Saturday, October 17, 2015

pCloud မှာ တင်တဲ့ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်မရ ဒေါင်းမရ တဲ့သူတွေ ဖတ်ဖြစ်အောင် ဖတ်ပါ..


pCloud မှာ တင်တဲ့ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်မရ
 ဒေါင်းမရ တဲ့သူတွေ ဖတ်ဖြစ်အောင် ဖတ်ပါ..

ကျနော့် ဆိုဒ်မှာ တင်တဲ့ ရုပ်ရုင်ဇာတ်ကားတွေ
အချို့က တိုက်ရိုက်ကြည့်မရလို့ အချို့က ဒေါင်းလို့မရလို့ဆိုပြီ
ပြောလာတာတွေ ရှိနေလို့ ဒီပိုစ့်ကို တင်ပြီး ရှင်းပြလိုက်ပါတယ်..
အခု ကျနော်ရေးမှာကတော့ Android ဖုန်းတွေနဲ့ 
pCloud မှာ တင်တဲ့ ရုပ်ရှင်တွေကို အဆင်ပြေပြေ တိုက်ရိုက်ကြည့်ဖို့ နှင့်
ဒေါင်းယူပြီး ဘယ်လိုကြည့်ရတယ်ဆိုတာ ကိုရှင်းပြပေးမှာပါ..
ကွန်ပျူတာသမားတွေကတော့ ပြောပြဖို့ လိုမယ်မထင်ပါဘူး..
ပြီးတော့..iphone သမားတွေကိုလည်းတောင်းပန်ပါတယ်..
ကျနော် iphone မရှိသလို ကျနော့်ပတ်ဝန်းကျင်ကလည်း
ကျနော်နဲ့ ပတ်သတ်တဲ့ သူငယ်ချင်းတွေထဲမှာလည်း iphone မကိုင်ကြတော့
iphone နဲ့ ပတ်သတ်တဲ့ ပြသနာကိုတော့ ကျနော်အသေးစိတ်ရှင်းမပြနိုင်တာ
တောင်းပန်ပါတယ်..
လေကြောရှည်သွားပြီဗျာ..
ကဲအခု ဒီနေ့တင်ထားတဲ့ Lucy ဇာတ်ကားနဲ့ပဲ လုပ်ကြည့်ရအောင်..
အများစုက FB ကနေတဆင့်ဝင်ကြတာဆိုတော့ အဲဒီကပဲ စရအောင်
အောက်က ပုံကိုကြည့်ပါ..




အဲဒီမှာ ကျနော်မြားပြထားတဲ့ လင့်ကို နှိပ်ပါ...
အောက်က ပုံအတိုင်း ကျလာပါမယ်..


အဲလိုကျလာရင် ကိုယ်နှစ်သက်ရာကိုရွေးနိုင်ပါတယ်..
တကယ်လို့ အရင်တုန်းက တခုခုကို ရွေးပြီး Always ကိုရွေးခဲ့မယ်ဆိုရင်တော့
အခုလို ပေါ်မှာ မဟုတ်ပါဘူး..
ကျနော်ကတော့ Internet ကိုရွေးပြီး Just once ကိုရွေးလိုက်တယ်..


ကျနော်ဆိုဒ်ထဲက Lucy မြန်မာစာတန်းထိုး တင်ထားတဲ့ လင့်ကို ရောက်ပါပြီ..
အဲဒီမှာ ကျနော် မြားပြထားတဲ့ Download Here အောက်က လင့်ကို နှိပ်ပါ..



ကျနော် ဘာ addfly မှ ခံမထားတော့ ရုပ်ရှင်pCloud  လင့်ကို တန်းရောက်သွားပါပြီ..
အဲဒီမှာ လိုင်းကောင်းလို့ တိုက်ရိုက်ကြည့်ချင်ရင် အောက်ဘက်ကို မြားပြထားတဲ့ နေရာကို
နှိပ်ပြီး တိုက်ရိုက်ကြည့်နိုင်သလို..
အပေါ်က အနီရောင် ၀ိုင်းပြီး မြားပြထားတဲ့ နေရာကိုနှိပ်လိုက်ရင်
အောက်က ပုံအတိုင်းကျလာပါမယ်..


