Thursday, December 15, 2016

League of Gods (2016)မြန်မာစာတန်းထိုး


League of Gods (2016)မြန်မာစာတန်းထိုး

Action, Fantasy အမျိုးအစားဖြစ်ပြီး
 Jet Li,(ဂျက်လီ)နှင့် Bingbing Fan, Zhang Wen တို့ပါဝင်တဲ့ တရုပ်သိုင်းကားပါ..။
နောက်ဆက်တွဲ ထွက်ရှိလာဦးမယ့် ဇာတ်ကားပါ..
အထွေအထူးတော့ မိတ်ဆက်မပေးတော့ပါဘူး။
YouTube တင်တာ Copyright ညိုနေလို့
ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။


 ကျေးဇူးတင်ပါတယ် 

Wednesday, December 14, 2016

The Perfect Weapon (2016)မြန်မာစာတန်းထိုး


The Perfect Weapon (2016)မြန်မာစာတန်းထိုး

 Action, Sci-Fi အမျိုးအစားဖြစ်ပြီး...
မင်းသားကြီး  Steven Seagal ရဲ့ဇာတ်ကားမို့
အညွန်းမပေးတော့ပါဘူး...
မကြည့်ရသေးတဲ့ သူတွေအတွက်ရည်ရွယ်ပါသည်..။
ဒီဇာတ်ကားကို ကျနော့်ညီလေး အေးချမ်း မှ
ဗမာပြည်ကနေ တင်ပေးထားတာပါ..။
ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။


 ကျေးဇူးတင်ပါတယ် 

Monday, December 12, 2016

Kubo and the Two Strings (2016) မြန်မာစာတန်းထိုး

 
Kubo and the Two Strings (2016) မြန်မာစာတန်းထိုး

 Animation, Adventure, Family အမျိုးအစားဇာတ်ကားလေးပါ..
IMDb မှာ Ratings: 8.0 အထိရထားတာမို့
မကြည့်ရသေးရင်ကြည့် ကြည့်ဖို့တိုက်တွန်းပါရစေ..
ဇာတ်လမ်းကတော့...
လူသားဆန်တဲ့ ဟန်ဇို လို့ခေါ်တဲ့
ကူဘို့ အဖေ နဲ့ အမေကို အဖိုးဖြစ်တဲ့သူက
သတ်ဖြတ်ဖို့ ကြိုးစားရာကနေ ကူဘိုအမေဟာ
သားငယ်ကို ကယ်တင်ပြီးအသက်ဘေးကလွတ်မြောက်ခဲ့ပေမယ့်
ကူဘို ရဲ့ မျက်လုံးတဖက်ကတော့ ဆုံးရှုံးခဲ့ရပါတယ်..။
ကူဘို တို့သားအမိ မထင်ဇာတ်မြုတ်နေထိုင်ကြပြီး
ကူဘို ကတော့ စက္ကူအရုပ်လေးတွေနဲ့
လမ်းပေါ်မှာ မျက်လှည့်ဆန်ဆန်ပြကွက်တွေဖန်တီးပြီး
လူတွေကို ပုံပြောလေ့ရှိပါတယ်...။
အဲဒီပုံပြင် ကလည်း ဟန်ဇို လို့ခေါ်တဲ့ သူအဖေအကြောင်းပါပဲ
ဒါပေမယ့် ကူဘိုဟာ အမြဲတမ်းလိုလို ပုံပြင်မဆုံးခင်
အမေဆီကို ပြန်လေ့ရှိတာမို့ ပုံပြင်ကဘယ်တော့မှ မဆုံးပါဘူး။
အကြောင်းကတော့ ည မမှောင်ခင်သူ့အမေဆီကို ရောက်ဖို့ပါ။
တနေ့မှာ မီးပုံး လေးတွေထွန်းပြီး သေသူရဲ့ ၀ိဥာဉ်နဲ့
စကားပြောလို့ ရတယ်လို့ ကူဘို ကြားသိတဲ့နေ့မှာ
မီးပုံး ထွန်းပြီး သူ့အဖေနဲ့ စကားပြောဖို့ ကြိုးစားပါတယ်..။
အဲဒီအချိန်မှာ သူတို့သားအမိနောက်ကိုလိုက်ပြီး
ကူဘို ရဲ့ ကျန်ရှိနေတဲ့ မျက်လုံးတဖက်ကို ရယူဖို့
သူ့အဖိုး ရဲ့စေခိုင်းချက်နဲ့ သူ့အဒေါ် ၂ ယောက်ရောက်ရှိလာပါတယ်။
သူ့အမေက (ကူဘိုအဖိုး) အစွမ်းထက်တဲ့ လ ဘုရင်ကြီးရဲ့ 
ရန်က ကာကွယ်ပေးနိုင်မယ့်..
ကမ္ဘာပေါ်က တစ်ခုတည်းသော လက်နက်
တထည်တည်းသော မှော်ဝတ်စုံကို
ရှာဖို့ အတွက်ပြောပြီး မှော်အစွမ်းနဲ့ သူ့ကိုလွတ်မြောက်စေပြီး
သူမ ကတော့ ....
ကူဘို ရှာဖွေရမယ့် ၀တ်စုံက အပိုင်းသုံးပိုင်း ကွဲနေခဲ့တယ်
 ပထမ တစ်ခုက တုနှိုင်းမဲ့ဓါး
ဒုတိယ တစ်ခုက ဘာလက်နက်မှ မထိုးဖောက်နိုင်တဲ့
ချပ်ဝတ် တန်ဆာဖြစ်ပြီး
နောက်ဆုံးဝတ်စုံရဲ့ နောက်ဆုံးအပိုင်းတစ်ခု ဖြစ်တဲ့
မှော် ခေါင်းစွပ် ကိုရှာဖွေရမှာဖြစ်တယ်..။
ကူဘိုဟာ ကွဲထွက်နေတဲ့အပိုင်းတွေကို စုစည်းပြီး
မှော်ဝတ်စုံရဲ့ အစွမ်းကို မပိုင်သေးခင်မှာပဲ
လ ဘုရင်ကြီးရဲ့ မိစ္ဆာကောင်တွေ...
ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။


 ကျေးဇူးတင်ပါတယ် 

Sunday, December 11, 2016

The Mechanic (2011) မြန်မာစာတန်းထိုး


The Mechanic (2011) မြန်မာစာတန်းထိုး

Jason Statham အသဲစွဲများအတွက်

The Mechanic (2011) ကားလေးပါ..။
မနေ့က Mechanic: Resurrection (2016) တင်ပေးခဲ့ပြီးပါပြီ
 ဒီကားကတော့ Action, Crime, Thriller
အမျိုးအစားဖြစ်ပြီး အက်ရှင်ကားကြိုက်နှစ်သက်သူတွေ
အကြိုက်တွေ့စေမယ့်ကားကောင်းလေးပါ
မြန်မာစာတန်းထိုးနဲ့မလို့ အညွှန်းမရေးပေးတော့ပါဘူး
နောက်ရက်တွေမှာလဲ 
Jason Statham ရဲ့နာမည်ကြီးကားများဖြစ်တဲ့
Parker,The Transporter (1.2.3),Home Front,Wild Card
ကားများကို ဆက်တင်ပေးသွားမှာဖြစ်ပါတယ်  



