Sunday, February 7, 2016

The Last Witch Hunter (2015) မြန်မာစာတန်းထိုး

The Last Witch Hunter (2015) မြန်မာစာတန်းထိုး 

ဒီဇာတ်ကားကတော့ နာမည်ကြီးမင်းသားဖြစ်တဲ့ Vin Diesel နဲ့အတူ
မင်းသား Elijah Wood နဲ့ မင်းသမီး Rose Leslie တို့ပါဝင်ထားတဲ့
မှော်ကားတကားဖြစ်ပါတယ်
နှစ်ပေါင်းများစွာ အောက်လမ်းစုန်းအတတ်ပညာရှင်များကို
ရှင်းလင်း သုတ်သင်နေကြတဲ့ စုန်းမုဆိုး ခေါ် Witch Hunter 
များရှိနေကြသည်မှာတော်တော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်
ထို စုန်းမုဆိုးများထဲမှ ကူလ်ဒါ ဆိုသူဟာ
ထူးချွန်သည့်စုန်းမုဆိုးသူရဲကောင်းတစ်ဦးဖြစ်ခဲ့ပြီး
စုန်းဘုရင်မနှင့် နောက်လိုက်များကို အပြီးသတ်သုတ်သင်ရှင်းလင်းခဲ့ခြင်းပါ
စုန်းဘုရင်မဟာ မသေဆုံးနိုင်သည့် သူမရဲ့အစွမ်းများကို 
ကျိန်စာပြုလုပ်ပြီး ကူလ်ဒါနဲ့သူရဲ့မိသားစုကို နောင်ဘဝတွေမှာ
ကူလ်ဒါနဲ့ကွဲအောင်ကျိန်စာတိုက်ခဲ့ပါတယ်
ကူလ်ဒါ ဟာ နှစ်ပေါင်းများစွာရှင်သန်ခဲ့ပြီး စုန်းပညာရှင်များကို
သုတ်သင်ရှင်းလင်းခဲ့ပါတယ် အဲဒီလိုနှိမ်နင်းနေရင်းနဲ့
သူ့ရဲ့မိသားစု လူ့ဘဝပြန်ဖြစ်မည့်ကာလမှာဆုံတွေ့နိုင်ရန်အတွက်
ကြိုးစားလိုက်ရှာနေခဲ့ပါတယ် အဲဒီအချိန်မှာပဲ 
စုန်းဘုရင်မဟာ ပြန်လည်အသက်ဝင်ရှင်သန်လာခဲ့ပြီး
ကူလ်ဒါကိုလက်စားချေရန် ကြိုးစားတဲ့အခါမှာ လူသားမျိုးနွယ်များကို
ဒုက္ခပေးနိုင်သည့် စုန်းဘုရင်မ နှင့် ကူလ်ဒါ တို့အပြန်အလှန်တိုက်ခိုက်
ချေမှုန်းကြတာကိုရှုစားရမှာဖြစ်ပါတယ်
 
မကြည့်ရသေးသူများ ကြည့်ရအောင်စာတန်းထိုးနဲ့တင်ပေးလိုက်ပါတယ်
ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ် 
 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
  
