Sunday, April 30, 2017

prison break season 5 (2017)မြန်မာစာတန်းထိုး


prison break season 5 (2017)မြန်မာစာတန်းထိုး

အားလုံးစောင့်မျှော်နေတဲ့ prison break ဇာတ်လမ်းတွဲ အမှတ်-၅ ထွက်လာပါပြီ..။
ကျနော်တို့ အားလုံးသိထားကြသလို မိုက်ကယ် မသေပါဘူး..။
prison break ဇာတ်လမ်းတွဲကို ကျနော်စတင်ခဲ့တာ ဖြစ်သလို
prison break ဇာတ်လမ်းတွဲဆိုတာလည်း..
ချမ်းငြိမ်း-မှော်ဝန်း ရဲ့ အမှတ်အသားတခုလိုတောင်ပြောနိုင်ပါတယ်။
Season 1 ကနေ Season 4 အဆုံးအထိ ကျနော်တင်ပေးထားပါတယ်။
မကြည့်ရသေးရင် ဒီနေရာ ကနေကြည့်ပါ..။
နောက်အပိုင်းတွေကိုလည်း ဒီ ပို့စ်ကနေပဲ
update လုပ်သွားမှာမို့ Like and Share လေးလုပ်ထားတာ
အကျိုးမနည်းဘူး ထင်ပါတယ်...။
ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။
  
အပိုင်း (၁)
Download 720p 360 MB  

အပိုင်း (၂)
Download 720p 360 MB 

ကျေးဇူးတင်ပါတယ်  

Thursday, April 20, 2017

Storks (2016)မြန်မာစာတန်းထိုး

 
Storks (2016)မြန်မာစာတန်းထိုး

သားသားမီးမီး တို့ အကြိုက် The Lego Movie ကာတွန်းရုပ်ရှင်ဇာတ်ကားကြီးတင်ဆက်ခဲ့တဲ့
Warner Animation Group ရဲ့ဒုတိယမြောက်ကာတွန်းရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ ငှက်ကြားတွေက ကလေးငယ်လေးတွေကို
ချီချီလာပြီးမိခင်တွေဆီကို ပေးပို့ပေးတဲ့ဇာတ်ဝင်ခန်းတွေကိုမြင်တွေ့ဖူးကြမှာပါ။
 ဒီဇာတ်ကားကတော့အဲဒီအကြောင်းလေးကိုစိတ်ကူးပုံဖော်ရိုက်ကူးထားတဲ့ဇာတ်ကားလေး ဖြစ်ပါတယ်။
ယခင်ကတည်းကကလေးတွေကိုပို့ဆောင်ပေးခဲ့တဲ့
ငှက်ကြားတွေဟာယခုအချိန်မှာတော့ ကလေးပို့ဆောင်ပေးတဲ့အလုပ်ကို
လုပ်ငန်းကြီးတစ်ခုအနေနဲ့ဖန်တီးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
တက်နေ့မှာ တော့ ဂျူနီယာလို့အမည်ရတဲ့ ငှက်ကြားဟာညွှန်ကြားချက်မရပဲ
ကလေးတစ်ယောက်ကိုဖန်တီးမိလိုက်တာကြောင့်
ဒီပြဿနာကိုဘယ်သူမှမသိရှိခင်ကြိတ်ဖြေရှင်းဖို့ ကြိုးစားပါတော့တယ်..
အဲဒီမှာ ....
ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။
  

ကျေးဇူးတင်ပါတယ်  

Thursday, April 13, 2017

Rogue One: A Star Wars Story (2016) မြန်မာစာတန်းထိုး

 
Rogue One: A Star Wars Story (2016) မြန်မာစာတန်းထိုး

IMDb မှာ  Rating: 8/10 ရရှိထားတဲ့
Action, Adventure, Sci-Fi အမျိုးအစားဇာတ်ကားပါ.. 
အညွန်းမပေးတော့ပါဘူး...
ကလေးတွေအကြိုက်  Star Wars Story ထဲက
၅ ကားမြောက်ဖြစ်တဲ့ Rogue One ကို..
ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။
  