အားလုံးကို ကျေးဇူးတင်ပါတယ်..
ချမ်းငြိမ်း-မှော်ဝန်း
http://channyeinmw.blogspot.com/








Saturday, December 10, 2016

Mechanic: Resurrection (2016) မြန်မာစာတန်းထိုး



Mechanic: Resurrection (2016) မြန်မာစာတန်းထိုး

 Action, Crime, Thriller အမျိုးအစားဖြစ်ပြီး
ကျနော်အကြိုက်ဆုံး မင်းသားဖြစ်တဲ့ Jason Statham ရယ်
Jessica Alba, တို့ပါဝင်ထားတဲ့ ဒီဇာတ်ကားက
2011 တုန်းက ထွက်ခဲ့တဲ့ The Mechanic (2011) ကိုမှတ်မိကြမှာပါ..
The Mechanic (2011) ကို ကျနော် မြန်မာစာတန်းထိုးနဲ့ တင်ပေးဖူးပါတယ်..။
အခုတော့ လင့်တွေသေသွားပြီမို့ မနက်ဖြန်လောက်ပြန်တင်ပေးပါ့မယ်..။
ဒီဘဲကြီးရဲ့ဇာတ်ကားတွေကိုတော့ အထွေအထူးညွန်းစရာမလိုဘူးထင်ပါတယ်
ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။


 ကျေးဇူးတင်ပါတယ် 

Thursday, December 8, 2016

Rigodon (2012) မြန်မာစာတန်းထိုး ၁၈+


 Rigodon (2012) မြန်မာစာတန်းထိုး ၁၈+
တခါမှ မတင်ဖူးသေးတဲ့ (Philippines)ဖိလစ်ပိုင် ဇာတ်ကားလေးပါ..။
အိမ်ထောင်ရေး ပညာပေးဇာတ်ကားလေးဖြစ်သလို
အမျိုးသမီးတယောက် နှလုံးသားဦးစားလွန်းရာကနေ
အရှက်နဲ့ အသက်ကို လဲခဲ့ရတာကို
ရင်နင့်စရာရှုစားရမှာပါ...။
မောင်နဲ့နှမ သားနဲ့အမိ အတူကြည့်ဖို့မသင့်တဲ့
ဇာတ်ဝင်ခန်းတွေပါတယ်ဆိုတာကို
ကြိုတင်အသိပေးပါရစေ...

ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။


 ကျေးဇူးတင်ပါတယ် 

Wednesday, December 7, 2016

Legends of the Hidden Temple (2016) HD-720p ရုပ်သံ/အကြည်

IMDb မှာ Rating:7.5 ရရှိထားတဲ့ Adventure ဇာတ်ကားအမျိုးအစားလေးပါ။ အဆိုပါရုပ်ရှင် ဟာ တော
တွင်းခရီးစဉ်တစ်ခုမှာ မထင်မှတ်ဘဲ လှိုင်ဂူတစ်ခုထဲသို့ ပြုတ်ကျသွားတဲ့ ကလေးသူငယ် (သုံးဦး)တို့ ၏ ကြုံ
တွေ့ရမယ့် အန္တာရာယ်မှဘယ်လိုလွတ်မြောက်လာခဲ့သလဲဆိုတာ စိတ်လှုပ်ရှားဖွယ် ကြည့်ရူကြရမှာပါဇာတ်
ကားကောင်းကြည့်ချင်သူတွေအတွက် ပုံမှန်အတိုင်းလင့်ကောင်းကောင်းလေးနဲ့တင်ပေးလိုက်ပါတယ်။အမေ
ရိကန် မင်းသား -Daniel Cudmore နှင့် အသက် ၁၅ နှစ်လောက်ရှိသေးတဲ့ မင်းသမီးချောလေး Isabela M
oner နှင့် မင်းသားကြီး Dee Bradley Baker  တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒါရိုက်တာ-Joe Mene
ndez ကရိုက်ကူးထားပါတယ်။ဖိုင်ဆိုက်-878.9Mb သာရှိပြီး ၊720P အကြည်နဲ့ ဇာတ်ကားအချိန်ကတော့ 65
 min ခန့်သာရှိပါတယ်အောက်မှာတိုက်ရိုက် ကြည့်ရှုရန်နှင့် ဒေါင်းရန်။အဆင်ပြေပါစေဗျာ။

 

Morgan ( Thriller,Sci-Fi,Mystery,Horror 2016) HD-720p

ဒီဇာတ်ကားကတော့ IMDb မှာ Rating:6.7 / 18 times ရရှိထားတဲ့ 6.1 / 175 times ရရှိထားတဲ့ Thrille
er,Sci-Fi,Mystery,Horror ဇာတ်ကားအမျိုးအစား  2016 -09-02 နေ့မှာ အသစ်ထွက်ရှိလာတဲ့ ဇာတ်ကား
ကောင်းတစ်ကားပါ ဘယ် Website မှာမှမတင်ရသေးတဲ့ ဇာတ်ကားမို့ ဦးဦးဖျားဖျားကြည့်ရအောင်အတွက်
တင်ဆက်ပေးလိုက်ပါတယ်။Toby Jones, Kate Mara, Anya Taylor Joy, Rose Leslie တို့ကပါဝင်သရုပ်
ဆောင်ထားပါတယ်။ဒါရိုက်တာ- Luke Scott ရိုက်ကူးထားပြီး ဖိုင်ဆိုက်-801.7Mb လုံးဝအကြည်နဲ့pcကနေ
တိုက်ရိုက် လင့်ချပေးလိုက်ပါတယ် အောက်မှာ တိုက်ရိုက်ကြည့်ရှုရန် နှင့် ဒေါင်းရန်။

အားလုံးကို ကျေးဇူးတင်ပါတယ်..
 ညီလတ်ထွန်း(ချမ်းငြိမ်း-မှော်ဝန်း)
http://channyeinmw.blogspot.com/

The Stakelander (2016) HDRip ရုပ်သံ/အကြည်

မင်္ဂလာပါ... IMDb မှာ Rating:6.7 / 18 times ရရှိထားတဲ့ အမေရိကန်သရဲဇာတ်ကားကောင်း
 ၊ဇာတ်ကားသစ်ကြည့်ချင်တဲ့ ချစ်ညီကိုမောင်နှမတွေအတွက် Action, Horror ဇာတ်ကားအမျိုးအ
စားလေးပါဗျာ။Nick Damici, Steven Williams, AC Peterson, Connorတို့ကပါဝင်သရုပ်ဆောင်
ထားတာဖြစ်ပါတယ်။ဒါရိုက်တာ-Dan Berk ၊ Robert Olsen က ရိုက်ကူးထားပြီး ဖိုင်ဆိုက်-234.2Mb 
နဲ့ ရုပ်သံကြည်လင်စွာ ကြည့်ရအောင် ပုံမှန်အတိုင်း pcloud ကနေတင်ဆက်ထားပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်..
 ညီလတ်ထွန်း(ချမ်းငြိမ်း-မှော်ဝန်း)
http://channyeinmw.blogspot.com/

