Saturday, July 25, 2015

Pirates of the Caribbean On Stranger Tides (2011) မြန်မာစာတန်းထိုး

   
Pirates of the Caribbean On Stranger Tides
(2011) မြန်မာစာတန်းထိုး

ဒီကားကတော့ နောက်ဆုံးထွက်တဲ့ကားဖြစ်ပါတယ်..
ဒီဇာတ်ကားမှာတော့ သရုပ်ဆောင်တွေထဲက
အပြောင်းအလဲဖြစ်သွားပါတယ်..။
၂၀၀၃ ကနေ ၂၀၁၁ အထိ ရုပ်ရှင် ၄ ကားထွက်ခဲ့ပြီး
 ကားတိုင်းလိုလို ၀င်ငွေ အကောင်းဆုံး ဇာတ်ကားတွေ ဖြစ်ခဲ့ပါတယ်
( ၁ ) ( ၂ ) နဲ့ ( ၃ ) ကို မကြည့်ရသေးရင် ဒီမှာ ကြည့်ပါ..

Pirate of the Carribean ကားတွေရဲ့ ထူးခြားချက်တွေကတော့
ရုပ်ရှင် ၄ ကားရဲ့ စာရေးဆရာတွေ မတူညီကြတာပါပဲ..
ရုပ်ရှင်တကားကို စာရေးဆရာ တယောက်ဆီ ရေးခဲ့ကြတာပါ..
ကျနော်တို့ မြန်မာတွေအတွက် အထူးခြားဆုံးအချက်ကတော့..
သူ့ရဲ့ ဇာတ်လမ်းထဲမှာ ကံကောင်းခြင်း အဆောင် အဖြစ်
 သူ့ ဦးခေါင်းထက်မှာ  အမြတ်တနိုးထားတဲ့  သူ့ရဲ့
အဆောင် ပစ္စည်း ၈ မျိုးရှိပါတယ်..
 Jack Sparrow's piece of eight လို့ အမည်ပေးထားပါတယ်..။
အဲဒီအထဲမှာ  ရှေးဟောင်း ဒင်္ဂါးပြား တခုပါဝင်ပါတယ်..
အဲဒါကတော့...
၁၉၆၂ ခုနှစ်လောက် က  မြန်မာနိုင်ငံက  ထုတ်လုပ်ထားတဲ့

 ခြင်္သေ့တံဆိပ်နဲ့ ငါးပြား တန် အလေးစေ့ လေးဖြစ်ပါတယ်။
ဓါတ်ပုံပါ တင်ပေးလိုက်ပါတယ်...



ပိုပြီးသေချာချင်ရင် အောက်ကလင့်ကနေ ၀င်ကြည့်ပါ..
http://pirates.wikia.com/wiki/Jack_Sparrow%27s_piece_of_eight 

ဇာတ်လမ်းကတော့ မိတ်ဆက်ပေးဖို့ မလိုအောင် ကျော်ကြားလှတာမို့
အညွန်းမရေးပေးတော့ပါဘူး...
၎ ကားလုံးကို 720p HD အဖြစ် မြန်မာစာတန်းထိုးနဲ့
တင်ပေးသွားပါ့မယ်...
ဒီနေရာကနေ ပြောချင်တာက ကျနော်တင်သမျှ ရုပ်ရှင်
အများစု 90% ဟာ 720p FullHD တွေချည်းပါ..
မြန်မာစာတန်းထိုးရုပ်ရှင်အားလုံးလိုလိုကို BluRay 
လောက်ထွက်မှ တင်တာမို့ ဇာတ်ကားသစ်တွေ
 နောက်ကျတာ နားလည်ပေးကြပါ..
သူများတွေလို အခွေက rip ပြီးတင်နေတာ မဟုတ်ပါ.. 
vidzi ကနေ ရော pCloud ကနေပါ ၂ နေရာတင်ပေးလိုက်ပါတယ်.. 
pCloud ကနေဖိုင်ဆိုဒ် အကြီးအသေး ၂ မျိုးနဲ့ တင်ပေးလိုက်ပါတယ်
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ..
 
ကျေးဇူးတင်ပါတယ်
 ချမ်းငြိမ်း-မှော်ဝန်း
http://movie.channyein.org/

  vidzi ကနေ တိုက်ရိုက်ကြည့်ချင်ရင်တော့ ဒီလင့်ကနေ 
သွားကြည့်နိုင်သလို အောက်မှာလည်းတိုက်ရိုက်ကြည့်နိုင်ပါတယ်..



Reactions:

2 comments:

  1. ကိုချမ်းငြိမ်း​ရေ Pirates of the Caribbean On Stranger Tides (2011) ကားကို pcloud ထဲမှာ save ပြီး ADM နဲ့​ download လုပ်​လို့မရဘူးဖြစ်​​နေတယ်

    ReplyDelete
  2. ကိုချမ်းငြိမ်း​ရေ Pirates of the Caribbean On Stranger Tides (2011) ကားကို pcloud ထဲမှာ save ပြီး ADM နဲ့​ download လုပ်​လို့မရဘူးဖြစ်​​နေတယ်

    ReplyDelete