Wednesday, January 13, 2016

Hotel Transylvania 2 (2015) မြန်မာစာတန်းထိုး

Hotel Transylvania 2 (2015) မြန်မာစာတန်းထိုး

2012 ခုနှစ်ကထွက်ရှိထားတဲ့ Hotel Transylvania ရဲ့ အဆက်ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။ ၂၀၁၂ တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားမှာတော့ Johnnystein နဲ့ ဗန်ပိုင်းယား မလေး Mavis တို့ ချစ်ကြိုက်သွားတဲ့အခန်းနဲ့ အဆုံးသတ်ထားပါတယ်။ ဒီဇာတ်ကားအစမှာတော့ သူတို့ နှစ်ယောက် မင်္ဂလာဆောင်တဲ့အခန်းနဲ့ စတင်ထားပြီးတော့ Johnnystein ရဲ့ မိလတွေပါ မင်္ဂလာပွဲကို တက်ရောက်ကြပြီး မင်္ဂလာပွဲကို ပျော်ရွှင်စွာ ကျင်းပ ဖြစ်ခဲ့ပါတော့တယ်။  
နောက်ပိုင်းမှာတော့ Mavis ဟာ ကိုယ်ဝန်ရှိလာပြီး Dennis လို့ခေါ်တဲ့သားလေးကို မွေးဖွားလာခဲ့ပါတယ်။ Dennis လေး ၅ နှစ်မပြည့်ခင်မှာ အဖိုးဖြစ်သူ Drac ဟာ သူ့မြေးဖြစ်သူ Dennis ဟာဗန်ပိုင်းယားတို့ရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ အစွယ်ပေါက်မလာသေးတဲ့အတွက် သူ့မြေးဖြစ်သူ ဗန်ပိုင်းယားသွေး မပါလာမှာကို စိုးရိမ်နေပါတယ်။ Transylvania ဟာ သူ့သားအတွက် အန္တရယ်ရှိတဲ့နေရာတစ်ခုလို့ စဉ်းစားမိလာတဲ့အတွက် Mavis ဟာ Dennis ရဲ့ ဇာတိဖြစ်တဲ့ California ကို ပြောင်းရွှေ့ပြီးသူ့သားကို အန္တရယ်ကင်းစွာ ကြီးပြင်းစေဖို့ စီစဉ်နေပါတယ်။ Drac ဟာ johnny ကို Mavis နဲ့အတူ California ကို အလည်သွားခိုင်းပြီး ထိုနေရာမှာ အဆင်မပြေပြီး မနေထိုင်ချင်အောင် လုပ်ခိုင်းပါတော့တယ်။ Johnny ကိုယ်တိုင်ကလည်း Transylvania ကနေ တခြားမှာ မနေထိုင်ချင်ပါဘူး။ 
 ထိုအစီအစဉ်ကိုတော့ Mavis မသိခဲ့ပါဘူး။ 
Johnny နဲ့ Mavis တို့ California ကို ခရီးသွားနေချိန်မှာ Drac တစ်ယောက် သူ့မြေးကို monster တစ်ယောက်ဖြစ်လာဖို့အတွက် သူ့သူငယ်ချင်းတွေနဲ့အတူ လေ့ကျင့်ပေးပါတော့တယ်။ ထိုအကြောင်းကို Mavis တစ်ယောက်သိသွားတဲ့အခါမှာတော့ Transylvania ကို ဒေါသတကြီးနဲ့အတူပြန်လာခဲ့ပြီး သူ့အဖေ Drac ကို စိတ်ဆိုးပါတော့တယ်။ သူ့သား Dennis ၅ နှစ်ပြည့် မွေးနေ့ပွဲကျင်းပပြီးတာနဲ့ California ကို ပြောင်းတော့မယ်လို့ ပြောလိုက်ပါတော့တယ်။ ထို့အတူ မွေးနေ့ပွဲကို Drac ရဲ့ အဖေ၊ Mavis ရဲ့ အဖိုးကို ဖိတ်ကြားလိုက်ပြီး Johnny ရဲ့ အမျိုးတွေလည်း တက်ရောက်ကြမှာပါ။ Mavis ရဲ့အဖိုး Vlad ဟာ လူသားတွေကို သိပ်သဘောကျလှသူမဟုတ်ပါဘူး . . . ထို့အတူ သူ့အစေခံဖြစ်သူ Bela ဟာလည်း လူသားတွေကို မုန်းတီးနေသူပါ။ Vlad တို့ ရောက်ရှိလာပြီးနောက် ဘယ်လိုမျိုးတွေ ဖြစ်ပျက်လာတယ်ဆိုတာကို ကြည့်ရှုရမှာပါ။ အဖေလူသားနဲ့ အမေ ဗန်ပိုင်းယားတို့ရဲ့ မျိုးဆက်သစ်လေး Dennis ကကော ဘယ်ဘက်မျိုးရိုးဘက်လိုက်မှာလဲ  . . . . . . ။ 