Tuesday, December 6, 2016

Pete's Dragon (2016) မြန်မာစာတန်းထိုး



Pete's Dragon (2016) မြန်မာစာတန်းထိုး

Adventure, Family, Fantasy အမျိုးအစားဖြစ်ပြီး
မိသားစုအတူကြည့်ဖို့ကောင်းတဲ့ဇာတ်ကားလေးပါ..။
ဇာတ်လမ်းကတော့...
Pete လေး ၅ နှစ်သားမှာ ကားမှောက်ပြီးမိဘ၂ ပါးလုံး ဆုံးသွားပြီး
တောနက်ထဲမှာတလည်လည်ဖြစ်နေတုန်း
နဂါးကြီးတကောင်နဲ့ တွေ့ပြီး သူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်။
 နဂါးကို နဂါးလို့ခေါ်ရမှန်းတောင် မသိတဲ့ Pete လေးဟာ
နဂါးမိတ်ဆွေလေးကို သူ့ပုံပြင်စာအုပ်ထဲက အက်လီရက်
 ဆိုတဲ့နာမည်ကိုပေးထားပြီ တောထဲမှာ ၆ နှစ်တိတိအသက်ရှင်နေထိုင်နေခဲ့ပါတယ်။
 တနေ့မှာတော့....

ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။


ကျေးဇူးတင်ပါတယ်

The Purge: Election Year (2016) မြန်မာစာတန်းထိုး

The Purge: Election Year (2016) မြန်မာစာတန်းထိုး

ဇာတ်လမ်းကတော့...
US အစိုးရဟာ နှစ်စဉ်နှစ်တိုင်း March လ 21 ည 7 နာရီကနေ
နောက်နေ့မနက် 7 နာရီအထိ 12 နာရီကြာအောင်
လူသတ်မှုအပါဝင်ရှိသမျှ ရာဇဝတ်မှုတွေကိုအကုန်ခွင့်ပြုထားတဲ့စနစ်ကို
ကျင့်သုံးပါတယ်။ အဲ့ဒီစနစ်ကြောင့် သေဆုံးသွားတဲ့ သူတွေထဲ မှာ
Roan ဆိုတဲ့အမျိုးသမီးငယ်လေးရဲ့ မိသားစုဝင်တွေပါဝင်ခဲ့ပါတယ်။
အဲဒီ Roan ဆိုတဲ့ အမျိုးသမီးဟာ အခုအချိန်မှာတော့ သမ္မတလောင်းဖြစ်လာပါပြီ။
Roan ဟာနှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ သွေးစွန်းပြီးအကျည်းတန်လှတဲ့
The Purge ဓလေ့ကိုရပ်တန့်ပစ်ဖို့ ကြိုးပမ်းနေရင်းနဲ့ ပဲ
The Purge အချိန်ကျရောက်လာပြန်တော့ သမ္မတလောင်း Roan ကို
The Purge 12 နာရီအတွင်း ကာကွယ်ပေးဖို့
သက်တော်စောင့် Leo Barnes အပေါ်တာဝန်ကျလာပါတော့တယ်။
Roan ကိုယ်တိုင်ကရော သူရပ်တန့်ဖို့ ကြိုးစားနေတဲ့
The Purge ညကို ဖြတ်ကျော်နိုင်ပါ့မလာဆိုတာ
စိတ်လှုပ်ရှားဖွယ် ရှုစားရမယ့် ဇာတ်ကားကောင်းလေးပါ..။
ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။


 ကျေးဇူးတင်ပါတယ် 

Monday, December 5, 2016

Doctor Strange (2016) မြန်မာစာတန်းထိုး


 Doctor Strange (2016) မြန်မာစာတန်းထိုး 

နိုဝင်ဘာလ ထဲမှာရုံတင်ခဲ့ ဇာတ်ကားသစ်လေးပါ..။
 Action, Adventure, Fantasy အမျိုးအစားဖြစ်ပြီး
IMDb မှာ Ratings: 7.9/10 ရရှိထားပါတယ်..
ဇာတ်လမ်းကတော့...
    ထူးချွန်သလောက် ဂုဏ်မောက်နေတဲ့ ဘယ်အရာဘယ်သူကိုမှ
 အထင်ကြီးလေးစားမှုမရှိတဲ့ အာရုံကြောခွဲစိတ်ဆရာဝန်
Doctor Stephen Strange တယောက် ယာဉ်မတော်တဆမှုဖြစ်ရာက လက်တွေအပြင်းအထန်ထိခိုက်ခဲ့တဲ့အတွက် ခွဲစိတ်လို့မရတော့ပါဘူး။
 ဒါကိုရအောင်ပြန်ကုချင်တဲ့ Strange ဟာ အနောက်တိုင်းဆေးတွေ
 ကုထုံးတွေနဲ့မရတဲ့အခါမှာ အရှေ့တိုင်းကိုခရီးထွက်ပြီး
 Ancient One ဆိုသူနဲ့တွေ့ဆုံခဲ့ပါတယ်။ အဲဒါမှာ
Strange ဟာ ခန္ဒာကိုယ်ပြန်ကုစားနိုင်ဖို့ စိတ်စွမ်းအင်နဲ့
 တခြားမှော်အတတ်တွေကို သင်ကြားတတ်မြောက်လာရာက
ကမ္ဘာလောကကိုခြိမ်းခြောက်လာတဲ့ မကောင်းဆိုးဝါးတွေရန်ကကာကွယ်ပေးဖို့ဖြစ်လာပြီး
 သူ့အရင်ဘဝဖြစ်တဲ့ ပြီးပြည့်စုံအောင်မြင်လှတဲ့ ဆရာဝန် Doctor Strange အဖြစ်ပြန်နေမလား
 ကမ္ဘာလောကကို မှော်အန္တာရယ်များဆီက အကာအကွယ်ပေးရတဲ့
Sorcerer Supreme နေရာကို ယူရမလား ရွေးချယ်ဖို့ဖြစ်လာပါတယ်။
Doctor Strange ရုပ်ရှင်က MUC ကားတွေထဲမှာ အထူးခြားဆုံးနဲ့ ရည်မှန်းချက်ကြီးတဲ့ကားတစ်ကားပါ။
 Civil War အထိ Superhero ပေါင်းစုံထွက်ထားခဲ့ပေမဲ့အားလုံးနီးပါးက
 Science နဲ့ပတ်သက်တဲ့ hero တွေများတယ်လေ။
 ဥပမာ Iron Man, Vision, War Machine, Falcon, Ant-Man တို့ပေါ့။
ဆိုတော့ ဒီကားမှာက ပထမဆုံး မှော်အဓိကထား ဇာတ်ကောင်တွေချည်းဆိုတော့ အမြင်ဆန်းတယ် ဆိုရမှာပါ..။ 

