Wednesday, January 27, 2016

Scouts Guide To The Zombie Apocalypse(2015) မြန်မာစာတန်းထိုး

Scouts Guide To The Zombie Apocalypse(2015)
 မြန်မာစာတန်းထိုး
 
ဒီကားကတော့ Zombie ကားတကားဖြစ်ပါတယ်
Zombie ကားနှစ်သက်သူများလက်မလွှတ်သင့်တဲ့ကားပါ......

ဇာတ်လမ်းအစမှာတော့
စမ်းသပ်မှုတခု ကျိုးပေါက်သွားတဲ့အတွက်
Zombie များ စတင်ပေါက်ဖွားရှင်သန်လာတာကစထားပါတယ်
ဘန်၊ကာတာနဲ့ အော်ဂီတို့ သူငယ်ချင်း(၃)ယောက်ဟာ
ကင်းထောက်ရဲဘော်များဖြစ်ပါတယ် သူတို့ရဲ့ခေါင်းဆောင်ဖြစ်သူ
ရော်ဂျာနဲ့အတူ ကင်းထောက်ဖို့ တောထဲထွက်လာတဲ့အခါ
မှာ ခေါင်းဆောင်ရော်ဂျာအား Zombie ကောင်တကောင်အကိုက်
ခံလိုက်ရပါတယ် ဘန်၊ကာတာနဲ့ အော်ဂီတို့ဟာ သူတို့ခေါင်းဆောင်
Zombie ဖြစ်သွားမှန်းမသိကြပါဘူး ညအချိန်ရောက်လာတဲ့အခါ
မှာတော့ ကာတာဟာ နိုက်ကလပ်အဖော်အချွတ်ခန်းမကို သွားချင်
တဲ့အတွက် ဘန်ကိုဆွယ်ပြီး အော်ဂီကိုတစ်ယောက်ထဲ ထားခဲ့ပါတယ်
အဲဒီနောက် ကာတာနဲ့ဘန်တို့ နိုက်ကလပ်ရောက်သွားတဲ့အခါ
ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဆက်လက်ရှူစားကြည့်ကြဖို့ စာတန်းထိုးနဲ့တင်ပေးလိုက်ပါတယ်

ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ် pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
  
 တိုက်ရိုက်ကြည့်ရန်နှင့်ဒေါင်းရန် pCloud လင့်
Download 480p 370 MB 

Download 720p 800 MB



အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/

Thursday, January 21, 2016

71: Into the Fire (2010) မြန်မာစာတန်းထိုး

71: Into the Fire (2010) မြန်မာစာတန်းထိုး
 
တရုတ်ကားတွေဆက်နေလို့ ဒီတခါတော့
ကိုးရီးယားစစ်ကားကောင်းတကားတင်ပေးလိုက်ပါတယ်
ဒီကားဟာ ၁၉၅၀ သြဂုတ်လ(၁၃)ရက် နေ့
ပိုဟန် အလယ်တန်းကျောင်းမှ ကျောင်းသား(၇၁) ဦး
ပါဝင်ခဲ့တဲ့ဖြစ်ရပ်မှန်တိုက်ပွဲအားအခြေခံပြီးပြန်လည်
ရိုက်ကူးထားတဲ့ကားပါ မြောက်ကိုးရီးယားနဲ့ တောင်ကိုးရီးယား
ရဲ့အကြီးမားဆုံးစစ်ပွဲဟာ ရက် ၄၀ လုံးလုံးဖြစ်ပွားရာမှာ
တောင်ကိုးရီးယားတပ်များစစ်ကူစောင့်ဆိုင်းနေစဉ်
ပိုလန်အလယ်တန်းကျောင်းမှကျောင်းသား(၇၁)ဦးတို့ဟာ
ခံစစ်ဖြင့်အပြင်းအထန် ပြန်ခုခံတိုက်ခိုက်ရာမှာ
ကျောင်းသားစစ်သားများရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုကို
ပေါ်လွင်အောင်ရိုက်ကူးပြသခဲ့ပါတယ်
ဒီကားဟာ IMDb rating:7.4 ထိရရှိထားပြီး
အဓိကဇာတ်ဆောင်တွေကတော့ ကျောင်းသား
ခေါင်းဆောင်အဖြစ် မင်းသား Seung Hyun Choi
ဂျစ်ကန်ကန်ကျောင်းသားအဖြစ် Sang-Woo Kwon နဲ့
ဗိုလ်ကြီးအဖြစ် Seung-won Cha တို့ဦးဆောင်ပါဝင်ထားကြပါတယ်
ဒီဇာတ်ကားကို အရမ်းကြိုက်လို့ မကြည့်ရသေးတဲ့သူတွေရော 