ဒီဇာတ်ကားလေးကို မကြည့်ခင် ၂၀၁၂ တုန်းက ထွက်ရှိခဲ့တဲ့ အပိုင်း၁ ကို မကြည့်ရသေးရင်တော့ ဇာတ်လမ်းသေချာ နားလည်မှာမဟုတ်ပါဘူး။ ၂၀၁၂ တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးကို ကြိုက်ရင်တော့ ဒီဇာတ်ကားလေးကို ကြိုက်ကြမှာပါ။ တခြားဇာတ်ကားတွေမှာ ဒရက်ကူလာကို ကြောက်စရာအဖြစ်ဖော်ပြထားပေမယ့် ဒီဇာတ်ကားမှာတော့ ဗန်ပိုင်းယား . . monster တွေကို ချစ်စရာကောင်းတဲ့ ပုံစံတွေနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။ ခလေးတွေ အကြိုက်တွေ့မယ့် ဇာတ်ကားတစ်ကားဖြစ်ပြီး လူကြီးတွေလည်း ကြိုက်နှစ်သက်ကြမှာပါ။ အပိုင်း၃ ကတော့ ၂၀၁၈ မှာ ထွက်ရှိလာမယ်ဖြစ်ပါတယ်။   မင်းသား Adam Sandler က Drac အဖြစ်အသံနဲ့ သရုပ်ဆောင်ထားပြီး Selena Gomez ကတော့ Mavis အဖြစ် ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်ဝင်သီချင်းဖြစ်တဲ့ I'm in Love with a Monster သီချင်းကိုတော့ Fifth Harmony အဖွဲ့က သီဆိုပေးထားတာဖြစ်ပါတယ်။ IMDB Ratings: 6.8/10  ရရှိထားပြီး ကြည့်ဖို့ကောင်းတဲ့ ဇာတ်ကားလေးတစ်ကားပါပဲ။ 
(အညွှန်းကိုတော့ mmmovieguide မှကူးယူဖေါ်ပြခြင်းဖြစ်ပါတယ်)
ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ် 
pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
  
 တိုက်ရိုက်ကြည့်ရန်နှင့်ဒေါင်းရန် pCloud လင့်
Download 480p 360 MB 

Download 720p 930 MB


နံပါတ် (၁) Hotel Transylvania (2012) မြန်မာစာတန်းထိုး
မကြည့်ရသေးသူများ ဒီလင့်မှာကြည့်ရန်

အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/
Reactions:

3 comments:

  1. ​ကျေးဇူးပါပဲ အကို​နောက်​ထက်​တင်​​ပေအုတ်

    ReplyDelete
  2. ကျေးဇူးတင်ပါတယ် အရမ်းကောင်းတဲ့ကားလေးပါ

    ReplyDelete
  3. အခုမှစကြည့်တာမရဘူး ဘယ်လိုလုပ်ရမလဲ

    ReplyDelete