ဒီဇာတ်ကားကို မြန်မာပြည်မှ ညီလေးအေးချမ်း မှ upload ပေးတာပါ။
ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။


 ကျေးဇူးတင်ပါတယ် 
http://channyeinmw.blogspot.com/

 Credit:  ရုပ်ရှင်အညွန်းကို http://www.datshin.com/ ကူးယူသည်

Friday, December 2, 2016

Shin Godzilla (2016) HD-720p ရုပ်သံ/အကြည်

IMDb မှာ Rating:7.5 ရရှိထားတဲ့ Action, Adventure, Drama ဇာတ်ကားအမျိုးအစားလေးပါ။ဂျပန်ဂေါ်ဇီ
လာ ဇာတ်ကားကောင်းကြည့်ချင်သူတွေအတွက် လင့်ကောင်းကောင်းလေးနဲ့တင်ပေးလိုက်ပါတယ် ။Hiro
ki Hasegawa, Yutaka Takenouchi, Satomi  တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒါရိုက်တာ-Hideaki 
Anno, Shinji Higuchi နှစ်ဦးတွဲဖက်ရိုက်ကူးထားပါတယ်။ဖိုင်ဆိုက်-1.1GB ၊720P အကြည်နဲ့ ဇာတ်ကား
အချိန်ကတော့ 100 min ခန့်သာရှိပါတယ်အောက်မှာတိုက်ရိုက် ကြည့်ရှုရန်နှင့် ဒေါင်းရန်။




  

  အားလုံးကို ကျေးဇူးတင်ပါတယ်..
 ညီလတ်ထွန်း(ချမ်းငြိမ်း-မှော်ဝန်း)
http://channyeinmw.blogspot.com/

Thursday, December 1, 2016

The Tiger An Old Hunters Tale (2015) မြန်မာစာတန်းထိုး

Action | Adventure | History | Thriller
IMDb : 7.3/10
Size : 1.72 GB
Download Here : {1} THE TIGER (Pcloud)  {2}  THE TIGER (MediaFire)


 ကျေးဇူးတင်ပါသည်။ 

BLACK WATER (2007) မြန်မာစာတန်းထိုး

Size : 619.12 MB
IMDb : 6/10
Action | Drama | Horror | Thriller
Download Hereး {1} BLACK WATER (Mediafire}  {2} BLACK WATER (Pcloud)


 ကျေးဇူးတင်ပါသည်။ 

Wednesday, November 30, 2016

Tremors (1990) မြန်မာစာတန်းထိုး


Tremors (1990) မြန်မာစာတန်းထိုး 
Comedy, Horror  အမျိုးအစားဖြစ်ပြီး
IMDb မှာ Rating: 7.1/10 ရရှိအောင်မြင်ခဲ့တဲ့ဇာတ်ကားပါ
ဒီဇာတ်ကားလေးကို ချမ်းငြိမ်း-မှော်ဝန်း မှာ
စေတနာသန့်သန့်နဲ့ ဘာသာပြန်ပေးပို့လေ့ရှိတဲ့
ကိုကျင့်ပူ မှ ဘာသာပြန်ပေးထားတာဖြစ်ပြီး
သူ့ပို့ထားတာ တော်တော်ကြာနေပါပြီ..။
ကျနော်အလုပ်မအားလို့ အခုမှတင်ပေးလိုက်ရပါတယ်။
ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။


 ကျေးဇူးတင်ပါတယ် 

Armored (2009) မြန်မာစာတန်းထိုး


Armored (2009) မြန်မာစာတန်းထိုး

 Action, Crime, Thriller အမျိုးအစားဖြစ်ပြီး
ဒီဇာတ်ကားလေးကို ချမ်းငြိမ်း-မှော်ဝန်း မှာ
စေတနာသန့်သန့်နဲ့ ဘာသာပြန်ပေးပို့လေ့ရှိတဲ့
ကိုကျင့်ပူ မှ ဘာသာပြန်ပေးထားတာဖြစ်ပြီး
သူ့ပို့ထားတာ တော်တော်ကြာနေပါပြီ..။
ကျနော်အလုပ်မအားလို့ အခုမှတင်ပေးလိုက်ရပါတယ်။
ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။


 ကျေးဇူးတင်ပါတယ် 

Sunday, October 16, 2016

Audrie and Daisy (Documentary 2016) HD-720p

IMDb မှာ Rating:7.4 ရရှိထားတဲ့ Documentary ဇာတ်ကားအမျိုးအစားလေးပါ ။အမေရိကန်ဇာတ်ကားမှ
ကြိုက်နှစ်သက်တဲ့ ချစ်ညီကိုယ်မောင်နှမ တွေအတွက် အကြိုက်ဖြစ်စေမယ့် ဇာတ်ကားသစ်မို့ တင်ဆက်ပေး
လိုက်ပါတယ်ဗျာ။Daisy Coleman, Jim Fall, Delaney Henderson တို့က ပါဝင်သရုပ်ဆောင် ထားတဲ့မိ
သားစု အိမ်ထောင်ရေး ဇာတ်ကားလေးဖြစ်ပါတယ်။ဒါရိုက်တာ- Bonni Cohen, Jon Shenk တို့ကတွဲဖက်ရို
က်ကူးထားတာဖြစ်ပြီး ဖိုင်ဆိုက်-1.1GB ၊720P အကြည်နဲ့ ဇာတ်ကားအချိန်ကတော့ 95 min ခန့်သာရှိပါတ
ယ်အောက်မှာတိုက်ရိုက် ကြည့်ရှုရန်နှင့် ဒေါင်းရန်

အားလုံးကို ကျေးဇူးတင်ပါတယ်..
 ညီလတ်ထွန်း(ချမ်းငြိမ်း-မှော်ဝန်း)
http://channyeinmw.blogspot.com/

Saturday, October 15, 2016

Patient Seven (Horror 2016) HD-720p ရုပ်သံ/အကြည်

IMDb မှာ Rating:5.5 (2145 Vote) ရရှိထားတဲ့ Horror သရဲ ဇာတ်ကားအမျိုးအစားဇာတ်ကားကောင်း
ကြည့်ချင်သူတွေ အတွက် ပုံမှန်အတိုင်း pCloud မှကွာလတီ ကောင်းကောင်းဖြင့်တင်ပေးလိုက်ပါတယ်။
ဒါရိုက်တာ  Danny Draven ကရိုက်ကူးထားတာဖြစ်ပါတယ်။ဖိုင်ဆိုက် 318.8 Mb သာရှိပါတယ်။
အောက်မှာ တိုက်ရိုက်ကြည့်ရှုရန် နှင့်ဒေါင်းရန် အဆင်ပြေပါစေ ချစ်ညီကိုယ်မောင်နှမ တို့ရယ်....