ကျေးဇူးတင်ပါတယ်  

Tuesday, April 11, 2017

Underworld: Blood Wars (2016) မြန်မာစာတန်းထိုး


Underworld: Blood Wars (2016) မြန်မာစာတန်းထိုး
ငါးကားမြောက် Underworld ဇာတ်ကားပါ..။
ဒီဇာတ်ကားမှာတော့ Selene ဟာ သူ့ကို သစ္စာဖောက်ခဲ့တဲ့
သူတွေကို ပြန်လည်လက်စားချေဖို့ကြိုးစားပါတယ်။
အရှေ့ပိုင်းအဖွဲ့ရဲ့ ခေါင်းဆောင် Semira ရဲ့ ဖိတ်ကြားမှုနဲ့
သေမင်းတမန်တပ်သားများကို လေ့ကျင့်ပေးရင်း
Semira ရဲ့ အကောက်ကြံသတ်ဖြတ်မှုကိုခံလိုက်ရပါတယ်။
Semira က အာဏာ ရဖို့အတွက် မိမိ Vampire မျိုးနွယ်တွေကို
အကောက်ကြံပြီး Lycan ခေါင်းဆောင်သစ် Marius နဲ့
Vampire ကောင်စီကို ရန်တိုက်ပေးပါတယ်။
နောက်တော့ သေဆုံးပြီ ထင်ထားကြတဲ့ Selene ပြန်ပေါ်လာပြီး
မိုက်ကယ်ကို ဘယ်သူကသတ်ဖြတ်ခဲ့တာလဲဆိုတာကိုပါ သိရှိသွားတဲ့အခါမှာ...

ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။
  

ကျေးဇူးတင်ပါတယ်  

Underworld: Awakening (2012) မြန်မာစာတန်းထိုး



 Underworld: Awakening (2012)  မြန်မာစာတန်းထိုး

Underworld ၄ ကားတင်တာဒီကားမှာ အဆင်မပြေဘူးဆိုလို့
ထက်တင်ပေးလိုက်ပါတယ်...
ဒီဇာတ်ကားကိုတော့ အထွေအထူး မညွန်းတော့ပါဘူး..
မင်းသမီး Kate Beckinsale  ရဲ့ ကမ္ဘာကျော် ဇာတ်ကားတွေဖြစ်တဲ့ 
Underworld ဇာတ်ကားတွေထဲက လေးကားမြောက်ဖြစ်တဲ့
Underworld: Awakening (2012) ဇာတ်ကားပါ.. 
အရင်က တင်ပေးဖူးပြီးသားပါ..။ အခု Underworld: Blood Wars (2016) တင်ရင်း Underworld ဇာတ်ကားတွေအကုန်လုံးကို update လုပ်ပေးလိုက်ပါတယ်..။ ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။
  

ကျေးဇူးတင်ပါတယ်  


Underworld: Rise of the Lycans (2009) မြန်မာစာတန်းထိုး



Underworld: Rise of the Lycans (2009) မြန်မာစာတန်းထိုး

ဒီဇာတ်ကားကိုတော့ အထွေအထူး မညွန်းတော့ပါဘူး..
မင်းသမီး Kate Beckinsale  ရဲ့ ကမ္ဘာကျော် ဇာတ်ကားတွေဖြစ်တဲ့ 
Underworld ဇာတ်ကားတွေထဲက တတိယမြောက်ဇာတ်ကားဖြစ်တဲ့
Underworld: Rise of the Lycans (2009) ပါ.. 
အရင်က တင်ပေးဖူးပြီးသားပါ..။ အခု Underworld: Blood Wars (2016) တင်ရင်း Underworld ဇာတ်ကားတွေအကုန်လုံးကို update လုပ်ပေးလိုက်ပါတယ်..။ ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။
  




ကျေးဇူးတင်ပါတယ်  


Underworld: Evolution (2006) မြန်မာစာတန်းထိုး



 Underworld: Evolution (2006) မြန်မာစာတန်းထိုး

ဒီဇာတ်ကားကိုတော့ အထွေအထူး မညွန်းတော့ပါဘူး..
မင်းသမီး Kate Beckinsale  ရဲ့ ကမ္ဘာကျော် ဇာတ်ကားတွေဖြစ်တဲ့ 
Underworld ဇာတ်ကားတွေထဲက ဒုတိယမြှောက်ဇာတ်ကားဖြစ်တဲ့
 Underworld: Evolution (2006) ပါ..
အခု Underworld: Blood Wars (2016) တင်ရင်း Underworld ဇာတ်ကားတွေအကုန်လုံးကို update လုပ်ပေးလိုက်ပါတယ်..။ ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။
  

ကျေးဇူးတင်ပါတယ်  

Underworld (2003) မြန်မာစာတန်းထိုး



 Underworld (2003) မြန်မာစာတန်းထိုး

ဒီဇာတ်ကားကိုတော့ အထွေအထူး မညွန်းတော့ပါဘူး..
မင်းသမီး Kate Beckinsale  ရဲ့ ကမ္ဘာကျော် ဇာတ်ကားတွေဖြစ်တဲ့ 
Underworld ဇာတ်ကားတွေထဲက ပထမဆုံး ဇာတ်ကားပါ..
အရင်က တင်ပေးဖူးပြီးသားပါ..။
အခု Underworld: Blood Wars (2016) တင်ရင်း
Underworld ဇာတ်ကားတွေအကုန်လုံးကို
update လုပ်ပေးလိုက်ပါတယ်..။
ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။
  

