Saturday, December 12, 2015

13 Assassins (2010) မြန်မာစာတန်းထိုး


13 Assassins (2010) မြန်မာစာတန်းထိုး


ဒီတခါတော့ ဂျပန် ကားတကားတင်ပေးလိုက်တယ်
အရင်တုန်းက ဆာမူရိုင်းတို့ ရှိုးဂန်းတို့ ရိုနင်တို့ဆိုတာ
တကယ့် ဂျပန်လူသတ်သမားသူရဲကောင်းစစ်စစ်တွေပါ
သတ်တဲ့ဖြတ်တဲ့နေရာမှာလည်းအလွန်ရက်စက်ကြသလို
ကိုယ့်အရှင်သခင်အပေါ်မှာလည်းအရမ်းကိုသစ္စာစောင့်သိတတ်ကြပါတယ်
ဒီကားထဲမှာတော့ ရှိုးဂန်းခေါင်းဆောင် အာကာရှီမျိုးနွယ်ရဲ့မွေးစားသား
အရှင်သခင်ဖြစ်သူ နာရီဆုဂုဟာ ပြည်သူတွေအပေါ်မှာရော
မိန်းကလေးများအပေါ်မှာပါ မညှာမတာရက်စက်ယုတ်မာလွန်းတဲ့
အတွက် ရှိုးဂန်းထိပ်သီးအဖွဲ့အစည်းတို့မှ ရှေ့ရေးကိုရင်မအေးဖြစ်ခဲ့
ကြပါတယ် အဲဒါကြောင့် ဆာမူရိုင်းတစ်ယောက်ဖြစ်တဲ့ ရှင်းဇေမွန်ကိုခေါ်ယူကာ
ဘယ်လိုလုပ်ကြမလဲတိုင်ပင်ခဲ့ကြပါတယ် နာရီဆုဂုရဲ့ ရက်စက်မှုတွေ
ကိုသိသွားတဲ့ ရှင်းဇေမွန်ဟာ ဘယ်လိုမှသည်းမခံနိုင်တော့ပဲ
သူ့ရဲ့ဆာမူရိုင်းအဖွဲ့ကိုစုပြီးတော်လှန်ဖို့လှုပ်ရှားခဲ့ပါတယ်
အဲဒီအဖွဲ့ဟာ ကျော်ကြားတဲ့ လူသတ်သမား (၁၃) ယောက်
ဆိုပြီး ဖြစ်လာခဲ့ပါတော့တယ် ဆာမူရိုင်းလူသတ်သမား(၁၃) ယောက်
ဟာ အာကာရီအရှင်သခင်နာရီဆုဂုတို့ကိုဘယ်လိုတိုက်ခိုက်
ချေမှုန်းကြလဲဆိုတာကိုတော့ ဆက်လက်ရှုစားကြည့်ကြပါလို့
မကြည့်ရသေးသူများ ကြည့်ကြည့်ကြပါ  

တကယ်ကြည့်ကောင်းတဲ့ကားဖြစ်ပါတယ်
ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ်

 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
  

Download 480p  570 MB 





အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/



Reactions:

0 comments:

Post a Comment