အားလုံးကို ကျေးဇူးတင်ပါတယ်..
 ညီလတ်ထွန်း(ချမ်းငြိမ်း-မှော်ဝန်း)
http://channyeinmw.blogspot.com/

Pandorica (Sci-Fi 2016) ရုပ်သံ/အကြည်

IMDb မှာ Rating:4.8 (105 Vote) ရရှိထားတဲ့ Sci-Fi ဇာတ်ကားအမျိုးအစားလေးပါ ။ United Kingdom
 ဇာတ်ကားကောင်းကြည့်ချင်သူတွေအတွက် လင့်ကောင်းကောင်းနဲ့တင်ပေးလိုက်ပါတယ်။ဒါရိုက်တာ Tom 
Paton ရိုက်ကူးထားတာဖြစ်ပါတယ်။SD ဆိုပေမယ့် မှောင်မှောင်မဲမဲမနေဘဲ ရုပ်သံကြည်လင်စွာနဲ့ ဖိုင်ဆိုက်
231.9 Mb သာရှိပါတယ်။အောက်မှာ တိုက်ရိုက်ကြည့်ရှုရန်နှင့် ဒေါင်းရန်။

 

အားလုံးကို ကျေးဇူးတင်ပါတယ်..
 ညီလတ်ထွန်း(ချမ်းငြိမ်း-မှော်ဝန်း)
http://channyeinmw.blogspot.com/

Sunday, October 9, 2016

Harry Potter and the Goblet of Fire (2005) မြန်မာစာတန်းထိုး


Harry Potter and the Goblet of Fire (2005) မြန်မာစာတန်းထိုး

လင့်တွေပျက်နေပြီမို့ အသစ်ပြန်တင်ပေးလိုက်ပါတယ်
Harry Potter ဆိုရင် တစ်ကမ္ဘာလုံးမသိသူမရှိလောက်အောင် အောင်မြင်ခဲ့တဲ့ရုပ်ရှင်ပါ..
ရုပ်ရှင်တင် မဟုတ်ပါဘူး စာအုပ်တွေပါ အောင်မြင်ခဲ့တာပါ..
၂၀၀၁ ကနေ ၂၀၁၁ အထိ ရုပ်ရှင် ( ၈ ) ကားထွက်ခဲ့ပါတယ်..
အဲဒီ ( ၈ ) ကားလုံးကို မြန်မာစာတန်းထိုး နဲ့ ပြန်တင်ပေးလိုက်ပါတယ်


Download 720p 1.5 Gb
 
ကျေးဇူးတင်ပါတယ်
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/




 





Friday, October 7, 2016

Harry Potter and the Prisoner of Azkaban (2004) မြန်မာစာတန်းထိုး



Harry Potter and the Prisoner of Azkaban (2004) မြန်မာစာတန်းထိုး

လင့်တွေပျက်နေပြီမို့ အသစ်ပြန်တင်ပေးလိုက်ပါတယ်
Harry Potter ဆိုရင် တစ်ကမ္ဘာလုံးမသိသူမရှိလောက်အောင် အောင်မြင်ခဲ့တဲ့ရုပ်ရှင်ပါ..
ရုပ်ရှင်တင် မဟုတ်ပါဘူး စာအုပ်တွေပါ အောင်မြင်ခဲ့တာပါ..
၂၀၀၁ ကနေ ၂၀၁၁ အထိ ရုပ်ရှင် ( ၈ ) ကားထွက်ခဲ့ပါတယ်..
အဲဒီ ( ၈ ) ကားလုံးကို မြန်မာစာတန်းထိုး နဲ့ တင်ပေးဖို့အားထုတ်နေပါတယ်..
အခု Harry Potter ဇာတ်ကားရဲ့ တတိယမြောက် ဇာတ်ကားဖြစ်တဲ့
Harry Potter and the Prisoner of Azkaban ကို မြန်မာစာတန်းထိုးနဲ့တင်ပေးလိုက်ပါတယ်..
အတွဲ ( ၁ ) နဲ့ ( ၂ ) ဖြစ်တဲ့  
Harry Potter and the Sorcerer's Stone (2001) 
Harry Potter and the Chamber of Secrects (2002)
ကိုလည်း မြန်မာစာတန်းထိုး နဲ့ တင်ပေးပြီးပါပြီ မကြည့်ရသေးရင်
ဒီလင့် နဲ့ ဒီလင့် ကြည့်ပါ..  
နောက်အတွဲတွေကို ကျနော်ဆက်လက်အားထုတ်နေဆဲပါ..
မြန်မာစာတန်းထိုး နဲ့မို့ ဇာတ်လမ်းကို ကြိုပြောလိုက်ရင် အရသာပျက်မှာစိုးလို့မရေးပေးတော့ပါဘူး..
pCloud ကနေ တင်ပေးထားပါတယ်..




Harry Potter and the Chamber of Secrets (2002) မြန်မာစာတန်းထိုး


Harry Potter and the Chamber of Secrets (2002) မြန်မာစာတန်းထိုး

လင့်တွေပျက်နေပြီမို့ အသစ်ပြန်တင်ပေးလိုက်ပါတယ်
Harry Potter ဆိုရင် တကမ္ဘာလုံးမသိသူမရှိလောက်အောင် အောင်မြင်ခဲ့တဲ့ရုပ်ရှင်ပါ..
ရုပ်ရှင်တင်လားဆိုတော့ မဟုတ်ပါဘူး စာအုပ်တွေပါ အောင်မြင်ခဲ့တာပါ..
၂၀၀၁ ကနေ ၂၀၁၁ အထိ ရုပ်ရှင် ( ၈ ) ကားထွက်ခဲ့ပါတယ်..
အဲဒီ ( ၈ ) ကားလုံးကို မြန်မာစာတန်းထိုး နဲ့ တင်ပေးဖို့အားထုတ်နေပါတယ်..
အခု Harry Potter ဇာတ်ကားရဲ့ ဒုတိယမြောက် ဇာတ်ကားဖြစ်တဲ့
Harry Potter and the Chamber of Secreats ကို မြန်မာစာတန်းထိုးနဲ့တင်ပေးလိုက်ပါတယ်..
အတွဲ ( ၁ ) ဖြစ်တဲ့
 Harry Potter and the Sorcerer's Stone (2001) 
ကိုလည်း မြန်မာစာတန်းထိုး နဲ့ တင်ပေးပြီးပါပြီ 
မကြည့်ရသေးရင် ဒီလင့် မှာ ကြည့်ပါ..  
နောက်အတွဲတွေကို ကျနော်ဆက်လက်အားထုတ်နေဆဲပါ..
မြန်မာစာတန်းထိုး နဲ့မို့ ဇာတ်လမ်းကို ကြိုပြောလိုက်ရင် အရသာပျက်မှာစိုးလို့မရေးပေးတော့ပါဘူး..
pCloud ကနေ တင်ပေးထားပါတယ်..