ဒေါင်းချင်တယ်ဆိုရင် ADM Editor ကိုရွေးပြီး အောက်က Just once ကိုရွေးပါ..
Always ကိုရွေးမိရင်တော့ နောက်ကို အခုလိုရွေးခွင့်ပေးမှာ မဟုတ်တော့ပါ..
တိုက်ရိုက်ကြည့်မယ်ဆိုရင်တော့ MX Player ကိုရွေးပြီး အောက်က Just once ကိုရွေးပါ..
ဖုန်ထဲမှာ ADM နဲ့ MX Player မရှိသေးဘူးဆိုရင်..
ADM ကို ဒီလင့် မှာ ယူပါ..
MX Player ကို ဒီလင့် မှာ ယူပါ..
အခုက ဒေါင်းယူမှာမို့  ADM Editor ရွေးလိုက်တယ်...



 အဲဒီမှာ start ကိုနှိပ်ပါ..
အောက်ပုံမှာ ကြည့်ပါ ဒေါင်းယူနေပါပြီ..


လိုင်းကောင်းရင် မြန်မယ်...မကောင်းရင် ကြာမယ်ပေါ့..
ကျနော်တော့ ဒေါင်းလို့ ပြီးသွားပါပြီ အောက်က ပုံကိုကြည့်ပါ..


အဲဒီဒေါင်းလို့ ပြီးသွားတဲ့ ဖိုင်ကို ဖွင့်လိုက်ရင်..
အောက်က အတိုင်း ပေါ်လာမယ်..


အဲဒီမှာ MX Player ကိုရွေးပေးလိုက်ပါ..
အောက်က ပုံကို ကြည့်ပါ..


အဲဒီအတိုင်း မှောင်မှောင်ကြီး ဖြစ်နေမယ် ရုပ်မမြင် အသံကြားပေါ့..
ဒေါင်းမိတာ မှားပြီလို့တောင် စဉ်းစားဖူးကြမသိ..
မမှားပါဘူး ကျနော် မြားပြထားတဲ့ နေရာလေးကို ထောက်လိုက်ရင်
အောက်က အတိုင်းကျလာပါမယ်..


အဲဒီမှာ S/W decoder ကိုရွေးလိုက်ပါ..
အဲဒါဆိုရင်....



ကဲကြည့်လို့ ရပါပြီ..
အဆင်ပြေမယ်လို့တော့ မျှော်လင့်ပါတယ်...
ကျနော် အချိန်ပေးပြီး ရှင်းပြထားတာကို အသိမှတ်ပြုတဲ့ အနေနဲ့
ဘာတင်တင် မရဘူးလို့တော့ ထက်မအော်ကြတော့နဲ့နော်...
နောက်တာပါ ..အဆင်မပြေရင် comment မှာပြောခဲ့ကြပါ...



ကျေးဇူးတင်ပါတယ်..
ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/




Reactions:

5 comments:

  1. အခုလို ပြောတာကျေးဇူးပါ..Sprider man 2 ကိုပြန်တင်ပေးပါ့မယ်

    ReplyDelete
  2. Preson break က S1E4ကစပြီးဆွဲမရဘူးအကို...streamပြပြီးအ​ကောင့်​လုပ်​ခိုင်း​နေတယ်​...အကို.....ပြီး​တော့Expendable3ကလည်း pcloudမှာ file is copies ပြ​နေတယ်​ .....​ပြောပြပါဦး....အား​ပေး​နေပါတယ်

    ReplyDelete
  3. transporter die series တွေ ကြည့်ချင်တယ် အစ်ကို

    ReplyDelete
  4. Wrath of the titans (2012)အဲဒီဇာတကားတင်ပေးပာ

    ReplyDelete
  5. အစဉ်​တယ်​ခင်​ဗျ ​ကျေးဇူးပါပဲဗျာ admin ကချစ်​ချာကြီးဆို

    ReplyDelete