ကြည့်ပြီးသားသူတွေပါ ထပ်ကြည့်ရအောင်
စာတန်းထိုးနဲ့တင်ပေးလိုက်ပါတယ်

ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ် pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
  
 တိုက်ရိုက်ကြည့်ရန်နှင့်ဒေါင်းရန် pCloud လင့်
Download 480p 490 MB 

Download 720p 900 MB



အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/

Tuesday, January 19, 2016

Hero(Ying Xiong)(2002) မြန်မာစာတန်းထိုး

 Hero(Ying Xiong)(2002) မြန်မာစာတန်းထိုး
  
ကောင်းကင်(Donnie Yen)၊ နှင်းပျံ(Maggie Cheung)နဲ့ 
ဓားကျိုး(Tony Chiu Wai Leung)တို့ဟာ
ဇိုနိုင်ငံရဲ့ လူသတ်သမားသုံးဦးအဖြစ်
ဆယ်နှစ်လုံးလုံး ကင်ဘုရင်ကြီး(
Daoming Chen)ကို သတ်ဖို့ကြံစည်ခဲ့ကြလို့ဘုရင်ကြီးအေးချမ်းစွာ မနေခဲ့ရဘူး
လင်မင်းစီရင်စု အုပ်ချုပ်ရေးမှူး နာမည်မဲ့(Jet Li)ဟာ
ငယ်ငယ်ကတည်းက မိဘမရှိပဲ ဓားသိုင်းအတတ်ကို
ဆယ်နှစ်လောက်လေ့ကျင့်သင်ကြားပြီးတဲ့နောက်မှာ
ကျွမ်းကျင်မှုရလာခဲ့တယ်..
နာမည်မဲ့(Jet Li)က ကင်မင်းကြီးရဲ့သူရဲကောင်းရန်သူ(၃)ဦး
ကို ဖြိုခွင်းခဲ့တဲ့အတွက် ကင်မင်းကြီးကနေပြည်တော်သို့
ဆင့်ခေါ်ခြင်းခံခဲ့ရပါတယ် ကင်မင်းကြီးက သူရဲကောင်းရန်သူတော်

(၃)ဦးရဲ့လက်နက်တွေကို ဘယ်လိုရအောင်ယူပြီး
တိုက်ခိုက်ခဲ့လဲဆိုတာကို အသေးစိတ်မေးမြန်းတဲ့အခါမှာတော့.......

ဒီကားမှာ မင်းသား Jet Li ရဲ့ပြောင်မြောက်လှတဲ့ ဓါးရေးဓါးကွက်
တွေကို ရင်သပ်ရှုမောဖွယ်မြင်ရမှာဖြစ်သလို
မင်းသား Donnie Yen နဲ့တိုက်ခိုက်ခန်းများဟာလည်း
ကြည့်ဖူးသမျှသိုင်းကားများထဲမှာ အနှစ်သက်ဆုံးအခန်းဖြစ်
ခဲ့ရပါတယ် ဘယ်နှစ်ခါပြန်ကြည့်ကြည့်မရိုးနိုင်ခဲ့ပါဘူး
စာတန်းထိုးနဲ့ပြန်ကြည့်တဲ့အခါ ဇာတ်လမ်းဇာတ်ကွက်မြှုပ်ကွက်
တွေကိုအများကြီးမြင်တွေ့လာခဲ့ရပါတယ်
မကြည့်ရသေးတဲ့သူရော ကြည့်ပြီးသားသူတွေပါ
ဘယ်ချိန်ကြည့်ကြည့်ကောင်းတဲ့ကောင်းမျိုးပါ 

ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ် pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
  
