Saturday, October 31, 2015

Clash of the Titans (2010) မြန်မာစာတန်းထိုး


Clash of the Titans (2010) မြန်မာစာတန်းထိုး

လူတွေပြောနေကြတဲ့  အစောဆုံးပုံပြင်တွေက
ကြယ်တွေထဲမှာ ဖြစ်ပေါ်ခဲ့တာပါ ..
လူနဲ့ နတ်ဘုရားတွေမပေါ်ခင်  ကမ္ဘာကြီးကို
တိုင်တန်တွေအုပ်ချုပ်တဲ့အချိန်ပေါ့
တိုင်တန်တွေက တန်ခိုးကြီးတယ်...
ဒါပေမယ့် တိုက်တန်တွေဟာ သူတို့ရဲ့သားတွေကြောင့်ပဲ
အဆုံးသတ်သွားခဲ့တယ်.
သူတို့ကတော့ ဇူးစ်  ပဆိုက်ဒန် နဲ့ ဟေဒီစ် တို့ပါ
ဇူးစ် ကသူ့မိဘတွေကို ပြန်တိုက်ခိုက်နိုင်တဲ့
အလွန်သန်မာတဲ့ သားရဲတစ်ကောင်
သူ့ညီ ဟေဒီစ် ကို ဖန်ဆင်းခိုင်းတယ်..
ဟေဒီစ် က သူ့ရဲ့အသွေးအသားနဲ့
စကားမပြောနိုင်တဲ့ ကြောက်မက်ဖွယ်ခရာတန် ကို မွေးဖွားခဲ့တယ်..
ဇူးစ်က ကောင်းကင်ဘုံရဲ့ ဘုရင်ဖြစ်သွားတယ်..
ပဆိုက်ဒန်က  ပင်လယ်တွေရဲ့ ဘုရင်..
ဟေဒီစ် ကတော့ ဇူးစ်ရဲ့ လှည့်စားမှုကိုခံရပြီး..
အမှောင်(အပ)လောက ကိုသာ အုပ်ချုပ်ခဲ့ရတယ်..
လူတွေကို ဖန်ဆင်းသူက ဇူးစ် ဖြစ်ပြီး
လူတွေက နတ်တွေ ထာဝရ ရှင်သန်ဖို့ ပူဇော်ပသ ရပါတယ်..
ဒါပေမယ့် လူသားမျိုးနွယ်က အရှိန်အဟုန်နဲ့ ကြီးထွားလာပြီး..
နတ်ဘုရားတွေကို မေးခွန်းထုတ်လာကြတယ်..
နောက်ဆုံးမှာတော့ နတ်ဘုရားတွေကို တိုက်ခိုက်တဲ့အထိ
အင်အားကြီးလာပါတယ်..
ဒီကမ္ဘာကြီးမှာ ကလေးလေးတစ်ယောက်မွေးဖွားလာတယ်..
အရာရာကို ပြောင်းလဲပေးမယ့် ကလေးလေးတစ်ယောက်ပေါ့
သူ့နာမည်က...ပါစီးယက်စ်
နတ်ဘုရားတွေကို ပုန်ကန်မှုကိုအကြောင်းပြုပြီး ဟေဒီစ် က
လူတွေကိုဒဏ်ခတ်ဖို့ ဇူးစ် ဆီမှာခွင့်တောင်းတော့ ဇူးစ် ကခွင့်ပြုခဲ့တယ်။
နတ်ဘုရားတွေကို ပုန်ကန်တဲ့ အာဂိုဘုရင်ကို
နတ်ဘုရားတွေ အမျက်ပြေဖို့ ဘုရင့်သမီးကို
ခရာတန် ဆီမှာ ယစ်ပူဇော်ဖို့ အမိန့်ပေးခဲ့တယ်..။
အဲဒီမှာ  ဟေဒီစ် နဲ့ ပါစီးယက်စ် တွေ့ကြတယ်..။
ဟေဒီစ် က ပါစီးယက်စ် ဟာ လူနတ်ဘုရားဆိုတာသိသွားသလို
ပါစီးယက်စ် ဟာလည်း သူ့ကိုသူ နတ်ဘုရားရဲ့သားတော်ဆိုတာ
သိသွားခဲ့တယ်။ ပါစီးယက်စ် ဟာသူ့မွေးစားမိဘတွေနဲ့ ညီမလေးကို
သတ်သွားတဲ့ ဟေဒီစ် ကိုလက်စားချေဖို့ ဆုံဖြတ်ပြီး
အာဂိုစစ်သားပူပေါင်းပြီး ခရာတန် ကိုသတ်နိုင်တဲ့
အဖြေသိရဖို့ ......
ဒီဇာတ်ကားက ရေးမယ်ဆိုရင် တော်တော်များများကို
ရေးချင်စရာတွေပါပဲ..
ရုပ်ရှင်သမားတွေ အရသာပျက်မှာစိုးလို့ ဒီလောက်ပါပဲ..။
ငယ်ငယ်က စာထဲမှာရင်းနှီးခဲ့ရတဲ့ ပါစီးယက်စ် ကို
ရုပ်ရှင်ကြည့်တော့လည်း မရိုးနိုင်အောင်ကောင်းပြန်ပါတယ်..။
မကြည့်ရသေးတဲ့ သူငယ်ချင်းတွေ ကြည့်ဖြစ်အောင်
ကြည့်ကြပါလို့ တိုက်တွန်းသလို ကြည့်ပြီးသူတွေလည်း
ထက်ကြည့်ဖြစ်ဦးမယ်လို့ ယုံကြည်ပါတယ်..။

မကြည့်ရသေးတဲ့သူတွေကြည့်ရအောင်
 ပြန်လည်မျှဝေပေးလိုက်ပါတယ်ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ်

 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
  

Download 360p  430 MB 







အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/



Friday, October 30, 2015

BahubaLi (2015) မြန်မာစာတန်းထိုး


BahubaLi (2015) မြန်မာစာတန်းထိုး

အားလုံးပဲကြည့်ချင်နေကြတဲ့
အိန္ဒိယရာဇ၀င်ကားသစ်ကိုတင်ပေးလိုက်ပါတယ်
မြန်မာရာဇ၀င်မှာတော့ မဟာဗန္ဓုလလိုမျိုးသူရဲကောင်း
တွေပေါ်ထွန်းခဲ့သလိုပဲ အိန္ဒိယမှာလည်း ဘာဟူဘာလီဆိုတဲ့
သူရဲကောင်းပေါ်ထွန်းခဲ့သလိုမျိုးပေါ့
ဒီကားကတော့ ပထမပိုင်းပါ ဒုတိယပိုင်းကတော့
၂၀၁၆ မှဆက်ထွက်ပါလိမ့်မယ်
ကြည့်ပြီးဆက်တင်ပေးပါဦးတော့
မအော်ကြပါနဲ့လို့ပြောချင်ပါတယ်
ရှေ့နှစ် ၂၀၁၆ ထွက်လာမှ ဆက်တင်ပေးပါ့မယ်
မကြည့်ရသေးတဲ့သူတွေကြည့်ရအောင်
 ပြန်လည်မျှဝေပေးလိုက်ပါတယ်ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ်

 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
   

Download360p  650 MB 







အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/



Thursday, October 29, 2015

Behind Enemy Lines (2001) မြန်မာစာတန်းထိုး

Behind Enemy Lines (2001) မြန်မာစာတန်းထိုး 

စစ်ကားကြိုက်နှစ်သက်သူများအတွက်
Behind Enemy Lines (2001) ကိုတင်ပေးလိုက်
ပါတယ်  Action, War, Drama အမျိုးအစားပါ
စာတန်းထိုးနဲ့မလို့ အညွှန်းမရေးပေးတော့ပါဘူး
စစ်ကားကြိုက်သူတွေလက်မလွှတ်သင့်တဲ့ကားကောင်း
လေးလို့ပြောပါရစေ
စာတန်းထိုးဘာသာပြန်ကတော့ ကိုကျင့်ပူ မှပေးပို့ထားပါတယ် 
မကြည့်ရသေးတဲ့သူတွေကြည့်ရအောင်
 ပြန်လည်မျှဝေပေးလိုက်ပါတယ်ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ်

 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
   

Download 430 MB 







အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/



Wednesday, October 28, 2015

The Colony (2013) မြန်မာစာတန်းထိုး


The Colony (2013) မြန်မာစာတန်းထိုး

ဒီကားကတော့ Action, Horror, Sci-Fi အမျိုးအစားပါ
2045 ခုနှစ်ကိုရောက်ရှိသွားပြီး လူတွေဟာရေခဲပြင်ဖြစ်နေတဲ့
ကမ္ဘာကြီးရဲ့ပူနွေးမှုကိုထိန်းချုပ်ဖို့အတွက် နည်းလမ်းရှာဖွေကြရာ
ရာသီဥတုထိန်းချုပ်နိုင်သောစက်ကိုတီထွင်နိုင်ခဲ့ပါတယ်
တရက်မှာ စက်ချို့ယွင်းပြီး နှင်းတွေကျရောက်နေမှုကြောင့်
ရာသီဥတုဒဏ်မခံစားနိုင်တဲ့အဆုံး မြေအောက်လှိုဏ်ခေါင်းများထဲမှာ
နေထိုင်ကြရပါတယ်..အဲဒီနောက် လှိုဏ်ခေါင်းထဲနေထိုင်ကြရင်း
ရိက္ခာများပြတ်လပ်ပြီး ရောဂါများကူးစက်ပြန့်ပွားခဲ့ကြပါတယ်
မြေအောက်နေသောအုပ်စုထဲမှ Colony 7 ရဲ့ခေါင်းဆောင်
စစ်သား ၂ ယောက်ကတော့ Briggs နဲ့ Manson ပါ
တနေ့မှာ အုပ်စု ၅ ထဲမှထူးဆန်းဖွယ်မင်္သကာစရာတခု
တွေ့ရှိပြီး အုပ်စု ၅ ဘက်ကိုလာခဲ့ကြရာ ဘာတွေတွေ့ရှိကြလဲ
ဆိုတာကို ဆက်လက်ကြည့်ရှုကြပါလို့....

သည်းထိတ်ရင်ဖို သဘာဝလွန်ဖြစ်ရပ်အဖြစ်ရိုက်ကူးထားခြင်းဖြစ်ပါတယ်
ဒီကားကို ဘာသာပြန်ထားသူကတော့ Lotus Black ပဲဖြစ်ပါတယ်
မကြည့်ရသေးတဲ့သူတွေကြည့်ရအောင်
 ပြန်လည်မျှဝေပေးလိုက်ပါတယ်ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ်

 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
   

Download 380 MB 





အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/



Tuesday, October 27, 2015

Jab Tak Hai Jaan (2012) မြန်မာစာတန်းထိုး


 Jab Tak Hai Jaan (2012) မြန်မာစာတန်းထိုး 

ဒီတခါတော့ Bollywood
အချစ်ဇာတ်လမ်းလးကိုတင်ပေးလိုက်ပါတယ်
မင်းသားကတော့ အားလုံးကြိုက်နှစ်သက်တဲ့ ပါ 

မင်းသမီးတွေကတွေကတော့
Doom 3 ကားမှာပါဝင်ဖူးတဲ့ ,နဲ့
PK ကားကနေလူသိများလာတဲ့ တို့ဖြစ်ပါတယ်
ဇာတ်လမ်းကတော့  
 ဆမ်မာအာနက်( ရှာရွတ်ခန်း)ဟာ အိန္ဒိယစစ်တပ်ဗုံးဖယ်ရှားရေးအဖွဲ့မှ
မေဂျာတစ်ယောက်ဖြစ်ပါတယ် သူဟာဗုံးများကိုဗုံးကာဝတ်စုံမပါပဲ
ဖြုတ်နိုင်တာဟာ ဗုံးပေါင်းတစ်ရာကျော်ရှိပါပြီ
တနေ့မှာ ရှာဖွေရေးရုပ်သံလိုင်းမှ အာကီရာနဲ့တွေ့ဆုံပြီးနောက်
 ဆမ်မာ့ကို အာကီရာက စွဲလမ်းနှစ်သက်ခဲ့ပါတယ်
 ဆမ်မာရဲ့ လွန်ခဲ့တဲ့ ၁၀ နှစ် လန်ဒန်က  အတိတ်ဇတ်လမ်းစာအုပ်ကိုဖတ်မိသွားရာမှ
ဆမ်မာဟာ သူချစ်လွန်းတဲ့ မီရာနဲ့မပေါင်းစည်းခဲ့ရပေမယ့်
အချိန်တိုင်း မီရာ ကိုချစ်မြတ်နိုးနေပြီး ဘ၀ကိုရှင်သန်နေခဲ့တာသိလိုက်ရပါတယ်
တနေ့မှာ ဆမ်မာဟာလန်ဒန်ကိုလာဖို့အကြောင်းဖန်လာတဲ့အခါမှာ
မတော်တဆအက်ဆီးဒင့်ဖြစ်ပြီး အတိတ်မေ့သွားခဲ့ပါတယ်
သူ့ဘ၀တွေထဲကအတိတ်က ၁၀ နှစ်လောက်ကိုပြန်ရောက်သွားပြီး
သူဟာ စစ်သားဘ၀နဲ့အချိန်ကုန်လွန်ခဲ့တာကိုမေ့သွားခဲ့ပါတယ်
သူ့အနားမှာ သူသိပ်ချစ်တဲ့ မီရာနဲ့အမြဲတမ်းမခွဲပဲအတူရှိနေတယ်လို့
ထင်မြင်နေခဲ့ပြီး စစ်ထဲမှာဗုံးဖယ်ရှားတာတွေ
အာကီရာဆိုတဲ့ ကောင်မလေးကိုရော အားလုံးမေ့သွားခဲ့ပါတယ်
အချစ်စစ်အချစ်မှန်ကိုဖေါ်ညွှန်းပြသထားတဲ့ကားလေးပါ
အချစ်ကားသန့်သန့်လေးကြိုက်နှစ်သက်သူတွေအတွက်
လက်မလွှတ်သင့်တဲ့ကားကောင်းလေးပါ
  မကြည့်ရသေးတဲ့သူတွေ
ကြည့်ရအောင် စာတန်းထိုးနဲ့တင်ပေးလိုက်ပါတယ်
 
ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ်

 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
 
Download 715 MB
http://pc.cd/vaPrtalK 







အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/



Sunday, October 25, 2015

The Lady (2011) မြန်မာစာတန်းထိုး

The Lady (2011) မြန်မာစာတန်းထိုး

ဒီဇာတ်ကားကို အရင်က တင်ပေးဖူးပါတယ်..
အခုလည်း ထက်တင်ပေးဖို့ တောင်းဆိုတဲ့သူတွေ ရှိလို့ ထက်တင်ပေးလိုက်ပါတယ်..
The Lady ကို မကြည့်ရသေးတဲ့ သူငယ်ချင်းတွေနဲ့ 
ထက်ကြည့်ချင်သေးတဲ့ သူငယ်ချင်းတွေ
 အောက်မှာ တိုက်ရိုက်ကြည့်လို့ ရအောင်ထက်တင်ပေးလိုက်ပါတယ်..
Download လုပ်ချင်တဲ့ သူငယ်ချင်းတွေ အဆင်ပြေအောင်
pCloud ကပါ ထက်တင်ပေးထားပါတယ်..
အောက်က Download ကို ကလစ်ပြီး ကြည့်ရှုဒေါင်းယူနိုင်ပါတယ်..

  Download 360 MB
Download Here

PC သမားတွေကတော့ အောက်မှာ တိုက်ရိုက်ကြည့်ရှုနိုင်သလို
ဒေါင်းယူချင်ရင်တော့ IDM လေးသာစက်ထဲ ထည့်ထားလိုက်ပေါ့ဗျာ..



Saturday, October 24, 2015

The Man from Nowhere (2010) မြန်မာစာတန်းထိုး


 The Man from Nowhere (2010) မြန်မာစာတန်းထိုး 

ဒီတခါတော့ ကိုးရီးယားအက်ရှင်ကားလေးတင်ပေးလိုက်ပါတယ်
မင်းသားကတော့ အားလုံးသိထားတဲ့
ထယ်ဆောက်မင်းသား Bin Won ပါ
Action, Crime, Thriller ဖြစ်ပြီးမူးယစ်မှောင်ခိုဂိုဏ်း
နှင့်ကလေးများအားဖမ်းဆီးပြီး ဘိန်းဖြူရောင်းခိုင်းတဲ့ ဂိုဏ်းအဖွဲ့
ကိုကလဲ့စားချေနှိမ်နင်းတဲ့ကားပါ မကြည့်ရသေးတဲ့သူတွေ
ကြည့်ရအောင် စာတန်းထိုးနဲ့တင်ပေးလိုက်ပါတယ်
 
ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ်

 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
  







အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/



Friday, October 23, 2015

Tale of Tales (2015) မြန်မာစာတန်းထိုး


  Tale of Tales (2015) မြန်မာစာတန်းထိုး 

ဒီဇာတ်ကားကတော့ Fantasy, Romance
အမျိုးအစားဖြစ်ပါတယ် 
ရှေးရှေးတုန်းက ရောမပုံပြင်ကို ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပါတယ်
ဇာတ်လမ်းကတော့ ဟိုးရှေးရှေးတုန်းက တိုင်းပြည်ကြီးတခုတွင်
အိမ်နီးချင်းနိုင်ငံ ၃ ခုဟာ ရဲတိုက်ကြီးတခုစီမှာ
ဘုရင်၊မိဖုရား၊မင်းသားများ၊မင်းသမီးများ၊မောင်းမအစေခံများနဲ့
ခန့်ခန့်ထည်ထည်နေထိုင်ကြပြီး ကိုယ့်နိုင်ငံကိုယ်အုပ်ချုပ်မင်းလုပ်ခဲ့ကြတယ်
(၁) ပထမနိုင်ငံကိုအုပ်ချုပ်သော ဘုရင်နဲ့မိဖုရားတို့ဟာ
သားသမီးမထွန်းကားတဲ့အတွက် သားသမီးအရမ်းကိုလိုချင်ခဲ့ကြပါတယ်
တညမှာ... သားသမီးရဖို့အတွက် ပင်လယ်ထဲက မကောင်းဆိုးဝါး
ကောင်ကြီးရဲ့နှလုံးကိုထုတ် အပျိုစင်စစ်စစ်ကိုချက်ပြုတ်ခိုင်းပြီး
မိဖုရားကြီးစားမယ်ဆိုရင် သားသမီးချက်ချင်းရမယ်လို့ လူတစ်ယောက်
ကလာပြောသောအခါမှာ......
(၂) ဒုတိယနိုင်ငံမှ ဘုရင်ကြီးကတော့ မိန်းမအလွန်ရှုပ်သော ဘုရင်ကြီး
ဖြစ်ပါတယ် သူဟာမောင်းမများနဲ့ပျော်မြူးသောက်စားနေမှကျေနပ်နေတဲ့
ဘုရင်ကြီးပါ တညမှာ...လသာဆောင်ပေါ်မှမိန်းမတဦးသီချင်းဆိုသံကို
ကြားပြီးနောက်စွဲလမ်းခဲ့ပါတယ် ထိုမိန်းမမှာ အမှန်တကယ်က အသက်
ကြီးရွတ်တွနေတဲ့အဘွားကြီးဖြစ်ပြီးသူ့ညီမနဲ့ဝက်စာကျင်းလို

အိမ်လေးထဲမှာလူမြင်မခံဝံ့ပဲနေနေကြရပါတယ် 
ဘုရင်ကြီးဟာ အသံကြားရုံနဲ့
တမ်းတမ်းစွဲဖြစ်ပြီးလူချင်းတွေ့ရဖို့ကြိုးစားပါတော့တယ်....
(၃) တတိယနိုင်ငံမှာတော့ ဘုရင်ကြီးမှာ ချစ်စရာအလွန်ကောင်းသော
ဗွိင်အိုလက်ဆိုတဲ့ သမီးတော်လေးတပါးရှိပါတယ် သမီးတော်လေးဟာ
အိမ်ထောင်ပြုဖို့ အရွယ်ရောက်လာသောအခါ သူ့သမီးလေးအတွက်
ကြင်ယာတော်ကို သူကိုယ်တိုင်မွေးထားတဲ့ သန်းအရေခွံကို
ဘာလဲဆိုတာဖြေနိုင်တဲ့သူဟာ သမီးတော်နဲ့ပေးစားမယ်လို့
အမိန့်ထုတ်လိုက်သောအခါမှာတော့.....
ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်ရှုစားကြပါကုန်....
ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ်

 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
  







အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/



Thursday, October 22, 2015

Unbroken (2014) မြန်မာစာတန်းထိုး


   Unbroken (2014) မြန်မာစာတန်းထိုး 

ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်အတွင်းက
တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ဒါရိုက်တာ
#Angelina Jolie ကပြန်လည်ရိုက်ကူးထားတာပါ
အမေရိကန်နိုင်ငံသား Louis Zamperini ဟာ
အိုလံပစ်အပြေးချန်ပီယံတဦးဖြစ်ပါတယ်
သူဟာငယ်ရွယ်စဉ်က လေလွှင့်နေတဲ့လူငယ်ဖြစ်ပြီး
အစ်ကိုဖြစ်သ  ပိတ် ရဲ့အားပေးမှုနဲ့ အပြေးချန်ပီယံ
တစ်ယောက်ဖြစ်ခဲ့တယ်။ ဒုတိယကမ္ဘာစစ် ဖြစ်တော့

 အမေရိကန်လေတပ်ထဲ ၀င်ခဲ့ပြီးဗုံးကြဲသမားအဖြစ်
တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။

 ရန်သူစစ်အခြေစိုက်ကျွန်းသို့ဗုံးကြဲရာမှ
လေယာဉ်ပျက်ကျပြီး ပစိဖိတ်သမုဒ္ဒရာအတွင်း သူ့သူငယ်ချင်း ၂ယောက်နဲ့အတူ အသက်ကယ်လှေနှင့်မျောနေခဲ့ပါတယ် 

(၄၇)ရက်ကြာပြီးနောက် ရန်သူဖြစ်တဲ့ဂျပန်စခန်းကိုရောက်ရှိပြီး ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်
ဒီဇာတ်ကားထဲမှာ Louis Zamperini ရဲ့ဘ၀အခက်အခဲများ ဘယ်လောက်ကြံ့ကြံ့ခံနိုင်ခဲ့တယ်ဆိုတာကို
ပေါ်လွင်အောင်ရိုက်ကူးပြသခဲ့ပါတယ် သူ့အစ်ကိုပြောတဲ့စကား
တခွန်းဖြစ်တဲ့ " မင်းလုပ်မယ်ဆိုရင် မင်းလုပ်နိုင်ပါတယ်" ဆိုတဲ့
စကားနဲ့ သူ့စိတ်ဓါတ်အင်အားကို သူမြှင့်တင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်
မကြည့်ရသေးတဲ့သူတွေ ကြည့်ဖြစ်အောင်သာကြည့်ပါလို့
တိုက်တွန်းချင်ပါတယ် ဒီဇာတ်ကားထဲမှာ 

ယူတတ်ရင်သင်ခန်းစာ တွေအများရတဲ့ကားဖြစ်သလို
တတ်ကျမ်းတအုပ်ဖတ်ရသလို စိတ်ဓါတ်ခွန်အားတွေ
မြင့်တင်နိုင်တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။
ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ်

 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
  







အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/



Wednesday, October 21, 2015

Cat Shit One (2009) မြန်မာစာတန်းထိုး


Cat Shit One (2009) မြန်မာစာတန်းထိုး 

Animation ကြိုက်နှ်စ်သက်သူများအတွက်
Cat Shit One ဆိုတဲ့ 
စစ်တိုက်တဲ့ကာတွန်းကားလေးကိုတင်ပေးလိုက်ပါတယ်
ကလေးရောလူကြီးပါကြည့်လို့ကောင်းတဲ့ကားလေးပါ
ဇာတ်ကားတိုလေးဆိုပေမယ့်ကလေးတွေအကြိုက်ပေါ့
မကြည့်ရသေးရင်ကြည့်ဖြစ်အောင်ကြည့်ပါ 
စာတန်းထိုးကိုတော့ Cin Pu (ကိုကျင့်ပူ)
  https://www.facebook.com/cin.pu.127 ဘာသာပြန်ပြီး ပေးပို့ခဲ့တာပါ..
ပုံမှန်အတိုင်း pCloud ကနေ  တင်ပေးထားပါတယ်
 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
 

 360p Download 80 MB
http://pc.cd/O9Trtal
 


အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/

Tuesday, October 20, 2015

SPL 2: A Time for Consequences (2015) မြန်မာစာတန်းထိုး


  SPL 2: A Time for Consequences (2015)

မြန်မာစာတန်းထိုး

ဒီဇာတ်ကားကတော့ ကြည့်ချင်သူများတောင်းဆိုနေတဲ့
ထိုင်းမင်းသား နဲ့ တရုတ်မင်းသား  
တို့ပါဝင်ထားတဲ့ ဖိုက်တင်ကားပါ  
ဖိုက်တင်မင်းသား ၃ ယာက်ပါဝင်သရုပ်ဆောင်ထားခြင်းဖြစ်ပါတယ်
အတိုက်အခိုက်အကြမ်းအရမ်းမှကြိုက်နှစ်သက်သူတွေ
အတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားပါ
မကြည့်ရသေးတဲ့ သူတွေကြည့်ရအောင်လို့
စာတန်းထိုးနဲ့တင်ပေးလိုက်ပါတယ်
ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ်

 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
  







အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/



Monday, October 19, 2015

Boy (2010) မြန်မာစာတန်းထိုး


Boy (2010) မြန်မာစာတန်းထိုး 

ဒီဇာတ်ကားကတော့ 
Comedy, Drama  အမျိုးအစားဇာတ်ကားဖြစ်ပါတယ်
IMDb Rating 7.5 ထိရထားတဲ့ကားပါ
၁၉၈၄ ခုနှစ်က နယူးဇီလန်အရှေ့ဘက်ကန်းရိုးတန်းတွင်
နေထိုင်သော အသက် ၁၁ နှစ်အရွယ် Boy လို့ခေါ်တဲ့ကောင်လေးဟာ
မိုက်ကယ်ဂျက်ဆင်ကို အရူးအမူးစွဲလမ်းနှစ်သက်သူတစ်ယောက်ပါ
အမေကတော့ သူ့ညီလေးမွေးကင်းစမှာဆုံးသွားပြီးနောက်
အဖေကတော့ ထောင်ကျနေတာဖြစ်ပြီး ထောင်ကနေထွက်ပြေး
လာပါတယ် အိမ်ပြန်လာတဲ့ အဖေကို Boy ဟာအရမ်းကို
အထင်ကြီးလေးစားခဲ့တာပါ ဒါပေမယ့် သူ့အဖေကတော့
သူထင်သလိုမဟုတ်ခဲ့ပါဘူး
ဒီဇာတ်ကားမှာ ကလေးသဘာဝအလေ့အကျင့်လေးတွေနဲ့
ပြိုကွဲနေတဲ့မိသားစုဘ၀မှာ ကလေးတွေရဲ့စိတ်သဘောစရိုက်လေး
တွေကိုပေါ်လွင်အောင်ပြသထားပါတယ်
ရယ်စရာဟာသလေးများနဲ့ ခံစားရအောင်ထည့်သွင်းရိုက်ကူး
ထားခြင်းဖြစ်ပါတယ် Boy ရဲ့စိတ်ခံစားမှုကိုအသာပေးရိုက်ထားပြီး
ဖခင်ဟာ သားယောက်ျားတွေအတွက် ဟီးရိုးတစ်ယောက်ပဲ
ဆိုတာ ပြသထားတဲ့ဇာတ်ကားတစ်ကားပါ
မကြည့်ရသေးတဲ့သူတွေ ကြည့်ဖြစ်အောင်ကြည့်ကြည့်ပါ
စာတန်းထိုးကိုတော့
Cin Pu (ကိုကျင့်ပူ)  https://www.facebook.com/cin.pu.127 ဘာသာပြန်ပြီး ပေးပို့ခဲ့တာပါ..

ပုံမှန်အတိုင်းpCloud ကနေ  တင်ပေးထားပါတယ်
 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
  





အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/

Sunday, October 18, 2015

San Andreas (2015) မြန်မာစာတန်းထိုး


San Andreas (2015) မြန်မာစာတန်းထိုး

တော်တော်များများတောင်းဆိုထားကြတဲ့ 'The Rock' ရဲ့ကားပါ..။
ဇာတ်လမ်းကတော့ California Institute of Technology က Seismologist ငလျင်စောင့်ကြည့်လေ့လာသူ သိပ္ပံပညာရှင် Dr. Kim Park (Will Yun Lee) နဲ့ Lawrence Hayes (Paul Giamatti) တို့က ငလျင် မလှုပ်ခင် ကြိုတင်ခန့်မှန်းပေးနိုင်မယ့် Program နမူနာ အောင်မြင်ထားပေမယ့် လူတွေက ဂရုမစိုက်ကြပါဘူး။ ဒီလိုအချိန်မှာပဲ Kim နဲ့ Lawrence တို့က Hoover Dam  ရေကာတာကြီး နားမှာ ငလျင်အသေးစားလေးတွေ လှုပ်မယ်လို့ သူတို့ ရဲ့ Program က ခန့်မှန်းထားတာကြောင့် သွားလေ့လာနေကြပါတယ်။ ဒီအချိန်မှာ သူတို့ ခန့်မှန်းထားတာမှန်နေတာကိုတွေ့လိုက်ရတဲ့အချိန်မှာပဲ၊ ပရိုဂရမ်က နောက်ထပ် ပြင်းအား ၇.၁ ထပ်လှုပ်မယ်လို့ ပြနေပြီး၊
 တကယ်လှုပ်သွားတာကို ကြုံလိုက်ရပါတယ်..။
ကယ်ဆယ်ရေးဝန်ထမ်းတယောက်ဖြစ်တဲ့ Ray (Dwayne Johnson) နဲ့
ကွာရှင်းထားပြီးသား ဇနီးဟောင်းရယ်...။
ငလျင်အန္တရာယ်ကြားထဲက သမီးရယ်..။
တချိန်က အလွန်နာမည်ကြီးခဲ့ 2012 လို Action, Drama, Thriller
အမျိုးအစားဖြစ်ပြီး 'The Rock' ရဲ့ ပရိတ်သတ်တွေနဲ့
Action ဇာတ်ကားနှစ်သက်သူတွေ လက်မလွှတ်သင့်တဲ့
ဇာတ်ကားလေးမို့ မကြည့်ရသေးတဲ့ သူငယ်ချင်းတွေကိုလည်း
လက်တို့(SHARE) ပြီးပြောလိုက်ကြပါဦး..။
  ပုံမှန်အတိုင်းpCloud ကနေ  တင်ပေးထားပါတယ်
 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ..


အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/




srt by:san-andreas/burmese/1197483

Spirit: Stallion of the Cimarron (2002) မြန်မာစာတန်းထိုး


Spirit: Stallion of the Cimarron (2002) မြန်မာစာတန်းထိုး

IMDb မှာ Ratings: 7.0 ရထားတဲ့
 Animation, Adventure, Comedy အမျိုးအစား ဇာတ်ကားလေးပါ..။
ဒီဇာတ်ကားကိုတော့ မကြာသေးခင်ကျနော်တင်ခဲ့
Animation ဇာတ်ကားတကားဖြစ်တဲ့ 9 (2009) ကိုဘာသာပြန်ပေးတဲ့
Cin Pu (ကိုကျင့်ပူ)  https://www.facebook.com/cin.pu.127 ဘာသာပြန်ပြီး ပေးပို့ခဲ့တာပါ..။
အထူးကျေးဇူးတင်ရှိကြောင်းပါ ကိုCin Pu ခင်ဗျာ..။
အခု  Spirit ဇာတ်ကားလေးကတော့ အပျင်းပြေသာမက
လေးနက်တဲ့ ဒဿ     နတွေပါ တွေ့ရမယ့်ဇာတ်ကားပါ..။
လွတ်လပ်တဲ့ မြင်းရိုင်းတကောင်ရဲ့ ဘ၀ နဲ့
လွတ်လပ်မှုအတွက် ရဲရဲဝင့်ဝင့် ရင်ဆိုင်စွန့်စားမှုတွေဟာ
တတ်ကျမ်းတအုပ်ဖတ်ရသလို စိတ်ဓါတ်အင်အားတွေ
ရရှိစေမယ့် ဇာတ်ကားကောင်းပါ..။
့ပုံမှန်အတိုင်းpCloud ကနေ  တင်ပေးထားပါတယ်
 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
  



 


အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/

Saturday, October 17, 2015

MX Player


MX Player

မတင်ပေးဖြစ်တာကြာပြီဖြစ်တဲ့ MX Player update version လေးပါ
Android သမားတွေအတွက် မရှိမဖြစ်..Playerပြပါဆိုရင်
ဒီ MX Player လေးကို ပြရမှာပါ..
ဒီ Player လေးနဲ့ ဖွင့်လို့ မရတဲ့ video format ဆိုတာမရှိသလောက်ပါပဲ..
ဒါပေမယ့်  MKV format avi format တွေကို ဖွင့်မရတာ
တော်တော်များများ ကြုံဖူးကြမယ်ထင်ပါတယ်..
mp4 ကို MX Player နဲ့ ကြည့်လို့ အဆင်ပြေပေမယ့်..
mkv.avi ဖိုင်တွေ ဖွင့်တဲ့အခါ..အသံပဲကြားရပြီး ရုပ်မမြင်ရတာ..
မြင်ရတော့လည်း ထစ်ထစ် နဲ့ ကြည့်လို့ အဆင်မပြေတာတွေ 
ဖြစ်ဖူးကြမှာပါ..ဒါကလည်း
တကယ်တော့ လွယ်လွယ်လေးပါ..
ကိုယ့်ချင်တဲ့ MKV ဖိုင်လေးကို MX Player နဲ့ ဖွင့်လိုက်..
အောက်က ပုံကို ကြည့်ပါ..

ကြည့်လို့ မရတဲ့ video ဆိုရင် ပုံမှာ ပြထားတဲ့ နေရာလေးကို
ထောက်လိုက်ရင် အောက်က ပုံအတိုင်းကျလာပါမယ်..


အဲဒီမှာ ပုံမှာပြထားတဲ့အတိုင်း S/W decoder ကိုရွေးလိုက်ရင်
အရင်က အသံပဲကြားရပြီး ရုပ်မမြင်ရတာ.. 
 မြင်ရတော့လည်း ထစ်ထစ် နဲ့ ကြည့်လို့ အဆင်မပြေတဲ့ 
video တွေကို အဆင်ပြေပြေပြေကြည့်နိုင်ပါပြီ..
အဆင်ပြေပါစေ...
နောက်ဆုံးထွက်  MX Player Pro v1.7.35.nightly version ကို
အောက်က အဆင်ပြေရာကနေ ဒေါင်းယူနိုင်ပါတယ်..



Download

Advanced Download Manager

Advanced Download Manager

Apk တွေ မတင်ပေးဖြစ်တာတောင် ကြာပြီဗျာ..
နောက်ဆုံးထွက်  ADM version အသစ်လေးပါ.. 
Android ဖုန်း တွေအတွက် အကောင်းဆုံး  Downloader လေးပါ..
 အရင်ကလည်း တင်ဖူးပါတယ်..
ဖုန်းထဲကနေ ရုပ်ရှင်တွေ သီချင်းတွေကို download လုပ်ချင်တယ်ဆိုရင်တော့ 
ဒီ ADM လေးကိုသာ ဖုန်းထဲထည့်ထားလိုက်ပါ..
 အောက်မှာ ဒေါင်းယူလိုက်ပါ..။

သီတင်းကျွတ်တမ်းချင်း


သီတင်းကျွတ်တမ်းချင်း

ရန်ကုန်ရဲ့ တောင်ဘက် မိုင်၂၀ ၀န်းကျင်၊
 ရွှေမှော်ဝန်း ကျောက်တန်းကနေ ရေလယ်စေတီတော် စံပါယ်ရာ
မှော်ဝန်းချောင်းကို ဖြတ်ပြီး တောင်ဘက် ၇ မိုင်လောက်မှာ
 ကျနော့်ရဲ့ မွေးရပ်မြေ ကမာကလုတ်ရွာ ရှိပါတယ်..
၇ွာမှာ အိမ်ခြေ (၃၀၀၀) ခန့်..
((ကျနော် ခန့်မှန်ချက်ပါ လွဲကောင်းလွဲနိုင်ပါတယ်))
ဘုန်းတော်ကြီး ကျောင်း ၃ ကျောင်းရှိတယ်..
ကျနော်တို့ရွာမှာ ရိုးရာ ၁၂ လရာသီ ပွဲတော်တွေကို
အထိုက်အလျှောက် ဆင်နွဲကြတဲ့ ပျော်စရာရွာလေးပါ..
ဒီပွဲတော်တွေထဲက သီတင်းကျွတ်ပွဲတော်ဆိုတာ..
ကျောက်တန်းမြို့နယ်တင်သာမဟုတ် ရန်ကုန်တောင်ပိုင်းခရိုင်တခုလုံးမှာ
ကျနော်တို့ ကမာကလုတ် က အစည်ကားဆုံး လို့ပြောနိုင်ပါတယ်..
သီတင်းကျွတ်ရောက်ရင် အဝေးရောက် ရွာသူ ရွာသားတွေ
အိမ်ပြန်လာကြ မိဘဆရာ သက်ကြီးရွယ်အိုတွေကို ကန်တော့ကြ..
ရွာနီးစပ်ချုပ်က လူတွေကလည်း သီတင်းကျွတ် ရောက်ပြီဆိုရင်
ကမာကလုတ်မှာ ဆင်နွဲကြနဲ့ မို့ စည်းကားလှတဲ့ ရွာအလှပါ....
( အရင်တုန်းကပါ ရွာနဲ့ ဝေးကွာခဲ့တာ ၉ နှစ်လောက်ရှိပြီမို့ အခုတော့မပြောတတ်)

