Tuesday, July 7, 2015

Chasing Mavericks (2012) မြန်မာစာတန်းထိုး


Chasing Mavericks (2012) မြန်မာစာတန်းထိုး

 Biography, Drama, Sport  အမျိုးအစားဖြစ်ပြီး IMDb မှာ
 Ratings: 7.2/10 ရထားတဲ့ဇာတ်ကားကောင်းလေးပါ..။
ဇာတ်လမ်းကတော့ ..
တချိန်က ရေလွှာလျှောစီးအားကစားလောကမှာ
နာမည်ကြီးခဲ့တဲ့ Jay Moriarity (1978 - 2001) ရဲ့
ဘ၀ဇာတ်ကြောင်းကို ရုပ်ရှင်အဖြစ် ခံစားရမှာပါ..။
Jay ရှစ်နှစ်သားလောက်အရွယ်က ကမ်းခြေတခုမှာ
ရေနစ်တော့ Frosty ဆိုတဲ့ သူ့အိမ်နီးခြင်းတယောက်က
သူ့အသက်ကို ကယ်တင်ခဲ့တယ်...။
Frosty ဟာသူ့ဘ၀ တလျှောက်လုံးအတွက်
သူရပ်တည်ဖို့ ဘ၀ရဲ့ထောက်တိုင်တခုဖြစ်ခဲ့သလို
ရေလွှာလျှောစီးအားကစားသမားတယောက်ဖြစ်အောင်
သင်ကြားပေးခဲ့တဲ့ ဆရာတဆူလည်းဖြစ်ခဲ့တယ်..။
အိမ်ထောင်ရေးအစဉ်မပြေလှတဲ့ အဖေ နဲ့ အမေ ကွဲပြဲကြတော့ 
အဖေက သူ့အတွက် စာတစ်စောင်ပေးခဲ့တယ်..
ဒါပေမယ့် အဲဒီစာကို သူ့ဖွင့်မဖတ်ခဲ့ဘူး။
(ဇာတ်လမ်း ပြီးခါနီးမှ သူဖွင့်ဖတ်ခဲ့တယ် အဲဒီစာဟာ
သူ့ဘ၀ကို ပြောင်းလဲစေခဲ့တယ်)
အမြဲတမ်းလိုလို မူးနေပြီး အိပ်ရာထနောက်ကျတဲ့
အမေကို ဂရုတစိုက်စောင့်ရှောက်ရင် အခက်အခဲပေါင်းများစွာကြားကနေ
 ရေလွှာလျှောစီးတတ်အောင်သင်ကြားခဲ့တယ်။
သူ့ထက်အသက် ၂ နှစ်ကြီးတဲ့ သူ့ချစ်သူ Kim Moriarity ရယ် 
သူ့ကိုအမြဲ ပြဿရှာတတ်တဲ့ကျောင်းဖော်တွေရယ် .....
June 26, 2001 မှာ Jay ကွယ်လွန်ခဲ့ပါတယ်။
လူငယ်တွေအတုယူစရာ
ဘ၀အတွက် သင်ခန်းစာတွေ ပေးနိုင်တဲ့
ဇာတ်ကားကောင်းလေးမို့ မကြည့်ရသေးတဲ့
သူငယ်ချင်းတွေ ကြည့်ဖြစ်အောင် ကြည့်ဖို့
တိုက်တွန်းလိုက်ပါရစေ..
ပုံမှန်အတိုင်း pCloud ဖိုင်ဆိုဒ်အကြီး အသေး ၂မျိုးနဲ့တင်ပေးလိုက်ပါတယ်
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ..






Reactions:

1 comments:

  1. small size က invalid code ပြ​နေပါတယ်​ link ​လေး​သေချာလုပ်​​ပေးပါအုန်း

    ReplyDelete