Friday, January 20, 2017

Ben-Hur (2016)မြန်မာစာတန်းထိုး

Ben-Hur (2016)မြန်မာစာတန်းထိုး

ရေရှုခရစ်တော် သက်ရှိထင်ရှားရှိစဉ်အချိန်တုန်းက
ရောမအင်ပါယာကအလွန်ကြီးများကျယ်ပြန့်ပြီး
အင်ပါယာလက်အောက်က လူတွေကတော့
အကြောက်တရားတွေနဲ့အသက်ရှင်နေရတယ်။
ဂျေရုဆလင် က ဂျူးမင်းသား ဂျူဒက်ဘန် နဲ့ ရောမတယောက်ဖြစ်တဲ့
မာဆာလာဆီးဗားရက်စ် ဟာ ညီအကိုသဖွယ်ချစ်ခင်ကြတဲ့သူတွေဖြစ်ကြတယ်..။
မာဆာလာဆီးဗားရက်စ် ရဲ့အဖိုးဟာ ရောမစစ်သူရဲတဦးဖြစ်ပြီး
ရောမဘုရင်ကို ဆန့်ကျင်လို့အပြစ်ပေးခံရတဲ့အခါမှာ
အစွန့်ပစ်ခံကလေးတယောက်ဖြစ်သွားတဲ့ မာဆာလာ ဆီးဗားရက်စ် ကို
 ဂျူဒက်ဘန်တို့ မိသားစုက မွေးစားသားအဖြစ်လက်ခံပြီး
 ဂျူဒက် နဲ့ ညီရင်းတမျှ မွေးမြူခဲ့ကြတယ်..။
တီဇာ ဟာ ဂျူဒက် ရဲ့ညီမတယောက်ဖြစ်ပြီး
မာဆာလာ နဲ့ လူငယ်သဘာဝ ချစ်သူတွေဖြစ်ကြတယ်။
ဒါကို ဂျူဒက်က သဘောတူပေမယ့် ဂျူဒက်ရဲ့အမေကတော့
ရောမသားတယောက်ဖြစ်တဲ့ မာဆာလာ နဲ့
 သမီးဖြစ်သူတီဇာ ကို သဘောမတူပါဘူး။
ဒီကိစ္စကြောင့်ပဲ တညမှာတော့ မာဆာလာ ဟာရောမဘုရင်ရဲ့
စစ်ထဲ ၀င်ဖို့ ဂျူဒက်ဘန် တို့မိသားစုကို စွန့်ခွာသွားခဲ့တယ်။
နှစ်အတန်ကြာတဲ့ အခါမှာတော့ မာဆာလာ ဟာရောမစစ်တပ်
နဲ့အတူ ဂျေရုဆလင် ကိုပြန်ရောက်လာခဲ့တယ်..။
ဂျူဒက်နဲ့ ပြန်တွေ့ကြပြီး အရာအားလုံးဟာ အရင်ကအတိုင်း
ချစ်ချစ်ခင်ခင် မိသားစုဝင်တွေလို ပြန်ဆုံကြတယ်..။
အဲဒီအချိန်မှာပဲ ရောမစစ်ခေါင်းဆောင်တယောက်ဖြစ်တဲ့
ပွန်ရှက်ပိုင်လိတ် ဟာ သူစစ်တပ်နဲ့အတူ ဂျေရုဆလင်ကိုဖြတ်ဖို့ဖြစ်လာတယ်။
ရောမဆန့်ကျင်သူဂျူးသူပုန်တွေ နဲ့ ထိတ်တိုက်ရင်ဆိုင်မှုမဖြစ်ရအောင်
မာဆာလာ က ဂျူဒက် နဲ့ဆွေးနွေးခဲ့တယ်။
ဂျူဒက်ကလည်း သဘောတူခဲ့တယ်။
ဒါပေမယ့် ရောမတပ်နဲ့ ပွန်ရှက်ပိုင်လိတ် ဂျေရုဆလင်ကို
ရောက်တဲ့နေ့မှာ ပွန်ရှက်ပိုင်လိတ် ကိုမြားနဲ့လုပ်ကြံမှုဖြစ်ပေါ်တယ်။
အဲဒါ ကတော့ ဂျူဒက်တို့ အိမ်ကနေဖြစ်ခဲ့တာမို့
တမိသားစုလုံး အဖမ်းခံရပြီး ဂျူဒက် ကို သင်္ဘောကျွန်အဖြစ်
ပင်လယ်ထဲ ပို့ခံရပြီး။
ဂျူဒက်ဟာ ပင်လယ်ထဲမှာ သင်္ဘောကျွန်အဖြစ် ၅ နှစ်ကြာတဲ့အခါ
သင်္ဘောပျက်ပြီး လွတ်မြောက်ခဲ့တယ်။
အာဖရိက မြင်းရထားပြိုင်တဲ့ သူတွေနဲ့တွေ့ပြီး
ဂျေရုဆလင် ပြန်လည်ခြေချနိုင်ခဲ့တယ်..။
အမေ နဲ့ ညီမ ကိုနောက်ဆုံးစုံစမ်းလို့ ရသွားပေမယ် ပျော်ရွင်ဖွယ်တော့မဖြစ်ခဲ့
အာဖရိကန်ကြီး ရဲ့ အကြံပေးမှုကြောင့် ဂုဏ်သိက္ခာနဲ့ အပြစ်တွေဆေးကြောဖို့
ရောမ ရဲ့ အကောင်းဆုံး မြင်းရထားသူရဲကောင်းဖြစ်တဲ့
မာဆာလာ နဲ့ မြင်းရထားပြိုင်ဖို့ စိန်ခေါ်ခဲ့တယ်...
နောက်ဆုံး ညီရင်းအကို သဖွယ်ချစ်ကြတဲ့ သူနှစ်ယောက်
သူသေကိုယ်သေ ဘယ်လိုယှဉ်ပြိုင်ခဲ့ကြတယ်ဆိုတာရယ်..
ရေရှုခရစ်တော်အကြောင်းကိုပါ တွေ့ထိရမယ့် ဇာတ်ကားကောင်းပါ..

ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။





 ကျေးဇူးတင်ပါတယ် 
Reactions:

1 comments:

  1. I didn't have pcloud account and please advise how to down load the movie.

    ReplyDelete