 တိုက်ရိုက်ကြည့်ရန်နှင့်ဒေါင်းရန် pCloud လင့်
Download 480p 380 MB 

Download 720p 700 MB



အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/

Monday, January 18, 2016

Spectre (2015) မြန်မာစာတန်းထိုး


Spectre (2015) မြန်မာစာတန်းထိုး 

 007 ဂျိန်းစ်ဘွန်းရဲ့နောက်ဆုံးထွက်ဇာတ်ကားသစ်ကို
 Bluray ထွက်ပြီမလို့ သိမ်းထားချင်သူများ၊ကြည်ကြည်လင်လင်နဲ့
 ပြန်ကြည့်ချင်သူများအတွက် update ပြန်တင်ပေးလိုက်ပါတယ်
  007 ရဲ့ဇာတ်ကားတွေအားလုံးထဲမှာ  
Skyfall ပြီးရင် ဒီကားဟာဒုတိယ၀င်ငွေအများဆုံးစံချိန်တင်ခဲ့သလို
Spectre ဟာ ရုပ်ရှင်သမိုင်းမှာ အကြီးမားဆုံးဇာတ်ကားစတန့်ပေါက်ကွဲမှု အတွက် ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ဇာတ်ကားလည်းဖြစ်ပါတယ်..။

ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ်
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
 
တိုက်ရိုက်ကြည့်ရန်နှင့်ဒေါင်းရန် pCloud လင့်

Download 480p 600 MB 


 Download 720p 1.2 GB


အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/

Friday, January 15, 2016

Curse of the Golden Flower(2006) မြန်မာစာတန်းထိုး

 Curse of the Golden Flower(2006) မြန်မာစာတန်းထိုး
  
မင်းသားကြီး Chow Yun-Fat ရဲ့တရုတ်နန်းတွင်းရာဇ၀င်ကားဖြစ်ပါတယ်
ဒီကားကိုစကြည့်တုန်းက သိပ်နားမလည်ပေမယ့်
တော်တော်ကြိုက်ခဲ့တဲ့ကားပါ ဒီကားထဲက တရုတ်နန်းတွင်းရဲ့
ကြီးကျယ်ခမ်းနားမှုကို အံ့မခန်းမြင်တွေ့နိုင်သလို ဘုရင်ဧကရာဇ်
ရဲ့သြဇာဘယ်လောက်ကြီးတယ်ဆိုတာလည်းမြင်တွေ့ရမှာပါ
ဒီဇာတ်ကားဟာ နန်းတွင်းမိသားစုအရှုပ်တော်ပုံကို ပေါ်လွင်အောင်
ရိုက်ပြထားတဲ့ကားဖြစ်ပြီး ဘုရင်နဲ့မိဖုရား၊ ဘုရင်နဲ့သားတော်များ
မယ်တော်နဲ့သားတော်များအကြား ပဋိပက္ခများကို အရေးပေးထားပါတယ်
စာတန်းထိုးနဲ့မလို့အညွှန်းအများကြီးမရေးတော့ပါဘူး
ကြည့်ပြီးသူများထပ်ကြည့်လည်း မရိုးနိုင်သလို့
မကြည့်ရသေးသူများအတွက်လည်း 

တော်တော်လေးကြည့်ကောင်းတဲ့ကားတကားပါ
တရုတ်ရာဇ၀င်ကားတွေထဲမှာ အနှစ်သက်ဆုံးကားဖြစ်ပါတယ် ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ် 
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
  
