Wednesday, August 5, 2015

Exodus: Gods and Kings (2014) မြန်မာစာတန်းထိုး

 Exodus: Gods and Kings (2014) မြန်မာစာတန်းထိုး

ဒီဇာတ်ကားကို ချမ်းငြိမ်း-မှော်ဝန်း ရဲ့ Admin
တယောက်ဖြစ်တဲ့ Admin@K.M.A ကနေ
ကျနော့်မွေးနေ့အမှတ်တရ အတွက်
ရည်ရွယ်ပြီး ဘာသာပြန်ပေးခဲ့တာပါ..
ဒါပေမယ့် အခြားအရေးကြီးတဲ့ လူမှုရေးကိစ္စတွေ
ပေါ်ပေါက်လာခဲ့လို့ ကျနော့် မွေးနေ့ထက် ၄ ရက်လောက်
နောက်ကျပြီးမှ တင်ပေးဖို့ အခြေအနေဖြစ်သွားရပါတယ်..
ဇာတ်လမ်းကတော့ ...တမန်တော်မိုဇက်က
 အီဂျစ်တွေလက်ထဲက (ဟီးဘရူးစ်) ဂျူးတွေကို
 ယနေ့အစ္စရေးနိုင်ငံရှိရာကို ပင်လယ်ပြင်ကိုဖြတ်ပြီး
 ကယ်တင်ခဲ့တဲ့ သမိုင်းကို ရုပ်ရှင်အဖြစ် ခံစားရမှာပါ..
ဒီဇာတ်လမ်းမှာ...
 မိုဇက်ဟာ သူ့ကိုယ်သူ ဟီးဘရူးစ်လို့ မသိသလို
 ဟီးဘရူးစ် တွေကို ကျွန်ပြုထားတဲ့ အီဂျစ်လူမျိုးတွေက လဲ
 မိုဇက်ကို ဟီးဘရူးစ်လို့ မသိကြပါဘူး။
 မိုဇက်က အီဂျစ်ဘုရင်ရဲ့ တူတော် စစ်သူကြီးဖြစ်ပြီး
အီဂျစ်ဘုရင်ရဲ့ သားတော်  ရာမက်စီးစ် နဲ့
လက်တွဲပြီး တိုက်ပွဲတွေကို အောင်မြင်ခဲ့သူဖြစ်သလို
မိုဇက် နဲ့ ရာမက်စီးစ် ဟာလည်း
ညီအကိုတွေအဖြစ်ချစ်ခင်ကြတယ်..။
  မိုဇက်ဟာ ပိုက်တန်မြို့တော်မှာ တည်ဆောက်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို သွားရောက်စစ်ဆေးရာကနေ ဇာတ်လမ်းက စိတ်ဝင်စားစရာ ဖြစ်လာပါတယ်.. ။
အဲဒီမှာ မိုဇက်ကို တွေ့သွားတဲ့ ဟီးဘရူးစ် လူမျိုးအကြီးအကဲ
တွေက မိုဇက်ကို သူတို့နဲ့
 လာတွေ့ဖို့ ကမ်းလှမ်းတာကို မိုဇက် က
ယုံယုံကြည်ကြည်နဲ့ပဲ သွားတွေ့ပါတယ်။
((အဲဒီမှာ ဟီးဘရူးစ် အဘိုးကြီးက ပြောပြတာက))
 မင်းမွေးတဲ့ နှစ်တုန်းက
 ကျုပ်တို့အတွက် ခေါင်းဆောင်တစ်ယောက်
မွေးမယ်လို့ ကြိုတင်ဟောကိန်းထုတ်ခဲ့တယ်
 ကျုပ်တို့ အချုပ်အနှောင်ကနေ လွတ်မြောက်ဖို့ပေါ့..။
အဲဒီအချိန်မှာ နန်းတွင်းကနေ အမိန့်ထုတ်ပြန်လိုက်တယ်
 ပထမဆုံး မွေးတဲ့ ဟီဘရိုးစ် ယောက်ျားလေးတွေကိုသတ်ခိုင်းတယ်။
((မြန်မာသမိုင်းထဲက ကျန်စစ်သားမွေးတုန်းက လိုပေါ့))
 မင်းမိဘတွေက ဒီလိုဖြစ်ဖို့ မစောင့်နေနိုင်ဘူး
