Wednesday, January 18, 2017

KickBoxer: Vengeance (2016) မြန်မာစာတန်းထိုး

KickBoxer: Vengeance (2016) မြန်မာစာတန်းထိုး

၁၉၈၉ လောက်တုန်း Van Damme ကို နာမည်ကျော်စေခဲ့ တဲ့ 
Kickboxer ဇာတ်ကားကို ဆန်းသစ်ရိုက်ကူး ထားတာဖြစ်ပြီး
အဲဒီခေတ်တုန်းက မှီ ခဲ့တဲ့ ပရိသတ်တွေကတော့ သိပြီးသားဖြစ်မှာပါ။
ဒီဇာတ်ကားမှာလည်း Van Damme ကိုယ်တိုင် ပါဝင်ထားပြီး
Master Durand အဖြစ်ပါဝင် သရုပ် ဆောင်ထားတာမို့
Van Damme ပရိတ်သတ်တွေ အကြိုက်တွေ့စေမယ်ထင်ပါတယ်။
ဇာတ်လမ်းကတော့.....
ဗင်းနစ် မှာနေထိုင်တဲ့ Eric Sloane နဲ့ Kurt Sloane ဆိုတဲ့ညီအကိုနှစ်ယောက်ဟာ
ကိုယ်ခံပညာ ကျွမ်းကျင်သူတွေဖြစ်ပြီးတော့ Eric က ကရာတေး ကမ္ဘာ့ချန်ပီယံဆု ရရှိထားပါတယ်။
ပွဲစီစဉ်သူတွေက အဲရစ်ကိုထိုင်းဘက်မှာ သွားပြိုင်ဖို့ သွေးဆောင်တာကို
ညီဖြစ်တဲ့ Kurt  အတန်တန်တားနေတဲ့ကြားက Eric ကသွားဖို့ လက်ခံခဲ့တယ်။
ထိုင်းကိုရောက်တဲ့အခါ Eric နဲ့ မွေ့ထိုင်းချန်ပီယံ Tong Po တို့
တရားမ၀င် လက်ဝှေ့ပွဲတစ်ခုမှာ ယှဉ်ပြိုင်တိုက်ခိုက်ကြရင်း Eric သေဆုံးသွားခဲ့ပါတယ်။
တရားမ၀င်လက်ဝှေ့ပွဲဆိုတာ ပြိုင်ပွဲထဲရောက်လာသူဟာ
ကိုယ်မသတ်နိုင်ရင် သူသတ်တာခံရတဲ သူသေကိုယ်သေပြိုင်ပွဲမျိုးဖြစ်တယ်။
အဲဒါနဲ့ အစ်ကို့အတွက် လက်တုံ့ပြန်ချင်တဲ့ Kurt ဟာ
သူ့ အစ်ကိုရဲ့ ဆရာဖြစ်တဲ့ Master Durand  (Van Damme) ကို
ရှာဖွေပြီး Tong Po နဲ့ လက်ရည်ယှဉ်နိုင်ဖို့အတွက် ကြိုးစားပါတယ်။
Kurt  တယောက် Master Durand  (Van Damme) ဆီမှာ
ရေကုန်ရေခန်း လေ့ကျင့်မှုတွေလုပ်ပြီး Tong Po နဲ့တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ပါတယ်။
((Kurt နေရာမှာ အရင်တုန်း က Van Damme သရုပ်ဆောင်ထားတာ နဲ့
အခုဇာတ်ကားကသရုပ်ဆောင် နဲ့က ပုံစံမတူပေမယ့်လည်း
မတူညီတဲ့ ရသတစ်ခုစီနဲ့ ပရိသတ်ကိုဆွဲ ဆောင်နိုင်လိမ့်ဦးမယ်လို့ထင်ပါတယ်))
Kurt ဘယ်လောက်ပဲ လေ့ကျင့်လေ့ကျင့် တကယ်တန်း မွေ့ထိုင်းလက်ဝှေ့သမားကြီး
Tong Po နဲ့ ကြိုးဝိုင်းထဲမှာ သူသေကိုယ်သေရင်ဆိုင်ရတဲ့အခါမှာတော့...





 ကျေးဇူးတင်ပါတယ် 
Reactions:

0 comments:

Post a Comment