 တိုက်ရိုက်ကြည့်ရန်နှင့်ဒေါင်းရန် pCloud လင့်
Download 480p 460 MB 

Download 720p 880 MB



အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/

Wednesday, January 13, 2016

Hotel Transylvania 2 (2015) မြန်မာစာတန်းထိုး

Hotel Transylvania 2 (2015) မြန်မာစာတန်းထိုး

2012 ခုနှစ်ကထွက်ရှိထားတဲ့ Hotel Transylvania ရဲ့ အဆက်ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။ ၂၀၁၂ တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားမှာတော့ Johnnystein နဲ့ ဗန်ပိုင်းယား မလေး Mavis တို့ ချစ်ကြိုက်သွားတဲ့အခန်းနဲ့ အဆုံးသတ်ထားပါတယ်။ ဒီဇာတ်ကားအစမှာတော့ သူတို့ နှစ်ယောက် မင်္ဂလာဆောင်တဲ့အခန်းနဲ့ စတင်ထားပြီးတော့ Johnnystein ရဲ့ မိလတွေပါ မင်္ဂလာပွဲကို တက်ရောက်ကြပြီး မင်္ဂလာပွဲကို ပျော်ရွှင်စွာ ကျင်းပ ဖြစ်ခဲ့ပါတော့တယ်။  
နောက်ပိုင်းမှာတော့ Mavis ဟာ ကိုယ်ဝန်ရှိလာပြီး Dennis လို့ခေါ်တဲ့သားလေးကို မွေးဖွားလာခဲ့ပါတယ်။ Dennis လေး ၅ နှစ်မပြည့်ခင်မှာ အဖိုးဖြစ်သူ Drac ဟာ သူ့မြေးဖြစ်သူ Dennis ဟာဗန်ပိုင်းယားတို့ရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ အစွယ်ပေါက်မလာသေးတဲ့အတွက် သူ့မြေးဖြစ်သူ ဗန်ပိုင်းယားသွေး မပါလာမှာကို စိုးရိမ်နေပါတယ်။ Transylvania ဟာ သူ့သားအတွက် အန္တရယ်ရှိတဲ့နေရာတစ်ခုလို့ စဉ်းစားမိလာတဲ့အတွက် Mavis ဟာ Dennis ရဲ့ ဇာတိဖြစ်တဲ့ California ကို ပြောင်းရွှေ့ပြီးသူ့သားကို အန္တရယ်ကင်းစွာ ကြီးပြင်းစေဖို့ စီစဉ်နေပါတယ်။ Drac ဟာ johnny ကို Mavis နဲ့အတူ California ကို အလည်သွားခိုင်းပြီး ထိုနေရာမှာ အဆင်မပြေပြီး မနေထိုင်ချင်အောင် လုပ်ခိုင်းပါတော့တယ်။ Johnny ကိုယ်တိုင်ကလည်း Transylvania ကနေ တခြားမှာ မနေထိုင်ချင်ပါဘူး။ 
 ထိုအစီအစဉ်ကိုတော့ Mavis မသိခဲ့ပါဘူး။ 
Johnny နဲ့ Mavis တို့ California ကို ခရီးသွားနေချိန်မှာ Drac တစ်ယောက် သူ့မြေးကို monster တစ်ယောက်ဖြစ်လာဖို့အတွက် သူ့သူငယ်ချင်းတွေနဲ့အတူ လေ့ကျင့်ပေးပါတော့တယ်။ ထိုအကြောင်းကို Mavis တစ်ယောက်သိသွားတဲ့အခါမှာတော့ Transylvania ကို ဒေါသတကြီးနဲ့အတူပြန်လာခဲ့ပြီး သူ့အဖေ Drac ကို စိတ်ဆိုးပါတော့တယ်။ သူ့သား Dennis ၅ နှစ်ပြည့် မွေးနေ့ပွဲကျင်းပပြီးတာနဲ့ California ကို ပြောင်းတော့မယ်လို့ ပြောလိုက်ပါတော့တယ်။ ထို့အတူ မွေးနေ့ပွဲကို Drac ရဲ့ အဖေ၊ Mavis ရဲ့ အဖိုးကို ဖိတ်ကြားလိုက်ပြီး Johnny ရဲ့ အမျိုးတွေလည်း တက်ရောက်ကြမှာပါ။ Mavis ရဲ့အဖိုး Vlad ဟာ လူသားတွေကို သိပ်သဘောကျလှသူမဟုတ်ပါဘူး . . . ထို့အတူ သူ့အစေခံဖြစ်သူ Bela ဟာလည်း လူသားတွေကို မုန်းတီးနေသူပါ။ Vlad တို့ ရောက်ရှိလာပြီးနောက် ဘယ်လိုမျိုးတွေ ဖြစ်ပျက်လာတယ်ဆိုတာကို ကြည့်ရှုရမှာပါ။ အဖေလူသားနဲ့ အမေ ဗန်ပိုင်းယားတို့ရဲ့ မျိုးဆက်သစ်လေး Dennis ကကော ဘယ်ဘက်မျိုးရိုးဘက်လိုက်မှာလဲ  . . . . . . ။ 