Harry Potter and the Sorcerer's Stone (2001) မြန်မာစာတန်းထိုး




Harry Potter and the Sorcerer's Stone (2001) မြန်မာစာတန်းထိုး

လင့်တွေပျက်နေပြီမို့ အသစ်ပြန်တင်ပေးလိုက်ပါတယ်
Harry Potter ဆိုရင် တကမ္ဘာလုံးမသိသူမရှိလောက်အောင် အောင်မြင်ခဲ့တဲ့ရုပ်ရှင်ပါ..
ရုပ်ရှင်တင်လားဆိုတော့ မဟုတ်ပါဘူး စာအုပ်တွေပါ အောင်မြင်ခဲ့တာပါ..
၂၀၀၁ ကနေ ၂၀၁၁ အထိ ရုပ်ရှင် ( ၈ ) ကားထွက်ခဲ့ပါတယ်..
အဲဒီ ( ၈ ) ကားလုံးကို မြန်မာစာတန်းထိုး နဲ့ တင်ပေးဖို့အားထုတ်နေပါတယ်..
အခု Harry Potter ဇာတ်ကားရဲ့ ပထမဆုံး ဇာတ်ကားဖြစ်တဲ့
Harry Potter and the Sorcerer's Stone ကို မြန်မာစာတန်းထိုးနဲ့
တင်ပေးလိုက်ပါတယ်..နောက်အတွဲတွေကို ကျနော်ဆက်လက်အားထုတ်နေဆဲပါ..
မြန်မာစာတန်းထိုး နဲ့မို့ ဇာတ်လမ်းကို ကြိုပြောလိုက်ရင် အရသာပျက်မှာစိုးလို့မရေးပေးတော့ပါဘူး..
pCloud ကနေ တင်ပေးထားပါတယ်..

Download 720p 1.6 GB
 
ကျေးဇူးတင်ပါတယ်


Mythica: The Iron Crown (2016)မြန်မာစာတန်းထိုး







Mythica: The Iron Crown (2016)မြန်မာစာတန်းထိုး
Mythica: A Quest for Heroes (2014) ရယ်
Mythica: The Darkspore (2015) နဲ့
Mythica: The Necromancer (2015) တို့ကို
မြန်မာစာတန်းထိုးနဲ့ တင်ပေးခဲ့ဖူးတာမို့
အထွေအထူးညွန်းစရာမလိုဘူးထင်ပါတယ်..။
အခု Mythica စီးရီးတွေထဲက ၂၀၁၆ ထွက်
Mythica: The Iron Crown (2016) ကိုမြန်မာစာတန်းထိုးနဲ့
တင်ဆက်ပေးလိုက်ပါတယ်...။
 Fantasy ဇာတ်ကားတွေကိုနှစ်သက်တဲ့ သူငယ်ချင်းတွေ
ဒီမှော်ကားလေးကို အကြိုက်တွေ့ကြမယ်မျှော်လင့်ပါတယ်
ပုံမှန်အတိုင်း pCloud ကနေတင်ပေးလိုက်ပါတယ်..

 


Download 720p 900MB

Lucy (2014) မြန်မာစာတန်းထိုး

 

Lucy (2014)  မြန်မာစာတန်းထိုး

 
ကြိုက်လွန်းလို့ ရယ် ရုပ်ရှင်လင့်ပျက်သွားလို့ ပြန်လည်တောင်းဆိုကြတာရယ်ကြောင့်
စတုတ္တအကြိမ်မြောက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...။

လူစီ ဆိုတဲ့ အသက် ၂၀ ကျော် အမေရိကန်သူဟာ ထိုင်ဝမ်ရောက်နေတယ်။ သူ့ဘဲက ငရှုပ်။ တစ်နေ့ သူ့ဘဲက သူ့ကို ဟော်တယ်ကြီးတခုရှေ့ကို ချိန်းတယ်။ ပြီးတော့ လက်ဆွဲသေတ္တာ အငယ်စားတစ်လုံးကို ယူပြီး ဟော်တယ်မှာ တည်းနေတဲ့ မစ္စတာ Jang ဆိုသူကို ပေးခိုင်းတယ်။ လူစီက ငြင်းတော့ လက်ဆွဲသေတ္တာနဲ့ လူစီရဲ့လက်ကို လက်ထိပ်ခတ်ပြီး သွားပေးခိုင်းတယ်။ ကောင်မလေးက မထူးတော့ဘူးဆိုပြီး ဟိုတယ်ကိုဝင် reception မှာစုံစမ်းတော့ အဲ့ဒီ ကိုရီးယား သူဌေးရဲ့ တပည့်တွေ ဆင်းလာတယ်။ ချက်ချင်းပဲ အပြင်မှာ စောင့်နေတဲ့ လူစီ့ ဘဲကို ပစ်သတ်ပလိုက်တယ်။ လူစီလဲ သွေးပျက်သွားတယ် ချင်ချင်း။ အဲ့ဒီလက်ဆွဲ သေတာထဲမှာ CPH4 လို့သူတို့ ပြောတဲ့ ဆေးပြားတွေ ပါတယ်။ အဲ့ဒီ ဆေးပြားတွေကို ပလပ်စတစ် အိတ်ငယ်နဲ့ ထည့်ထားတယ်။ အဲ့ဒါကို အဲ့ဒီဆေးတွေ မှောင်ခိုသယ်တဲ့ လူတွေရဲ့ ဗိုက်ထဲကနေ ထည့်ပြီး ဥရောပကို ပို့တယ်။ လူစီလဲ အဲ့ဒီမှာ ဓါးစာခံဖြစ်သွားပြီး ဗိုက်ထဲ ဆေးအိပ်တွေ အထည့်ခံလိုက်ရတယ်။ သူ့ကို တုပ်နှောင်ထားတဲ့ အချိန်မှာပဲ သူဌေးရဲ့ အောက်ခြေတပည့် တစ်ယောက်က လက်သရမ်းလို့ လူစီက ပြန်ခံပတ်တော့ ဆေးအိပ်ထည့်ပြီး ချုပ်ထားခါစ ဗိုက်ကို လက်သီးနဲ့ထိုးတယ်။ မေ့မျောသွားတယ်။ မေ့မျောနေစဉ်မှာပဲ ခုနက ထိုးလိုက်လို့ ဆေးအိတ်တွေပေါက်ပြီး သူ့ရဲ့သွေးသားတွေထဲကို ပျော်ဝင် ပေါက်ကွဲထွက်ကုန်ပြီး အသွေးအသား Tissues တွေနဲ့ ရောထွေးပျော်ဝင် စီးဆင်းသွားတော့တယ်။ ဇာတ်လမ်းက အဲ့မှာ စတာပဲ။