 မင်း အသက်ရှင်ဖို့ ဘယ်အခွင့်အရေးကမှ
နည်းလမ်းကောင်းအဖြစ်မရှိခဲ့ဘူး..ဒါပေမယ့်
 မင်းအစ်မက သူတို့လက်ထဲမထည့်ချင်တော့
 မင်းကိုခြင်းတောင်းထဲထည့်ပြီး မြစ်ထဲမျှောဖို့လုပ်တယ်။
 ရေထဲမြုတ်သွားမှာလဲ သိနေတယ်။
 အဲဒီမှာ ပီရစ်ရက်ပရီမာ ရဲ့ သမီး
ဘစ်တီယား ရေချိုးနေတုန်း နဲ့ တွေ့သွားပြီး
 ဘစ်တီယား က မင်းနဲ့ မင်းအစ်မ မာရီယန် ကို
ခေါ်သွားပြီး မွေးစားခဲ့တာပေါ့
 သူမက မင်းကိုတော်တော်လေးချစ်တော့
 ဘာမှမပြောပြခဲ့ဘူး
 ဘယ်သူ့ကိုမှလဲ အမှန်ကိုမပြောပြဘူး
တကယ်တော့ မင်းက ဟီဘရိုးတစ်ယောက်ပဲ တဲ့..
ဒါပေမယ့် မိုဇက်ဟာ ဒါကို လုံးဝမယုံကြည်ခဲ့ဘူး..
နောက်တော့ ရာမက်စီးစ် အီဂျစ် ဘုရင်ဖြစ်လာပြီး
အဲဒီကိစ္စ သတင်းရသွားတယ်..
မိုဇက် ရဲ့ အစ်မ မာရီယန် ကိုဒီကိစ္စ
အတင်းအကျပ် ၀န်ခံခိုင်းခဲ့ရာကနေ
 မိုဇက် နယ်နှင်ဒဏ်အပေးခံရတယ်..။
အဲဒီနောက်တော့...
ကိုယ်တိုင်ကြည့်ဖို့ သိပ်ကောင်းပါတယ် ..။
ဒီနေရာမှာ ကြိုတင်အသိပေးလိုတာက
ဘာသာပြန်တဲ့ (K.M.A) ဟာ ခရစ်ယာန်
ဘာသာဝင်မဟုတ်တဲ့ အတွက် သူနဲ့ မရင်းနှီးတဲ့
အမည်တွေကို အသံဖလှယ်ရာမှာ..
သက်ဆိုင်ရာ ဘာသာဝင်တွေအတွက်
အမြင်မတော်စရာရှိရင် နားလည်ပေးကြဖို့
မေတ္တာရပ်ခံ ပါရစေ...
ဘာသာရေးကို အလေးပေးတဲ့ ဇာတ်ကားဖြစ်ပေမယ့်
 Action, Adventure, Drama အမျိုးစားမို့
သိပ်ပြီး ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတကားပါပဲ..
pCloud ကရော Vidzi.tv ကနေပါ ၂ နေရာ တင်ပေးထားပါတယ်..
Vidzi.tv ကတော့ PC သမားတွေ တိုက်ရိုက်ကြည့်နိုင်ပါတယ်
pCloud ကနေ ဖိုင်ဆိုဒ်အကြီး အသေး ၂ မျိုးနဲ့ တင်ပေးထားပါတယ်
 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ..  





Download 610 MB
http://pc.cd/NqW7
 
Vidzi.tv မှာတင်တာကိုတော့
ကနေသွားရောက်ကြည့်ရှုနိုင်သလို
ဒီအောက်မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်အောင်တင်ပေးထားပါတယ်..









အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/
Reactions:

1 comments: