Monday, October 19, 2015

Boy (2010) မြန်မာစာတန်းထိုး


Boy (2010) မြန်မာစာတန်းထိုး 

ဒီဇာတ်ကားကတော့ 
Comedy, Drama  အမျိုးအစားဇာတ်ကားဖြစ်ပါတယ်
IMDb Rating 7.5 ထိရထားတဲ့ကားပါ
၁၉၈၄ ခုနှစ်က နယူးဇီလန်အရှေ့ဘက်ကန်းရိုးတန်းတွင်
နေထိုင်သော အသက် ၁၁ နှစ်အရွယ် Boy လို့ခေါ်တဲ့ကောင်လေးဟာ
မိုက်ကယ်ဂျက်ဆင်ကို အရူးအမူးစွဲလမ်းနှစ်သက်သူတစ်ယောက်ပါ
အမေကတော့ သူ့ညီလေးမွေးကင်းစမှာဆုံးသွားပြီးနောက်
အဖေကတော့ ထောင်ကျနေတာဖြစ်ပြီး ထောင်ကနေထွက်ပြေး
လာပါတယ် အိမ်ပြန်လာတဲ့ အဖေကို Boy ဟာအရမ်းကို
အထင်ကြီးလေးစားခဲ့တာပါ ဒါပေမယ့် သူ့အဖေကတော့
သူထင်သလိုမဟုတ်ခဲ့ပါဘူး
ဒီဇာတ်ကားမှာ ကလေးသဘာဝအလေ့အကျင့်လေးတွေနဲ့
ပြိုကွဲနေတဲ့မိသားစုဘ၀မှာ ကလေးတွေရဲ့စိတ်သဘောစရိုက်လေး
တွေကိုပေါ်လွင်အောင်ပြသထားပါတယ်
ရယ်စရာဟာသလေးများနဲ့ ခံစားရအောင်ထည့်သွင်းရိုက်ကူး
ထားခြင်းဖြစ်ပါတယ် Boy ရဲ့စိတ်ခံစားမှုကိုအသာပေးရိုက်ထားပြီး
ဖခင်ဟာ သားယောက်ျားတွေအတွက် ဟီးရိုးတစ်ယောက်ပဲ
ဆိုတာ ပြသထားတဲ့ဇာတ်ကားတစ်ကားပါ
မကြည့်ရသေးတဲ့သူတွေ ကြည့်ဖြစ်အောင်ကြည့်ကြည့်ပါ
စာတန်းထိုးကိုတော့
Cin Pu (ကိုကျင့်ပူ)  https://www.facebook.com/cin.pu.127 ဘာသာပြန်ပြီး ပေးပို့ခဲ့တာပါ..

ပုံမှန်အတိုင်းpCloud ကနေ  တင်ပေးထားပါတယ်
 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
  





အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/

Reactions:

1 comments:

  1. စေတနာ ရှေ့ ထားပြီ အချိန်ကုန်ခံ ငွေကုန်ခံ လူပင်ပန်းပြီ ဇာတ်လမ်းကောင်းကောင်းလေးနဲ့ 
    ဇာတ်ကားကောင်းကောင်းလေးတွေကို မြန်မာစာတန်ထိုးတွေနဲ့ တင်ပေးနေတဲ့ ( ချမ်းငြိမ်း-မှော်ဝန်း ) မှ
    အက်မင်များနှင့် ဘာသာပြန်ပေးသူများအား အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။အခုဒီဇာတ်ကားလေးကို ကြည့်ရှုအားပေးနေပါတယ်။
    အက်မင်များအားလုံး ကိုယ်စိတ်နှစ်ဖျာ ကျန်းမာ ချမ်းသာကြပါစေလို့  ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

    ReplyDelete