Wednesday, November 11, 2015

City of Ember (2008) မြန်မာစာတန်းထိုး


City of Ember (2008) မြန်မာစာတန်းထိုး

ဗိသုကာ သိပ္ပံပညာရှင် အင်ဂျင်နီယာတွေဟာအနာဂတ်အတွက်
မျှော်လင့်ချက်တခုအဖြစ် လာမယ့်မျိုးဆက်ကိုကာကွယ်ဖို့
မြေအောက်မြို့တော်အမ်ဘာ ကိုတည်ဆောက်ခဲ့ကြပါတယ်
ကမ္ဘာပျက်မယ့်နေ့ရဲ့လူသားတွေရဲ့ကံကြမ္မာကို သေတ္တာလေးတခုထဲမှာ
ထည့်ထားခဲ့ပြီး လာမယ့် နှစ်ပေါင်း ၂၀၀ စာအတွက်ပြင်ဆင်ကာ
သေတ္တာလေးကိုလုံခြုံအောင်ပိတ်ခဲ့ကြပါတယ် သေတ္တာကို ပထမဆုံး
မြို့တော်ဝန်ကိုပေးပြီးသူ့နောက်ဆက်ခံသူတွေကိုလက်ဆင့်ကမ်းခဲ့ကြရာ
နှစ်တွေတဖြည်းဖြည်းနည်းလာပြီး မြို့တော်ဝန်တစ်ယောက်ပြီး
တစ်ယောက်ဆီရောက်သွားခဲ့တယ်

ဒီလျှို့ဝှက်ချက်ကိုဘယ်သူမှမသိကြတော့ဘူး 
လိုအပ်တဲ့အခါမှပဲဖွင့်ဖို့ကြိုးစားပေမယ့် ကံတရားကတမျိုးဖြစ်သွား
ခဲ့ပါတယ် အမ်ဘာမြို့တော်ကြီးဟာအိုမင်းလာပြီးပြိုကျတော့မယ့်အချိန်
ရောက်လာတဲ့အခါသေတ္တာက တိတ်တိတ်လေးပွင့်သွားခဲ့တယ်
ဒီဇာတ်ကားမှာ အနာဂတ်မျိုးဆက်သစ်လူငယ်လေးများဖြစ်တဲ့
ဒွန်နဲ့လီဇာတို့ကအဓိကသရုပ်ဆောင်ထားပြီး မြေအောက်မြို့တော်ကြီးရဲ့
ထွက်ပေါက်ကိုစွန့်စွန့်စားစားရှာဖွေတွေ့ရှိသွားကြပါတယ်

 နှစ်ပေါင်းများစွာမြေအောက်မြို့တော်မှာနေထိုင်နေရတဲ့ လူသားတွေရဲ့ဘ၀နဲ့ဟာ ထာဝရအမှောင်ကမ္ဘာမှာ
အကျဉ်းချနေထိုင်အသက်ရှင်နေရပြီး
ဘ၀လွတ်မြောက်ရာ ထွက်ပေါက်ကိုရှာဖွေကြတာမဆန်းပါဘူး
 မြေအောက်မြို့တော်ကြီးရဲ့အဓိကလည်ပတ်နေတဲ့ ဂျင်နရေတာကြီးပျက်ဆီးဖို့အချိန်ရောက်လာသော
အခါမှာတော့.......

ဒီကားကတော့ ကလေးသရုပ်ဆောင်များပါဝင်ထားပြီး
စွန့်စားခန်းများနဲ့စိတ်ဝင်စားအောင်ရိုက်ကူးပြသထားခြင်းဖြစ်ပါတယ်
လူငယ်များအတုယူသင့်တဲ့ ဇာတ်ကားဆိုလဲမမှားပါဘူး
မကြည့်ရသေးရင် ကြည့်ဖြစ်အောင်ကြည့်ကြပါလို့တိုက်တွန်းလိုက်ပါတယ်
ပုံမှန်အတိုင်း pCloud ကနေဖိုင်ဆိုဒ်အသေးအကြီးနှစ်မျိုးနဲ့ တင်ပေးထားပါတယ်
 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
  

Download 480p 385 MB 




အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/



Reactions:

0 comments:

Post a Comment