Sunday, February 7, 2016

The Last Witch Hunter (2015) မြန်မာစာတန်းထိုး

The Last Witch Hunter (2015) မြန်မာစာတန်းထိုး 

ဒီဇာတ်ကားကတော့ နာမည်ကြီးမင်းသားဖြစ်တဲ့ Vin Diesel နဲ့အတူ
မင်းသား Elijah Wood နဲ့ မင်းသမီး Rose Leslie တို့ပါဝင်ထားတဲ့
မှော်ကားတကားဖြစ်ပါတယ်
နှစ်ပေါင်းများစွာ အောက်လမ်းစုန်းအတတ်ပညာရှင်များကို
ရှင်းလင်း သုတ်သင်နေကြတဲ့ စုန်းမုဆိုး ခေါ် Witch Hunter 
များရှိနေကြသည်မှာတော်တော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်
ထို စုန်းမုဆိုးများထဲမှ ကူလ်ဒါ ဆိုသူဟာ
ထူးချွန်သည့်စုန်းမုဆိုးသူရဲကောင်းတစ်ဦးဖြစ်ခဲ့ပြီး
စုန်းဘုရင်မနှင့် နောက်လိုက်များကို အပြီးသတ်သုတ်သင်ရှင်းလင်းခဲ့ခြင်းပါ
စုန်းဘုရင်မဟာ မသေဆုံးနိုင်သည့် သူမရဲ့အစွမ်းများကို 
ကျိန်စာပြုလုပ်ပြီး ကူလ်ဒါနဲ့သူရဲ့မိသားစုကို နောင်ဘဝတွေမှာ
ကူလ်ဒါနဲ့ကွဲအောင်ကျိန်စာတိုက်ခဲ့ပါတယ်
ကူလ်ဒါ ဟာ နှစ်ပေါင်းများစွာရှင်သန်ခဲ့ပြီး စုန်းပညာရှင်များကို
သုတ်သင်ရှင်းလင်းခဲ့ပါတယ် အဲဒီလိုနှိမ်နင်းနေရင်းနဲ့
သူ့ရဲ့မိသားစု လူ့ဘဝပြန်ဖြစ်မည့်ကာလမှာဆုံတွေ့နိုင်ရန်အတွက်
ကြိုးစားလိုက်ရှာနေခဲ့ပါတယ် အဲဒီအချိန်မှာပဲ 
စုန်းဘုရင်မဟာ ပြန်လည်အသက်ဝင်ရှင်သန်လာခဲ့ပြီး
ကူလ်ဒါကိုလက်စားချေရန် ကြိုးစားတဲ့အခါမှာ လူသားမျိုးနွယ်များကို
ဒုက္ခပေးနိုင်သည့် စုန်းဘုရင်မ နှင့် ကူလ်ဒါ တို့အပြန်အလှန်တိုက်ခိုက်
ချေမှုန်းကြတာကိုရှုစားရမှာဖြစ်ပါတယ်
 
မကြည့်ရသေးသူများ ကြည့်ရအောင်စာတန်းထိုးနဲ့တင်ပေးလိုက်ပါတယ်
ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ် 
 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
  
 တိုက်ရိုက်ကြည့်ရန်နှင့်ဒေါင်းရန် pCloud လင့်
Download 480p 433 MB 

Download 720p 880 MB



အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/
Reactions:

3 comments:

  1. "မပြီးသေးဘူးထင်တယ် ဇာတ်သိမ်းပိုင်းရှိသေးရင်ထပ်တင်ပေးပါဦး" ကျေးဇူးတင်ပါတယ် ချမ်းငြိမ်းမှော်ဝန်း

    ReplyDelete
  2. ဒေါင်းမရတော့ဘူး အကိုရေ invalid link code လို့ဘဲ ပြောနေတယ်ဗျာ ကူညီပါအုံး ကျေးဇူးတင်လျက်

    ReplyDelete
  3. ဒေါင်းမရတော့ဘူး အကိုရေ invalid link code လို့ဘဲ ပြောနေတယ်ဗျာ ကူညီပါအုံး ေက်းဇူးပါ

    ReplyDelete