အဲ့ဒီ ဆေးတွေ ခန္ဓာကိုယ်မှာ ပျော်ဝင်သွားတဲ့ အစွမ်းကြောင့် လူစီရဲ့ Brain Capacityက 20% ကို အလုပ် လုပ်သွားပြီး Physical & Mental ပါဝါက သာမန်လူထက် ၂ဆ ခုန်တက်သွားတယ်။ သာမန်လူတွေရဲ့ ဦးနှောက်အလုပ်လုပ်မှုက သာမန်အားဖြင့် 10%ပဲရှိတယ်တဲ့။ (ဇာတ်ကားထဲမှာတော့ အဲ့လို ပြောတာပဲ၊ ဆေးပညာနဲ့ IQ research တွေကို စိတ်ဝင်စားတဲ့သူတွေ ပိုသိလိမ့်မယ်) သိပံ္ပပညာရှင်တွေနဲ့ သာမန်ထက်ပိုတဲ့ တွေးခေါ်ပညာရှင်တွေမှာ IQ rate 160 အထက် မြင့်တဲ့သူတွေမှ သာလျှင် အဲ့ထက် ရာခိုင်နှုန်းထက် အနည်းငယ် ပိုပြီး အလုပ်လုပ်ကြတာကို လူတွေရဲ့ IQ ကို Research လုပ်နေတဲ့ ပရော်ဖတ်ဆာ Samuel Norman က သူ့ကျောင်းသားတွေကို ရှင်းပြနေတဲ့ ဇာတ်ဝင်ခန်းရယ် လူစီရဲ့ တခါတိုးရင် 10%လောက်တိုးလာတဲ့ Brain Capacity ကြောင့် ဖြစ်ပျက်ပြောင်းလဲနေတာတွေရယ်ကို စာသင်ခန်းက ကျောင်းသားတွေ မေးတဲ့ မေးခွန်းတွေနဲ့တွဲတွဲပြီး ဇာတ်ကားထဲမှာ ရိုက်ပြသွားတယ်။

သာမန် 10% ကနေ 20% ကိုရတဲ့အချိန်မှာ လူစီဟာ သူ့ကို ချုပ်ထားတဲ့ အချုပ်ခန်းကနေ လူမိုက်ဆန်ဆန် ဖောက်ထွက်လာပြီး ဗိုက်ထဲက ဆေးထုတ်တွေကို ဆေးရုံမှာ သွားထုတ်တယ်။ ပြီးတော့ အဲ့ဒီ ကိုရီးယား ဘောစိနဲ့ သူ့ဂိုဏ်းဆီကို ပြန်သွားပြီး ကောင်းကောင်းဆုံးမပလိုက်တယ်။ ဘောစိကြီးရဲ့ ခြေတွေ လက်တွေကို ဓါးနဲ့ ဆိုက်ပြီး ထားခဲ့တယ်။ အဲ့ဒါ သူ့အတွက် တောကြီးမြွေဟောက်ကို ထိပ်သွားပုတ်သလို ဖြစ်သွားခဲ့တော့တယ်။ ဇာတ်လမ်းကတော့ အဲ့ဒီ လူတွေနဲ့ ပြိုင်ဆိုင်တာ ကစပြီး ကျောရိုးယူလိုက်တာပါပဲ။ ဒါပေမယ့် ဇာတ်ကား တစ်ခုလုံး တကယ်ပေးချင်တဲ့ မတ်ဆေ့က သာမန်လူသားတွေထက် ဦးနှောက် ပိုမို အလုပ်လုပ်နိုင်ရင် ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကို ချပြချင်တာ။ ချပြတယ်ဆိုတဲ့ နေရာမှာလဲ နမရွံ့ပိတ်လုပ်ပြီး ချပြတာမျိုး မဟုတ်ပဲ ရုပ်ရှင်ကြည့်နေတဲ့ လူသားရဲ့ လက်ခံနိုင်စွမ်းကို မျှားခေါ်သွားပြီး တခုချင်းပြသွားတာလို့ ပြောရမယ်။

ဘာလို့ လက်ခံနိုင်စွမ်းလို့ ပြောရ သလဲဆိုရင် သူရိုက်ပြတဲ့ 30%လောက်မှာ ဖြစ်ပျက်နေတာလောက်က သာမန်လူတွေ အနေနဲ့ အဲ့ဒီ ဇာတ်ဝင်ခန်းကို ကောင်းကောင်းနားလည်ခံစားလို့ရတယ်။ ဥပမာ အလုပ် တခုကို အာရုံအရမ်း ၀င်စားသွားရင် အလုပ်နဲ့ပါတ်သတ်တဲ့ အားသာချက် အားနည်းချက်တွေကို မြင်ကြဖူးတယ်။ မဖြေရှင်းနိုင်တဲ့ အလုပ်တွေကို အာရုံ စူးစိုက်မှု့ အရမ်းမြင့်လာရင် ဖြေရှင်းနိုင်ကြဖူးတယ်။ စိတ်အာရုံစူးစိုက်မှု့ အားကောင်းလွန်းလို့ တည်ငြိမ် ငြိမ်သက်နေရင် ကိုယ့်စီရောက်လာတော့မယ့် အထိအတွေ့ရဲ့ sense တွေကို ကြိုပြီးရတတ် ကြဖူးတယ် ၊ ဒါတွေဟာ သာမန်လူသားတွေမှာ မကြာခန ထွက်လာတတ်တဲ့ စွမ်းအားတွေပါ။ ဥပမာ နောက်တခု ၊ တရားကို သေချာလိုက်စားပြီး ထိုင်ဖူးတဲ့သူတွေ သိမှာပါ အရမ်း ရေချိန်မြင့်လာရင် ခန္ဓာကိုယ်မှာ လှည့်ပတ်နေတဲ့ သွေးစက် အမှုန်လေးတွေရဲ့ ဖွစာကျဲပြီး ကျင်စက်စက် လှုပ်ရှားနေတာတွေ ။ အကျောတွေ အရိုးအစစ်တွေ သူ့ဟန်ချက်နဲ့သူ လှုပ်ရှားနေတာ၊ ၀မ်းဗိုက်အတွင်းပိုင်းက ကလီဇာတွေရဲ့ နိမ့်တုန်မြင့်တုန် လှုပ်ရှားနေတာ တွေကို အာရုံနဲ့ခံစားပြီး အပြင်မှာ တကယ်ရှိနေတာနဲ့ ချွတ်စွတ်တူအောင် မြင်ဖူးကြတဲ့သူတွေရှိမှာပါ။ အဲ့ဒီအချိန်တွေဟာ ၀ိပသနာနဲ့ မပြောပဲ သာမန်အတိုင်း ပြောမယ်ဆိုရင် စိတ်စုစည်းမှု အားကောင်းပြီး လူတွေရဲ့ သာမန်ထက် ပိုပြီး မန်မိုရီအားကောင်းနေတဲ့အချိန် ရောက်သွားလို့ အဲ့လိုတွေ ကြုံရတာလို့ ထင်တယ်။ စိတ်တည်ငြိမ်မှု့ အားကောင်းရင် မန်မိုရီကို အလေးသာစေတဲ့ အယူအဆလဲ လက်တွေ့မှာ တကယ် ရှိပါတယ်။ ဒီကားထဲမှာလဲ လူစီရဲ့ Brain Capacity တိုးသွားတိုင်း စွမ်းအားတွေ မြင့်လာတာတွေကို ထည့်ရိုက်ပြတော့ 40%လောက်ထိက ဒါရိုက်တာပေးချင်တဲ့ မတ်ဆေ့ကို သာမန်လူတစ်ယောက်က ခန္ဓာကိုယ်နဲ့ရင်းပြီး နားလည်နိုင်စွမ်းရှိစေတယ်။ ဇာတ်လမ်းတခုလုံးကလည်း အဲ့လို နားလည်မှု့တွေ ပေးပေးပြီး ဆွဲခေါ်သွားတာပဲ။