 တိုက်ရိုက်ကြည့်ရန်နှင့်ဒေါင်းရန် pCloud လင့်
Download 480p 433 MB 

Download 720p 880 MB



အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/

Friday, February 5, 2016

The Martian (2015) မြန်မာစာတန်းထိုး

 The Martian (2015) မြန်မာစာတန်းထိုး 

ဒီကားဟာ Adventure, Drama, Sci-Fi အမျိုးအစား
ဖြစ်ပြီး IMDb rating 8.1 ထိရရှိထားတဲ့ဇာတ်ကားကောင်းတကားပါ
နာဆာကလွှတ်တင်ထားတဲ့ ဟာမိစ်ဂြိုလ်တုမှ အဖွဲ့(၆)ဦးဟာ
အင်္ဂါဂြိုလ်(မားစ်ဂြိုလ်)ပေါ်သို့ ကုန်းလမ်းသွားယာဉ်တင်ပို့တဲ့မစ်ရှင်တခု
လုပ်ဆောင်နေရင်း မုန်တိုင်းတိုက်ခတ်လာတာကြောင့်
သူတို့ယာဉ်ဟာတိမ်းစောင်းနေပြီးအရေးပေါ်အမြန်ပျံတက်မှ
ဖြစ်တော့မှာပါ စခန်းချရာနေရာနဲ့ အမ်အေဗီယာဉ်ရှိရာသို့
အသွားမုန်တိုင်းကြောင့် အာကာသယာဉ်မှူး မက်ခ်ဝန်နီဟာ မတော်တဆဖြစ်ပြီး အစပျောက်ကာရှာမရဖြစ်သွားခဲ့ပါတယ်
 ခေါင်းဆောင်လူးဝစ်နဲ့သူ့အဖွဲ့သားများဟာရှာဖို့မတတ်နိုင်တော့ပဲ မက်ခ်ဝန်နီကို ထားခဲ့ရပါတယ် အင်္ဂါဂြိုလ်ပေါ်မှာ 
မက်ခ်ဝန်နီဟာ ၁၈ ရက်သတိမေ့မျောပြီး 
အသက်ရှင်နေခဲ့ပါတယ် သူဟာ သူ့အဖွဲ့သားများ
အသက်ရှင်တာကိုမသိသွားခဲ့တဲ့အတွက်တကယ်လို့များသေသွားခဲ့ရင်
မှတ်တမ်းကျန်အောင်လို့ ဗီဒီယိုနဲ့မှတ်တမ်းတင်ထားပါတယ်
ကျန်ခဲ့တဲ့ ရိက္ခာနဲ့သူဘယ်လောက်ထိအသက်ရှင်နေထိုင်နိုင်မလဲဆိုတာ
တွက်ချက်ပြီး မက်ခ်ဟာ သူ့ရဲ့လွတ်မြောက်ရာလမ်းစကိုရှာဖွေလေ့လာ
ခဲ့ပါတယ် နောက်ထပ်အယ်ရီ ၅ ယာဉ်လာဖို့ဆိုတာကလည်း
၎ နှစ်ကြာဦးမှာပါ အယ်ရီ ၅ မရောက်ခင် ရိက္ခာမပြတ်ဖို့ အတွက်
အစီအစဉ်ချပါတော့တယ် သူဟာရုက္ခဗေဒပညာရှင်ဖြစ်တဲ့ကြောင့်
အင်္ဂါဂြိုလ်ပေါ်မှာ အာလူးစိုက်ပါတော့တယ်
ဒီကားကိုကြည့်ရတာဟာ တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်
ကြည့်ရင်းကြည့်ရင်း ဘာဖြစ်မလဲဆိုတဲ့ခံစားမှုနဲ့ မက်ခ်ကို ဘယ်သူတွေ
လာကယ်မလဲ ဘယ်လိုကယ်မလဲ မက်ခ်ကရော အင်္ဂါဂြိုလ်ပေါ်မှာ
ဘာတွေရှာတွေ့အောင်လုပ်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့်ကားဖြစ်ပါတယ်  
အင်္ဂါဂြိုလ်ပေါ်မှာ ၁ နှစ်ခွဲလောက်အသက်မသေပဲ
ဘ၀ကိုမလျှော့သောဇွဲလုံ့လနဲ့တစ်ဦးတည်းရင်ဆိုင်ဖြေရှင်းရဲတဲ့ 
မက်ခ်ရဲ့စိတ်ဓါတ်ကိုတော့ မချီးကျူးပဲမနေနိုင်ပါဘူး တော်ရုံလူဆိုရင်တော့ရူးသွားနိုင်ပါတယ်
မကြည့်ရသေးတဲ့သူတွေရော ကြည့်ပြီးသူတွေပါကြည့်ရအောင်
စာတန်းထိုးနဲ့ rating မြင့်လွန်းတဲ့ကားကောင်းတကားကို တင်ပေးလိုက်ပါတယ်ကြည့်ဖြစ်အောင်ကြည့်စေချင်ပါတယ် ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ် 
 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
  
 တိုက်ရိုက်ကြည့်ရန်နှင့်ဒေါင်းရန် pCloud လင့်
Download 480p 575 MB 

Download 720p 1.2 GB



အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/