ကျေးဇူးတင်ပါတယ်  

Monday, April 10, 2017

Resident Evil: The Final Chapter (2016) မြန်မာစာတန်းထိုး


 Resident Evil: The Final Chapter (2016) မြန်မာစာတန်းထိုး

အကျိုးရှိလုပ်ငန်းတွေ လုပ်ဖို့ သိပ္ပံပညာရှင်ဂျိမ်းစ်မားကပ်စ်က
အမ်ဘရဲလားကိုတည်ထောင်ခဲ့တယ်
မားကပ်မှာ သမီးငယ် အလီစီရာ ဆိုတာရှိပြီး
သူက ပရိုဂျီးရီးယာ ရောဂါခံစားနေရတယ်
သေစေနိုင်တဲ့ရောဂါတစ်မျိုးပေါ့
ပရိုဂျီးရီးယား ဆိုတာက အရွယ်မတိုင်ခင်
အသက်ကြီးတာကို ဖြစ်စေတတ်ပါတယ်
အလီစီရာ အသက်-၂၅နှစ်အရွယ်မှာ
သူ့ ခန္ဓာကိုယ်က အသက်-၉၀လောက် ဖြစ်နေမှာပေါ့
မားကပ် သူ့ ကိုကယ်ဖို့ ဆန္ဒတွေ
အရမ်း ပြင်းပြနေခဲ့ပါတယ်
ဒါပေမယ့် ဖြစ်နိုင်ချေကတော့ လုံးဝ မရှိပါဘူး
ဖြေဆေးရှာဖို့ အပြင်းအထန်
ကြိုးစားရင်တောင်မှပေါ့လေ
ကောင်မလေး အဖေက
သူမ အသံ သူမ ကြိုက်နှစ်သက်တာတွေ
မှတ်တမ်း တင်ထားခဲ့ပါတယ်
နောက်ပိုင်းမှာ အခက်အခဲကို ကျော်လွှားနိုင်ခဲ့ပါတယ်
အဲဒါကတော့ မားကပ်က တီ-ဗိုင်းရပ်စ်ကိုတွေ့ ခဲ့တယ်
ခန္တာကိုယ်ထဲကို တီဗိုင်းရပ်စ် ၀င်သွားတာနဲ့
ကိုယ်ထဲကပျက်စီးနေတဲ့ ဆဲလ် တွေကို တီ-ဗိုင်းရပ်စ် ပြင်ဆင်ပေးမှာပါ
ဒါကတော့ အံ့အားသင့်စရာပါပဲ
အလီစီရာ အသက်ကို မားကပ် ကယ်နိုင်ခဲ့တယ်
တီ-ဗိုင်းရပ်စ်မှာ မရေတွက်နိုင်တဲ့
လုပ်ဆောင်ချက်တွေပါဝင်တယ်
မတူညီတဲ့ရောဂါ ထောင်ပေါင်းများစွာကို ကုသပေးတယ်
 ခေတ်သစ်တစ်ခုရဲ့  ရောင်နီ ထွက်ပေါ်လာသလိုပါပဲ
ရောဂါကူးစက်ဖြစ်မှာ ဖျားနာသေကြေပျက်စီးမှာ
ကြောက်မနေရတော့တဲ့ ခေတ်တစ်ခုပေါ့
ဒါပေမယ့်.. အဲ့လိုတော့ဖြစ်မလာခဲ့ပါဘူး
တီ-ဗိုင်းရပ်စ်မှာ ကြိုတင်မခန့် မှန်းထားတဲ့
ဘေးထွက်ဆိုးကျိုးတွေရှိနေလို့ ပါပဲ....
အဲဒါကတော့...တီ-ဗိုင်းရပ်စ် ကြောင့်ပဲ..
တကမ္ဘာလုံး သွေးစုတ်ဖုတ်ကောင်တွေရဲ့
လက်အောက်ကျရောက်သွားမယ့် အန္တာရာယ်ပါပဲ..
ဒါကိုကယ်တင်ဖို့ တီ-ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး
အသက်ဆုံးရှုံးဖို့ သေချာနေပြီဖြစ်တဲ့ အဲလစ် ရဲ့
ဖြေဆေးရရှိဖို့ ကျိုးစားတဲ့ စွန့်စားခန်းတွေကို ရှုစားရမှာပါ..
ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။
  

