Tuesday, November 3, 2015

Immortals (2011) မြန်မာစာတန်းထိုး


Immortals (2011) မြန်မာစာတန်းထိုး
 
ဒီကမ္ဘာပေါ်မှာ လူသားတို့ တိရိစ္ဆာန်တို့မဖြစ်လာခင်က
ကောင်းကင်ပေါ်မှာ စစ်ပွဲဖြစ်ခဲ့ပါတယ်
မသေနိုင်တဲ့သူတွေဟာ တချိန်က သေခြင်းဆိုတာ
မရှိဘူးလို့ ထင်ခဲ့ကြတယ်
နောက်တော့ သူတို့တစ်ယောက်ကိုတစ်ယောက်
သတ်နိုင်တဲ့အစွမ်းရှိတာကို သိလာကြတယ်
ဒီစစ်ပွဲမှာ ပျောက်ဆုံးသွားတာကတော့
စိတ်ကူးနဲ့တောင် မှန်းဆလို့မရတဲ့စွမ်းအားပစ္စည်းပါပဲ
အဲဒါကတော့..... ပီးယပ်လေးတော် ပါ
အောင်နိုင်သူတို့က သူတို့ကိုယ်သူတို့
နတ်ဘုရားအဖြစ်ကြွေးကြော်ကြတယ်
ရှုံးနိမ့်သူတွေကတော့ တိုင်တန်တွေရယ်လို့သမုတ်ခြင်းခံခဲ့ရတယ်
ပြီးတော့ တာတာရပ်တောင်ရဲ့ချိုင့်ထဲမှာ
ထာဝရအကျဉ်းချခြင်းခံခဲ့ရတယ်
ကာလတွေကြာမြင့်လာပြီး.....
လူသားမျိုးနွယ်တွေထွန်းကားလာကြတယ်
နောက်တော့ ဒီစစ်ပွဲကြီးကိုလည်း မေ့လျော့သွားကြတော့တယ်
ဒါပေမယ့် တချိန်က မကောင်းဆိုးဝါးဟာ
ပြန်ပြီး ခေါင်းထောင်ထလာပါတော့တယ်
လူသားတိုင်းရဲ့ဝိဉာဉ်တွေဟာ မသေဆုံးနိုင်ပါဘူး
ဒါပေမယ့် မှန်ကန်သူတွေရဲ့ဝိဉာဉ်တွေကသာ
မသေဆုံးနိုင်တဲ့အပြင် မြင့်မြတ်ကြတာပါ
တချိန်က နတ်ဘုရားတွေကိုမယုံကြည်ခဲ့တဲ့
သီးဆီးယပ်ဟာ အသက်စွန့်ပြီး လူသားမျိုးနွယ်ကို
ကယ်တင်ခဲ့တဲ့အတွက် နတ်ဘုရားတို့အလယ်မှာ
တနေရာရခဲ့ပါတယ်
ဒီကားကတော့ လူသားမျိုးနွယ် သီးဆီးယပ်ကို
နတ်ဘုရား ဇုစ်က လူသားတွေကိုကယ်တင်ရန်အတွက်
ဘုရင်ဟိုင်ပါရီယန်ကိုတိုက်ဖို့ရွေးချယ်ခဲ့တာပါ
နတ်ဘုရားတွေကိုမယုံကြည်တဲ့ သီးဆီးယပ်ဟာ
လေးတော်ကိုရသွားပြီးနောက်.....
ဘာတွေဆက်ဖြစ်မလဲ.....
မကြည့်ရသေးတဲ့ သူငယ်ချင်းတွေ ကြည့်ဖြစ်အောင်
ကြည့်ကြပါလို့ တိုက်တွန်းသလို ကြည့်ပြီးသူတွေလည်း
ထပ်ကြည့်ဖြစ်ဦးမယ်လို့ ယုံကြည်ပါတယ်..

ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ်

 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
  

Download 360p  440 MB 







အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/



Reactions:

1 comments:

  1. ​ကျေးဇူးပါအကို ချမ်းညိမ်း ညီကမကြည့်​ရ​သေးဘူး ဆွဲလိုက်​အုံးမယ်​😀😀😀

    ReplyDelete