လူစီရဲ့ ခန္ဓာကိုယ်ဟာ သူ့လှုပ်ရှားမှု့ နဲ့အမျှ ပါဝါတွေ တက်နေတော့တယ်။ 40%လောက် အလုပ်လုပ်တဲ့အချိန်မှာ သူဟာ လောကကြီးမှာ ဖြစ်ပျက်လှုပ်ရှား ခုတ်မောင်းနေတဲ့ဆွဲငင် အားတွေ၊ လူတစ်ဦးချင်းဆီရဲ့ ခန္ဓာကိုယ်မှာ စီးဆင်းနေတဲ့ ဆဲလ် တွေ ၊သစ်ပင်တွေရဲ့ ဓါတ်ကြီးလေးပါးနဲ့ရှင်သန် ဖြစ်ထွန်းနေတာတွေကို မြင်ရတဲ့ အဆင့်ရောက်သွားတယ်။ (စူပါဟီးရိုးကားတွေဖြစ်တဲ့ လင်းနို့လူသားတို့ ပင့်ကူလူသားတို့လို ကြည့်ကောင်းရင် ပြီးရော Effect တွေ နင်းကာသိပ်ထည့်ပြီး ရိုက်ထားတာမျိုး လုံးဝ မဟုတ်ဘူး။)

အဲ့လိုပဲ သူ့နောက် လိုက်နေတဲ့ ဘောစိတို့ကို ရှောင်ရင်း (ရှောင်တာတော့ မဟုတ်ဘူး သူ့အတွက် စက်သေနတ်တွေ ကိုင်ထားတဲ့ ရန်သူဆိုတာ တကယ့်ကို မလောက်လေး မလောက်စား အဆင့် ဖြစ်သွားပြီ၊ သူက ပရော်ဖတ်ဆာ နော်မန် ကို ရှာနေတာ၊ သူ့မှာ ဖြစ်ပျက်နေတာတွေကို အဲ့ဒီ ပညရှင်နဲ့ဆွေးနွေးချင်နေတယ်)။ ရာခိုင်နှုန်းတွေ 90 လောက်ရောက်ချိန်မှာတော့ အချိန်တွေရဲ့ ပြောင်းလဲမှု့တွေနဲ့အတူ သဘာဝတရားရဲ့ အရင့်အမှည့် ပြောင်းလဲမှုတွေကိုပါ နောက်ဆုတ်ကြည့် ရှေ့တိုးကြည့်လို့ရတဲ့အနေ အထားတွေ ရောက်ကုန်တယ်။ ပဲရစ်မျှော်စင်ကြီး ရှိတဲ့နေရာဟာ ကမ္ဘာဦး အစက ဘယ်လိုရှိနေခဲ့သလဲ ဆိုတာတွေ သူက Time reverse လုပ်ပြီး မြင်နေရတယ်။ အဲ့ဒီ အဆင့်ထိတော့ မလိုက်နိုင်တော့ပေမယ့် ခံစားပေးလို့ရပါတယ်။

ဒီနေရာမှ တခုပြောလိုတာက ဖတ်ဖူးတဲ့ စာအုပ်တွေမှာ လူတွေကိုယ်းကွယ်တဲ့ ဘုရားရှင်အသီးသီးရဲ့ အကြောင်းကို လေ့လာနေတဲ့ အနောက်တိုင်းက ဘာသာမဲ့ လေ့လာသူ တွေရဲ့ မှတ်ချက်ဟာ သာမန်လူတွေထက် ဥာဏ်ပညာ အရမ်းမြင့်မားလွန်းလို့သာ လူတွေ ပင်ကိုယ် အရည်အချင်းနဲ့ မသိနိုင်တဲ့ တရားတွေကို ဟောနိုင်တာ ဆိုပြီး ဆွေးနွေးတဲ့ အယူအဆကို ကျနော်ဖတ်ဖူးတယ်။ လူသာမန်ထက် ဥာဏ်ပညာလွန်ကဲသူလို့ သူတို့ရပ်တည်ချက်နဲ့ သူတို့ မှတ်ချက် ချတဲ့သဘောပါ။ ဘာသာရေး ဘက်ကနေ မပြောပဲ သာမန်အတိုင်း မြင်အောင် ပြောတာပါ။

အဲ့ဒီလိုပဲ တကယ်ပဲ ဦးနှောက်ဟာ 10%လောက်သာအလုပ်လုပ်တာလား၊ အိုင်းစတိုင်းတို့လို IQ Rate 160 ကျော်နေတဲ့သူတွေမှာ တကယ်ပဲ 10/%ထက်ပိုပြီး အ လုပ်လုပ်တာလား ဆိုတဲ့ အတွေးမျိုးရလိုက်တယ်။ အတွေးဟာ ရုပ်တိရှိတယ် မရှိဘူးဆိုတာထက် Brain Capacity သာ 100% အလုပ်လုပ်မယ်ဆိုရင် ဘာဖြစ်သွားနိုင်မလဲ၊ နတ်ဘုရားတွေ တန်ခိုးရှင်တွေဟာ Brain Capacity တွေ ရာခိုင်နှုန်းများစွာ အလုပ်လုပ်တဲ့ (လူ)တွေမို့လို့ တန်ခိုးတွေ ရှိနေတဲ့ ပုံစံမျိုး သာမန်လူတွေက မြင်ကြတာလား ဆိုတဲ့ ပေါ့ပေါ့ ပါးပါး ဆိုက်ကိုတခု ပရိတ်သတ်တွေ ရသွားအောင် ဒါရိုက်တာက ပွဲကြည့်ပရိတ်သတ်ကို ဆေးထိုးပေးလိုက်တဲ့ ဇာတ်ကား ပါပဲ။
(အတွဲနဲ့တော့ သွားမကြည့်သင့်ဘူး၊ မျက်နှာက ရုပ်ရှင် ပိတ်ကားပေါ်က ခွာချင်စိတ် မရှိအောင်ကို ကောင်းလွန်းလို့)

ဒီအညွန်းကတော့ https://www.facebook.com/saw.morris.1 ကနေကူးယူပါတယ်..
pCloud ကနေ တင်ပေးထားပါတယ်..
srt ကို ညီလေး Ko Shine  ပေးလို့ မြန်မာစာတန်းထိုးနဲ့ တင်ပေးလိုက်ပါတယ်..