ဒီဇာတ်ကားလေးကို မကြည့်ခင် ၂၀၁၂ တုန်းက ထွက်ရှိခဲ့တဲ့ အပိုင်း၁ ကို မကြည့်ရသေးရင်တော့ ဇာတ်လမ်းသေချာ နားလည်မှာမဟုတ်ပါဘူး။ ၂၀၁၂ တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးကို ကြိုက်ရင်တော့ ဒီဇာတ်ကားလေးကို ကြိုက်ကြမှာပါ။ တခြားဇာတ်ကားတွေမှာ ဒရက်ကူလာကို ကြောက်စရာအဖြစ်ဖော်ပြထားပေမယ့် ဒီဇာတ်ကားမှာတော့ ဗန်ပိုင်းယား . . monster တွေကို ချစ်စရာကောင်းတဲ့ ပုံစံတွေနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။ ခလေးတွေ အကြိုက်တွေ့မယ့် ဇာတ်ကားတစ်ကားဖြစ်ပြီး လူကြီးတွေလည်း ကြိုက်နှစ်သက်ကြမှာပါ။ အပိုင်း၃ ကတော့ ၂၀၁၈ မှာ ထွက်ရှိလာမယ်ဖြစ်ပါတယ်။   မင်းသား Adam Sandler က Drac အဖြစ်အသံနဲ့ သရုပ်ဆောင်ထားပြီး Selena Gomez ကတော့ Mavis အဖြစ် ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်ဝင်သီချင်းဖြစ်တဲ့ I'm in Love with a Monster သီချင်းကိုတော့ Fifth Harmony အဖွဲ့က သီဆိုပေးထားတာဖြစ်ပါတယ်။ IMDB Ratings: 6.8/10  ရရှိထားပြီး ကြည့်ဖို့ကောင်းတဲ့ ဇာတ်ကားလေးတစ်ကားပါပဲ။ 
(အညွှန်းကိုတော့ mmmovieguide မှကူးယူဖေါ်ပြခြင်းဖြစ်ပါတယ်)
ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ် 
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
  
 တိုက်ရိုက်ကြည့်ရန်နှင့်ဒေါင်းရန် pCloud လင့်
Download 480p 360 MB 

Download 720p 930 MB


နံပါတ် (၁) Hotel Transylvania (2012) မြန်မာစာတန်းထိုး
မကြည့်ရသေးသူများ ဒီလင့်မှာကြည့်ရန်

အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/

Monday, January 11, 2016

Riddick (2013) မြန်မာစာတန်းထိုး


Riddick (2013) မြန်မာစာတန်းထိုး
 

ဒီဇာတ်ကားကတော့ လူကြိုက်များတဲ့
မင်းသား Vin Diesel ရဲ့
Action, Adventure, Sci-Fi အမျိုးအစားကားပါ
အရင်နေ့က တစ်ကားတင်ပေးထားပါတယ် 
ခုနောက်တစ်ကားတင်ပေးလိုက်ပါတယ်
ဒီကားထဲမှာတော့ ရစ်ဒစ်ဟာ လူသူမရှိတဲ့ဂြိုလ်ကို
ရောက်ရှိသွားပြီး ဘယ်လိုလွတ်မြောက်လာမလဲဆိုတာ
ကိုတော့ရှူစားကြရမယ့်ကားဖြစ်ပါတယ်
ဒီကားကိုတော့ ကိုအေးချမ်းမှာ ဘာသာပြန်ပေးထားခြင်းဖြစ်ပါတယ် 
ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ် 
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
  
 တိုက်ရိုက်ကြည့်ရန်နှင့်ဒေါင်းရန် pCloud လင့်
Download 480p 510 MB 

Download 720p 1 GB


The Chronicles of Riddick (2004) မြန်မာစာတန်းထိုး 
မကြည့်ရသေးသူများ ဒီလင့်မှာကြည့်ရန်

အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/

Sunday, January 10, 2016

The Diabolical (2015) မြန်မာစာတန်းထိုး


The Diabolical (2015) မြန်မာစာတန်းထိုး 

ဒီကားကတော့ Horror, Sci-Fi အမျိုးအစား ဖြစ်ပါတယ်
မက်ဒီဆင်ဟယ်လာ မှာ ဂျက်ကော့ဘ်နဲ့ ဟေလီ ဆိုတဲ့
သားနဲ့သမီးတို့ရှိပါတယ် ခင်ပွန်းမရှိတော့ကတည်းက
သူဟာ သူ့မိသားစုရဲ့ဘ၀ရှေ့ဆက်ဖို့ တဦးတည်း ရုန်းကန်
ကြိုးစားခဲ့သူဖြစ်ပြီး အိမ်အကြွေးကိုလစဉ်ပေးနိုင်ဖို့အတွက်
အခက်အခဲဖြစ်နေခဲ့ပါတယ် ကမ်ဆက်ဟိုးလ်ဒင် ဆိုတဲ့
အဖွဲ့အစည်းတခုက သူ့အိမ်ချေးငွေကိုချုပ်ကိုင်ထားပြီး
အိမ်လခ တလပေးဖို့နောက်ကျတဲ့အတွက် အိမ်ကိုရောင်းဖို့
ပစိဖိတ်အိမ်ခြံမြေကိုယ်စားလှယ်တဦးကိုလွှတ်ပြီးပြောခိုင်း
ပါတယ် မက်ဒီဆင်ဟာ သားနဲ့သမီးရှေ့ရေးအတွက် အိမ်ကို
ရောင်းလို့မဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ် မက်ဒီဆင်ရဲ့
သားဖြစ်သူ ဂျက်ကော့လ်ဟာလည်းကျောင်းကနေ အတိုင်ခံ
နေရတဲ့အတွက် မက်ဒီဆင်ဟာ စိတ်ညစ်နေရပါတယ်
သူ့အိမ်မှာလည်း ညဆိုရင် သရဲခြောက်သလို ကိုယ်ထင်ပြမှုတွေ
အမျိုးမျိုးဖြစ်နေခဲ့တဲ့အတွက် စိတ်တော်တော်ခြောက်ခြားနေခဲ့
ပါတယ်  အိမ်ကိုလည်းဘာဖြစ်တယ်ဆိုတာသိချင်တဲ့အ
အတွက်အမျိုးမျိုးခေါ်ယူစမ်းသပ်ပေမယ့်အဖြေမရရှိခဲ့ပါဘူး
သူ့ရည်းစားဖြစ်သူ ဂျက်ကော့ဘ်ရဲ့သိပ္ပံဆရာဖြစ်သူ နစ်ခ်ကို
အကူအညီတောင်းပြီးပြောပြခဲ့ပါတယ်
အမှန်တကယ်က သူ့အိမ်ကိုရောင်းအောင်လို့ ကမ်ဆက်အဖွဲ့
အစည်းက ခြောက်လန့်ခြင်းဖြစ်တယ်ဆိုတာကို မက်ဒီဆင်
ဟာနောက်ဆုံးမှာသိသွားပါတော့တယ်
မကြည့်ရသေးသူများ ကြည့်ရအောင်စာတန်းထိုးနဲ့တင်ပေးလိုက်ပါတယ်

ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ်
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
 
တိုက်ရိုက်ကြည့်ရန်နှင့်ဒေါင်းရန် pCloud လင့်

Download 360p 450 MB 

 
 Download 720p 600 MB


အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/

Saturday, January 2, 2016

Pan (2015) မြန်မာစာတန်းထိုး


Pan (2015) မြန်မာစာတန်းထိုး

အားလုံးသိပြီးသားဖြစ်မှာပါ...
 Adventure, Family, Fantasy အမျိုးအစားဖြစ်ပြီး
 အထွေအထူးအညွန်းပေးဖို့လိုမယ်မထင်လို့
အညွန်းမရေးတော့ပါဘူး....။
အားလပ်ရက်မှာ မိသားစုအပျင်းပြေကြည့်လို့ကောင်းတဲ့ရုပ်ရှင်လေးပါ
 ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ်
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
 
တိုက်ရိုက်ကြည့်ရန်နှင့်ဒေါင်းရန် pCloud လင့်

Download 480p 450 MB 

 
 Download 720p 1.0 GB


အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/