ရွာလယ်မှာ ကောဇာသက္ကရာဇ် ၁၂၇၂ ခုနှစ်မှာ သွန်းလုပ်ပြီးစီးတဲ့
မန်လေး မဟာမြတ်မိုနိရုပ်ရှင်တော်မြတ်နဲ့ ဉာဏ်တော် တလက်မ နိမ်တဲ့
ပုံတူ ကျွန်းလုံးချမ်းသာ မြတ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး စံပါယ်ပါတယ်..

သီတင်းကျွတ် လဆန်း ၁၄ ရက်နေ့
မှာ ဆွမ်းတော်ကြီးတင်ပွဲအဖြစ်
 မြတ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကို မုန့် သစ်သီး အစရှိတဲ့
စားဖွယ်ရာတွေကို နေ့လည် ၁၂ နာရီမတိုင်မှီအထိ ကပ်လှူပူဇော်ကြပါတယ်..
အပြင်က ကျနော်တို့ အခေါ် ကျောင်းဝိုင်းကြီး အတွင်းမှာတော့
ခြင်းခတ် ဘောလီဘော ဘောလုံးအစရှိတဲ့ လူငယ်တို့ရဲ့
လေ့ကျက်ရာတွေကို ပျော်ရွင်ဆင်နွဲနေကြပါတယ်..
ရွာစုံက လူငယ်တွေ ခြေစွမ်းပြ လက်စွမ်းပြ ပရိပ်သတ် လက်ခုပ်သံ တညံညံနဲ့
ပျော်ရွင်ဖွယ်ရာ အတိပြီးသော ကာလ...
ညပိုင်းမှာ ရွာလယ်က ကပ္ပဿတ္တိစောမုနိ စေတီတော်မြတ်ကြီးမှာ
 ဆီမီး ဖရောင်းတိုင်းမီးတို့ဖြင့် မြတ်ဗုဒ္ဓကို ရွယ်ရည်လို့ မီးပူဇော်ကြပါတယ်..
လပြည့်နေ့...
သီတင်းကျွတ် လပြည့်လ နေ့ရောက်ရင် တရွာလုံး အိုးစည်ဒိုးပတ်သံတွေ
စည်ဝေနေပါတော့တယ်..
ရွာရဲ့ ဘုန်းတော်ကြီးကျောင်း ၃ ကျောင်းအနက်က
ရွာအနောက်ထိပ်က ကန်ဦးကျောင်းတိုက်ကို ကန်တော့ပွဲနေ့အဖြစ်
 သတ်မှတ်ထားကြပါတယ်..
အခြားကျောင်း ၂ ကျောင်းက ကျောင်းတော်သူ ကျောင်းတော်သားတွေက
အိုးစည်ဒိုးပတ် ၀ိုင်းတွေ ခြံရန်ပြီး ဦးပဇင်း ကိုရင်အစ ကျောင်းသားကျောင်း
သူအပေါင်းက ကန်ဦးကျောင်းတိုက်ကို ကန်တော့ပန်းဆင်မြန်းဖို့ ထွက်လာကြသလို ကန်တော့ခံကျောင်းကလည်း သံစုံဒိုးပတ်ဝိုင်းတွေနဲ့ ဦးရွေးရိုး ဒေါ်မိုး အကပါမကျန်အောင်
 ဖျော်ဖြေရေး အစီအမံနဲ့ ကြိုဆိုကြပြီး
အစားအသောက် အကြွေးအမွေးတွေနဲ့ ဧည်ခံပါတယ်..
အဲဒီအချိန်တွေဟာ ရွာရဲ့ အလှဆုံး အချိန်တွေပါပဲ..
ကန်တော့ ပွဲပြီးလို့ သက်ဆိုင်ရာ ကျောင်းတွေဆီ ပြန်ကြတဲ့
သူတွေရဲ့ အိုးစည် ဒိုးပတ် အက အလှ တွေရယ်
ပို့ဆောင်တဲ့ ကန်တော့ခံကျောင်းရဲ့ ဖျော်ဖြေရေးအက အလှတွေရယ်
ဒါတွေဟာစာဖွဲ့မမှီတဲ့ ရွာရဲ့ ပုံရိပ်တွေပါပဲ..
ညပိုင်းမှာတော့ လပြည့်ညမို့ အိမ်တိုင်းမှာ ဖရောင်းတိုင် မီးတွေ
ထွန်းညိုပြီး မြတ်ဗုဒ္ဓကို ပူဇော်ကြတာမို့ ရွာဟာ
ကုသိုလ်အလင်းတွေနဲ့ တောက်ပ ရွန်းမြနေပါတယ်..
လူငယ်တွေကလည်း လူငယ့်သဘာဝ ကိုယ့်ပိုးပန်းနေတဲ့
မိန်းမပျိုလေးနားကို ခြင်းကပ်ပြီး ပေါင်းရပါစေသား မကြားတကြားနဲ့
ဆီမီး အလင်းရောင်နဲ့ ကိုယ်ရောင်ထ ဖို့ ကြိုးစားနေကြတတ်ပါတယ်..
သီတင်းကျွတ် လပြည့်ကျော် ၁ ရက်..
ဒီနေ့ကတော့ ရွာလည်က ဘုံပျံကျောင်းတိုက် ကန်တော့ခံတဲ့ နေ့ဖြစ်ဖြစ်သလို
မနက်ဖြန် လပြည့်ကျော် ၂ ရက် ဆီဆွမ်းလောင်းပွဲအတွက် ရပ်ဝေးသံဃာတွေ
ကြွလာမှာမို့ ကျောင်းတိုက်အသီးသီးက ဝေယျာဝစ္စအဖွဲ့တွေ
အလုပ်များကြသလို ဆီဆွမ်းခံပွဲမှာ ဆင်နွဲဖို့ တီးဝိုင်းတွေ ပြင်ဆင် လို့ အလု

ပ်များသလို ရွာထဲမှာ ဒိုးပတ်သံတွေ စည်ညံလို့ လူတိုင်းရဲ့ရင်ထဲမှာ
စည်းဝါးအလိုက် အပျော်တွေ ယိမ်းကစားနေကြရဲ့...
နေ့လည်ပိုင်းမှာ မနေ့ကအတိုင်း ကန်တော့ ရမယ့်ကျောင်း ၂ကျောင်းက
ကန်တော့ခံ ဘုံပျံကျောင်းတိုက်ဆီကို ဒိုးပတ်သံတွေ ပျံလွင့်ရင်း ၀င်ရောက်လာသလို
ကန်တော့ခံ ကျောင်းက ကြိုဆိုတဲ့ အတီးအမှုတ်အက အခုန်တွေဟာ
ကျနော့် ရင်ထဲ ဒီနေ့အထိ စီးမျော ဆဲပါပဲ...
ဒီညကတော့ အပျို လူပျိုတွေ မနက်ဖြန် ဆီဆွမ်းပွဲ မှာ
ဟန်ရေးပြဖို့ ကြိုတင် လမ်းသလားလို့ စည်းကားလှတဲ့ ညအလှပါပဲ..

