Thursday, October 22, 2015

Unbroken (2014) မြန်မာစာတန်းထိုး


   Unbroken (2014) မြန်မာစာတန်းထိုး 

ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်အတွင်းက
တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ဒါရိုက်တာ
#Angelina Jolie ကပြန်လည်ရိုက်ကူးထားတာပါ
အမေရိကန်နိုင်ငံသား Louis Zamperini ဟာ
အိုလံပစ်အပြေးချန်ပီယံတဦးဖြစ်ပါတယ်
သူဟာငယ်ရွယ်စဉ်က လေလွှင့်နေတဲ့လူငယ်ဖြစ်ပြီး
အစ်ကိုဖြစ်သ  ပိတ် ရဲ့အားပေးမှုနဲ့ အပြေးချန်ပီယံ
တစ်ယောက်ဖြစ်ခဲ့တယ်။ ဒုတိယကမ္ဘာစစ် ဖြစ်တော့

 အမေရိကန်လေတပ်ထဲ ၀င်ခဲ့ပြီးဗုံးကြဲသမားအဖြစ်
တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။

 ရန်သူစစ်အခြေစိုက်ကျွန်းသို့ဗုံးကြဲရာမှ
လေယာဉ်ပျက်ကျပြီး ပစိဖိတ်သမုဒ္ဒရာအတွင်း သူ့သူငယ်ချင်း ၂ယောက်နဲ့အတူ အသက်ကယ်လှေနှင့်မျောနေခဲ့ပါတယ် 

(၄၇)ရက်ကြာပြီးနောက် ရန်သူဖြစ်တဲ့ဂျပန်စခန်းကိုရောက်ရှိပြီး ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်
ဒီဇာတ်ကားထဲမှာ Louis Zamperini ရဲ့ဘ၀အခက်အခဲများ ဘယ်လောက်ကြံ့ကြံ့ခံနိုင်ခဲ့တယ်ဆိုတာကို
ပေါ်လွင်အောင်ရိုက်ကူးပြသခဲ့ပါတယ် သူ့အစ်ကိုပြောတဲ့စကား
တခွန်းဖြစ်တဲ့ " မင်းလုပ်မယ်ဆိုရင် မင်းလုပ်နိုင်ပါတယ်" ဆိုတဲ့
စကားနဲ့ သူ့စိတ်ဓါတ်အင်အားကို သူမြှင့်တင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်
မကြည့်ရသေးတဲ့သူတွေ ကြည့်ဖြစ်အောင်သာကြည့်ပါလို့
တိုက်တွန်းချင်ပါတယ် ဒီဇာတ်ကားထဲမှာ 

ယူတတ်ရင်သင်ခန်းစာ တွေအများရတဲ့ကားဖြစ်သလို
တတ်ကျမ်းတအုပ်ဖတ်ရသလို စိတ်ဓါတ်ခွန်အားတွေ
မြင့်တင်နိုင်တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။
ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ်

 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
  







အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/



Reactions:

0 comments:

Post a Comment