ဒီနာမည်ကို ကြားဖူးမှာပါ
သိဒ္ဓတ္ထ ဂေါတမ ၊ သကျမုနိ ဗုဒ္ဓ
ဒီနာမည်တွေကို လူတိုင်း သိကြတာပဲ
ဒါပေမယ့်
ယသော်ဓရာကိုရော အဲလို သိကြရဲ့လား
ယသော်ဓရာဟာ သိဒ္ဓတ္ထကို လက်ထပ်ပြီး
မြတ်မြတ်နိုးနိုးပေါင်းသင်းခဲ့တယ်
တညမှာတော့ သိဒ္ဓတ္ထဟာ
သူ့နဲ့ သူ့တို့သားလေး ရာဟုလာကို သူတို့အိပ်နေတုန်းထားပြီး ထွက်သွားခဲ့တယ်
သစ္စာတရားရှာဖွေဖို့ ၊ ဗုဒ္ဓဖြစ်လာဖို့ပေါ့
သူထွက်သွားတုန်းက သူ့မိန်းမကို အမှာစကားတခွန်းတောင်မပြောသွားခဲ့ဘူး
ဒါပေမယ့် ယသော်ဓရာဟာ
သူဘယ်လောက် နာကျင်ခံစားရပါစေ မေတ္တာမပျက်ခဲ့ပါဘူး
သိဒ္ဓတ္ထတောထဲမှာ ပင်ပန်းဆင်းရဲခံ မကျင့်ခင်ကတည်းက
သူမဟာ နာကျင် ပင်ပန်း ဆင်းရဲမှုတွေကို ခံစားခဲ့ရတာ
ယသော်ဓရာလဲ
သိဒ္ဓတ္ထနဲ့ရာဟုလာကို ထားသွားချင်မှာပဲလို့ မတွေးမိကြဘူးလား
ဒါပေမယ့် သိဒ္ဓတ္ထကထားသွားတော့ သူ့မှာ အပြစ်မရှိပေမယ့် သူခံစားခဲ့ရရှာတဲ့
ဒေါသတွေ၊ အထီးကျန်မှုတွေခါးသီးတဲ့ဘ၀အခြေအနေတွေကို
ဘယ်သူ အသိမှတ်ပြုပေးလဲ ၊ ဘယ်သူက သူ့ခံစားမှုတွေကို စာနာပေးလဲ
သားတော်ရာဟုလာလေးက နေ့တိုင်း
သူ့အဖေဘယ်သွားလဲမေးတိုင်း သူဘယ်လိုဖြေပေးခဲ့ရလဲ
သူတခုခုနဲ့တော့ သူ့သားကို အဖြေပေး နှစ်သိမ့်ပေးရမှာပဲ
ဘယ်အမေက ကိုယ့်သားကို ညသန်းခေါင်အချိန်မှာ ထားခဲ့ရက်ပါ့မလဲ

ဒါကတော့ ဇာတ်ဝင်ခန်းတခု မှာပြောခဲ့တဲ့ စကားလုံးတွေပါ..
သိပ်ပြီး ကြည့်သင့်တဲ့ ဇာတ်ကားလေးပါ..
ကျနော့် မိတ်ဆွေ တယောက်ဖြစ်တဲ့ စင်္ကာပူက 
ကို Han Myo Naung ဘာသာပြန်ပေးထားတာပါ..
သရုပ်ဖော်မှုကောင်းလွန်းလို့ ကျနော်အမြင်မှာတော့ 16+ လို့သတ်မှတ်ထားပါတယ်..
အရွယ်မရောက်သေးတဲ့ ညီလေး ညီမလေးတို့ ကြည့်ဖို့ မသင့်ပါ..
YouTube ကရော pCloud ကနေပါ ၂ နေရာတင်ပေးထားပါတယ်..
အဆင်ပေမယ့်ဆီကနေ ကြည့်ရှုဒေါင်းယူနိုင်ပါတယ်..
pCloud ကနေ ဖိုင်ဆိုဒ် အကြီးအသေး ၂မျိုးနဲ့ တင်ပေးထားပါတယ်..
ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ..  




YouTube ကနေကြည့်ချင်ရင်တော့အောက်မှာ တိုက်ရိုက်ကြည့် နိုင်သလို
 https://www.youtube.com/watch  
ကနေလည်း သွားရောက်ကြည့်ရှုဒေါင်းယူနိုင်ပါတယ်..
 

Reactions:

0 comments:

Post a Comment