လပြည့်ကျော် ၂ ရက်..
ဒီနေ့ကတော့ ကျနော်တို့ သီတင်းကျွတ် ပွဲတော်ရဲ့
အထွတ်အထိပ် ဆီဆွမ်း လောင်းပွဲတော်နေ့ ပါပဲ...
မနက်ပိုင်းမှာ ကျောက်တန်း ၊ သံလျှင် ၊ ရန်ကုန် မြို့ကျောင်းတိုက်ပေါင်းများစွာရယ် 
အနီးအနား ရွာပေါင်းများစွာက သံဃာတော်တွေကို ဆီဆွမ်းလောင်းလှူဖို့
အတွက် ခုံတွေ နေရာချ ပြင်ဆင်ကြသလို့ ဆီဆွမ်းပွဲမှာ မိုးမရွာဖို့
ရှင်ဥပဂ္ဂတ္တ မထေရ် မြတ်ကို ပူဇော်....
နေ့ခင်းမှာတော့ ရွာခံအပျို လူပျိုတွေသာမက ဧည့်သည် ဖြစ်တဲ့ အပျို လူပျိုတွေ
ဝတ်ကောင်းစားလှ တွေဝတ်ပြီး ပွဲရှုခံ ထွက်လာပါတော့..
တနှစ်လုံး နေမထိ လေမထိတဲ့ ရွှေ နဲ့ ကျောက်သံပတ္တမြားတွေဟာ
နေရောင်အောက် အတိုးချ လင့်လက်ခွင့်ရကြသလို
ဘိနပ်မှ အစ ထီးအဆုံး အသစ် မှ အသစ်တွေ ကြီးစိုးလို့
သူသူငါငါ လူတကာ လှနေလေကြရဲ့...
ကိုလူပျိုတို့က နေရောင်ကို လရောင်အမှတ်နဲ့ ချစ်သူရှေ့ လျှောက်ပြန်သံပေး
ဟန်ရေးပြနေကြတဲ့ ကာလ..
ကျောင်းတိုက်တွေအတွင်းမှာတော့..
ဆီဆွမ်းပွဲမှာ ဆင်နွဲဖို့ တီးဝိုင်းတွေ အသင့်အနေအထားနဲ့
သံစဉ်တွေနဲ့ နေရောင်ကို ဖြိုခွင်းဖို့ မာန်ချီနေကြသလို
သံဃာတပါးအတွက် ရွှေထီးတယောက် သပိတ်တယောက်
ခွဲတန်းချ နေကြတာ ကံစမ်းမဲ ဖေါက်နေသပါပဲ..
ကျနော် အပါအ၀င် အများစုက ရွှေထီးထက် သပိတ်လောက်ပဲ
ပိုက်ချင်သူက အများသား...
သပိတ်ပိုက်တဲ့သူက ဆီဆွမ်းလောင်း အပျိုတွေ နားက ကပ်လျှောက်ရပြီး
ထီးမိုးသမားကတော့ နေရောင် က သံဃာတော်အပေါ် အထိပါးဖို့
ကာကွယ်ရသူမို့ စစ်သူကြီးလို့ တာဝန်က ကြီးလှတယ်..
သပိတ်ပိုက် တဲ့ လူအတွက်ကတော့ ကိုယ့်ကိုအမြင်ကပ်နေတဲ့
မိန်းကလေး လက်ရေးပြလို့ လက်ပေါ်စဉ်တတ်လာတဲ့
ဆီကြောင့် သပိတ်လွတ်မကျဖို့ အားထုတ်ရတာကလည်း
ချွေးစေးပြန်လောက်တယ်..
ထွက်လာပါပြီး ရှေ့ဆုံးက ရှေ့ပြေးဒိုးပတ်ဝိုင်းက မြိုင်ဆိုင်တဲ့ အတီးနဲ့
ဟာသဆွတ်တဲ့ နှဲသံ တခါတခါ အဲဒါတွေနဲ့ အတူ တွေ့ရတတ်တာက
အုန်းပင်တန်းဘက်အပိုင်း မင်းသားလုပ်ပြီးကနေတဲ့ မိတ်ကပ်အဖွေးသားနဲ့
ဦးမိုးဝေ...၀ါသနာက ဒိုးသံကြားရင် ခုန်ချင်လို့ပါတဲ့..
အဲဒီနောက် ရှေ့ဆုံးက ကျောင်းတိုက် နာမည်ဆိုင်ဘုတ်ကိုင်ထားတဲ့
ကျောင်းသားနောက်က သံဃာတော် အတန်းလိုက်..
လက်အုပ်ချီ ဒူးထောက်လို့ မာန်စင်လို့ ကြည့်လင်နေကြတဲ့
ပရိတ်သတ်ဟန်...
အဲဒီနောက် စုရပ်ဖြစ်တဲ့ အရှေ့ပိုင်းဓမ္မရုံအထိ တီးဝိုင်း တဖွဲ့
အဲဒီနောက်က ကျောင်းတိုက် ရဲ့ ကိုယ်စားပြုသံဃာတွေ..
ညနေ ၂ နာရီလောက်မှာတော့ ကျောင်းတိုက်ပေါင်းစုံက သံဃာတွေ
အရှေ့ပိုင်း ဓမ္မရုံမှာ စုစုစည်းစည်း ဖြစ်နေပါပြီ..
ရာသီဥတု အခြေအနေအလျှောက် ဆီဆွမ်းလောင်းလှူပွဲကို ၂ နာခွဲလောက်မှာ
စတင်ပါတယ်..အရင်ဆုံး အာဂန္တာု ပင့်သံဃာတွေ က
စတင် ပါတယ်..သံဃာတပါးကို သပိတ်ကိုင်သူ တယောက် ရွှေထီးမိုးသူတ
ယောက်က ခြံရန်ပြီး ဆီဆွမ်းခံပွဲကို စတင်ပါတယ်..
ကျောင်းတိုက် တခု မှာ ဒိုးပတ်ဝိုင်း တခုက ဖျော်ဖြေပါတယ်..
ဧည့်သံဃာတွေ ပြီးမှ နောက်ဆုံး ရွာခံ ၃ ကျောင်းက စတင်ပါတယ်..
နောက်ဆုံး အလှည့်ကို ရွာခံကျောင်း ၃ ကျောင်းက အလှည့်ကြရယူပါတယ်..
နောက်ဆုံးပိတ် အိပ်နဲ့ လွယ်ပေါ့...
ညနေပိုင်း လောက်မှာ ဆိုင်ရာဆိုင်ရာ ကျောင်းတိုက်တွေကို
ပြန်ရောက်ကြပြီ နောက်ဆုံး ကန်တော့ခံ ရွာတောင်ပိုင်းက ကမာဇွဲပရဟိတ ကျောင်းကို အခြားကျောင်းအသီးသီးက အိုးစည်ဒိုးပတ်တွေ ၀န်းရံပြီး ကန်တော့ဖို့ ထွက်လာကြပါတယ်..
ကန်တော့ခံ ကျောင်းက တိုင်းရင်းသား ပရဟိတ ကျောင်းမို့
ပအိုဝ်း ပဒေါင် အစရှိတဲ့ တိုင်ရင်းသားရိုးရာ အကတွေနဲ့ ကြိုဆိုတာမို့
တမူထူးလှတဲ့ မြင်ကွင်းမျိုးပါပဲ..
လောကမှာ မပြီးဆုံးသော ပွဲတော်ဆို မရှိဘူး ဆိုတဲ့အတိုင်း
ကျနော်တို့ ရဲ့ သီတင်ကျွတ်ပွဲတော်ကြီးလည်း အပျော်တွေနဲ့ စပြီး..
လွမ်းမောဖွယ်ရာ တနှစ်တာပြီးဆုံးပါတယ်...
ရွာခံတွေအတွက် လွမ်းမောဖွယ်ရာ တည နှစ်ည အပြီးမှာတော့..
လုပ်ငန်းခွင်ထဲ ၀င်ရောက်လို့ ဘ၀အတွက် ရုန်းကန်ဖြတ်သန်းလို့..
သီတင်းကျွတ် ညပုံပြင်ရသူတွေကတော့ တသသ တွေးရင်း...


အားလုံးကို ချစ်ခင်လျှက်
 ချမ်းငြိမ်း-မှော်ဝန်း 

pCloud မှာ တင်တဲ့ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်မရ ဒေါင်းမရ တဲ့သူတွေ ဖတ်ဖြစ်အောင် ဖတ်ပါ..


pCloud မှာ တင်တဲ့ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်မရ
 ဒေါင်းမရ တဲ့သူတွေ ဖတ်ဖြစ်အောင် ဖတ်ပါ..

ကျနော့် ဆိုဒ်မှာ တင်တဲ့ ရုပ်ရုင်ဇာတ်ကားတွေ
အချို့က တိုက်ရိုက်ကြည့်မရလို့ အချို့က ဒေါင်းလို့မရလို့ဆိုပြီ
ပြောလာတာတွေ ရှိနေလို့ ဒီပိုစ့်ကို တင်ပြီး ရှင်းပြလိုက်ပါတယ်..
အခု ကျနော်ရေးမှာကတော့ Android ဖုန်းတွေနဲ့ 
pCloud မှာ တင်တဲ့ ရုပ်ရှင်တွေကို အဆင်ပြေပြေ တိုက်ရိုက်ကြည့်ဖို့ နှင့်
ဒေါင်းယူပြီး ဘယ်လိုကြည့်ရတယ်ဆိုတာ ကိုရှင်းပြပေးမှာပါ..
ကွန်ပျူတာသမားတွေကတော့ ပြောပြဖို့ လိုမယ်မထင်ပါဘူး..
ပြီးတော့..iphone သမားတွေကိုလည်းတောင်းပန်ပါတယ်..
ကျနော် iphone မရှိသလို ကျနော့်ပတ်ဝန်းကျင်ကလည်း
ကျနော်နဲ့ ပတ်သတ်တဲ့ သူငယ်ချင်းတွေထဲမှာလည်း iphone မကိုင်ကြတော့
iphone နဲ့ ပတ်သတ်တဲ့ ပြသနာကိုတော့ ကျနော်အသေးစိတ်ရှင်းမပြနိုင်တာ
တောင်းပန်ပါတယ်..
လေကြောရှည်သွားပြီဗျာ..
ကဲအခု ဒီနေ့တင်ထားတဲ့ Lucy ဇာတ်ကားနဲ့ပဲ လုပ်ကြည့်ရအောင်..
အများစုက FB ကနေတဆင့်ဝင်ကြတာဆိုတော့ အဲဒီကပဲ စရအောင်
အောက်က ပုံကိုကြည့်ပါ..




အဲဒီမှာ ကျနော်မြားပြထားတဲ့ လင့်ကို နှိပ်ပါ...
အောက်က ပုံအတိုင်း ကျလာပါမယ်..


အဲလိုကျလာရင် ကိုယ်နှစ်သက်ရာကိုရွေးနိုင်ပါတယ်..
တကယ်လို့ အရင်တုန်းက တခုခုကို ရွေးပြီး Always ကိုရွေးခဲ့မယ်ဆိုရင်တော့
အခုလို ပေါ်မှာ မဟုတ်ပါဘူး..
ကျနော်ကတော့ Internet ကိုရွေးပြီး Just once ကိုရွေးလိုက်တယ်..


ကျနော်ဆိုဒ်ထဲက Lucy မြန်မာစာတန်းထိုး တင်ထားတဲ့ လင့်ကို ရောက်ပါပြီ..
အဲဒီမှာ ကျနော် မြားပြထားတဲ့ Download Here အောက်က လင့်ကို နှိပ်ပါ..



ကျနော် ဘာ addfly မှ ခံမထားတော့ ရုပ်ရှင်pCloud  လင့်ကို တန်းရောက်သွားပါပြီ..
အဲဒီမှာ လိုင်းကောင်းလို့ တိုက်ရိုက်ကြည့်ချင်ရင် အောက်ဘက်ကို မြားပြထားတဲ့ နေရာကို
နှိပ်ပြီး တိုက်ရိုက်ကြည့်နိုင်သလို..
အပေါ်က အနီရောင် ၀ိုင်းပြီး မြားပြထားတဲ့ နေရာကိုနှိပ်လိုက်ရင်
အောက်က ပုံအတိုင်းကျလာပါမယ်..


ဒေါင်းချင်တယ်ဆိုရင် ADM Editor ကိုရွေးပြီး အောက်က Just once ကိုရွေးပါ..
Always ကိုရွေးမိရင်တော့ နောက်ကို အခုလိုရွေးခွင့်ပေးမှာ မဟုတ်တော့ပါ..
တိုက်ရိုက်ကြည့်မယ်ဆိုရင်တော့ MX Player ကိုရွေးပြီး အောက်က Just once ကိုရွေးပါ..
ဖုန်ထဲမှာ ADM နဲ့ MX Player မရှိသေးဘူးဆိုရင်..
ADM ကို ဒီလင့် မှာ ယူပါ..
MX Player ကို ဒီလင့် မှာ ယူပါ..
အခုက ဒေါင်းယူမှာမို့  ADM Editor ရွေးလိုက်တယ်...



 အဲဒီမှာ start ကိုနှိပ်ပါ..
အောက်ပုံမှာ ကြည့်ပါ ဒေါင်းယူနေပါပြီ..


လိုင်းကောင်းရင် မြန်မယ်...မကောင်းရင် ကြာမယ်ပေါ့..
ကျနော်တော့ ဒေါင်းလို့ ပြီးသွားပါပြီ အောက်က ပုံကိုကြည့်ပါ..


အဲဒီဒေါင်းလို့ ပြီးသွားတဲ့ ဖိုင်ကို ဖွင့်လိုက်ရင်..
အောက်က အတိုင်း ပေါ်လာမယ်..


အဲဒီမှာ MX Player ကိုရွေးပေးလိုက်ပါ..
အောက်က ပုံကို ကြည့်ပါ..


အဲဒီအတိုင်း မှောင်မှောင်ကြီး ဖြစ်နေမယ် ရုပ်မမြင် အသံကြားပေါ့..
ဒေါင်းမိတာ မှားပြီလို့တောင် စဉ်းစားဖူးကြမသိ..
မမှားပါဘူး ကျနော် မြားပြထားတဲ့ နေရာလေးကို ထောက်လိုက်ရင်
အောက်က အတိုင်းကျလာပါမယ်..


အဲဒီမှာ S/W decoder ကိုရွေးလိုက်ပါ..
အဲဒါဆိုရင်....



ကဲကြည့်လို့ ရပါပြီ..
အဆင်ပြေမယ်လို့တော့ မျှော်လင့်ပါတယ်...
ကျနော် အချိန်ပေးပြီး ရှင်းပြထားတာကို အသိမှတ်ပြုတဲ့ အနေနဲ့
ဘာတင်တင် မရဘူးလို့တော့ ထက်မအော်ကြတော့နဲ့နော်...
နောက်တာပါ ..အဆင်မပြေရင် comment မှာပြောခဲ့ကြပါ...



ကျေးဇူးတင်ပါတယ်..
ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/