ကျေးဇူးတင်ပါတယ်  

Saturday, April 8, 2017

The Great Wall (2016)မြန်မာစာတန်းထိုး

The Great Wall (2016)မြန်မာစာတန်းထိုး

ကမ္ဘာအံဖွယ်စာရင်းထဲမှာပါဝင်တဲ့ မဟာတံတိုင်းကြီး
မဟာတံတိုင်းကြီးဟာ ရာစုနှစ်ပေါင်းများစွာတည်တံ့ခဲ့ပါတယ်။
လူသားမျိုးနွယ်တွေရဲ့ အရှည်ကြာဆုံးတည်ဆောက်မှုလည်းဖြစ်ပါတယ်။
မိုင်ပေါင်း -၅၅၀၀ ခန့်ရှည်လျားပြီး တည်ဆောက်ဖို့
နှစ်ပေါင်း ၁၇၀၀ ခန့်ကြခဲ့ပါတယ်..။
မဟာတံတိုင်းဟာ အန္တာရယ်အမျိုးမျိုးကိုကာကွယ်
ဖို့ တည်ဆောက်ခဲ့တာဖြစ်ပြီ..။
တချို့အရာတွေကတော့ ဒဏ္ဍာရီတွေဖြစ်ပါတယ်။
အခု ဒီဇာတ်ကားကတော့...မဟာတံတိုင်းနဲ့ ပါတ်သတ်တဲ့
 ဒဏ္ဍာရီတွေထဲက ဇာတ်လမ်းတပုဒ်ဖြစ်ပါတယ်။
ဇာတ်လမ်းကတော့....
 စုန့်မင်းဆက်ကာလ မြင်ကွင်းနဲ့အတူ မဟာတံတိုင်း မြောက်ဘက် မိုင်အနည်းငယ် အကွာမှာ ဥရောပ ကြေးစား စစ်သည်တွေဖြစ်တဲ့ ဝီလျံ၊ တိုဗာနဲ့ အဖွဲ့ဟာ ဓာတုဖောက်ခွဲရေး ပစ္စည်းတစ်မျိုး ဖြစ်တဲ့ ယမ်းမှုန့်ကို လိုက်ရှာနေကြ တာဖြစ်ပြီး သူတို့နောက်ကို ဓားပြအဖွဲ့တွေ လိုက်နေတဲ့ အတွက် ထွက်ပြေးခဲ့ရပါတယ်။ နောက်တော့ ဂူတစ်ခုထဲမှာ စခန်းချနေတုန်း သတ္တဝါကြီးတစ် ကောင်ရဲ့ တိုက်ခိုက်ခြင်းခံရပြီး ဝီလျံနဲ့ တိုဗာနှစ်ယောက်ပဲ အ သက်ရှင်ကျန်ခဲ့ပါတယ်။ နောက် တစ်နေ့မှာ မဟာတံတိုင်းနား ရောက်နေတဲ့ သူတို့နှစ်ယောက် ဟာ တရုတ်စစ်တပ်ရဲ့ ဖမ်းဆီး ခြင်းခံရပြီး စစ်သူကြီးရှောင်၊ တပ် မှူးလင်းနဲ့ ဗျူဟာမှူး ဝမ်တို့ဆီ ရောက်သွား ခဲ့ပါတယ်။ တရုတ် စစ်သူကြီးတွေဟာ နှစ်ပေါင်း ၆၀ မှ တစ်ခါကြုံရတဲ့ သတ္တဝါတွေရဲ့ အန္တရာယ်ကို ရင်ဆိုင်ဖို့ ပြင်ဆင် နေကြတာ ဖြစ်ပါတယ်။
      တစ်ရက်မှာတော့ သတ္တဝါ တွေဟာ မဟာတံတိုင်းကို လာ ရောက်တိုက်ခိုက်တဲ့အတွက် အ ပြန်အလှန် တိုက်ခိုက်ကြရင်း စစ် သားတွေလည်း အထိနာခဲ့ကာ စစ် သူကြီးလင်း ဦးဆောင်တဲ့ အမျိုးသမီး တပ်ကလည်း တံတိုင်း အောက်ကိုဆင်းပြီး တိုက်ခိုက်ကြ ပေမယ့် သတ္တဝါတွေကို မနိုင်ခဲ့ပါ ဘူး။ ဝီလျံနဲ့ တိုဗာလည်း တရုတ် စစ်တပ်ဘက်ကနေ ဝိုင်းတိုက်ပေး ကြတဲ့အတွက် တရုတ်စစ်သား တွေရဲ့ အသိအမှတ်ပြု လေးစား ခြင်းခံခဲ့ရပါတယ်။ အဲဒီမှာ ဆာဘဲ လက်ဆိုတဲ့ ဥရောပသားတစ်ဦးနဲ့ ဝီလျံတို့ဆုံခဲ့ပြီး ဆာဘဲလက်က လည်း အကျဉ်းသားတစ်ယောက် ဖြစ်ပေမယ့် အင်္ဂလိပ်နဲ့ လက်တင် ဘာသာဆရာအဖြစ် ထားတာဖြစ် ပါတယ်။ အဲဒါနဲ့ နိုင်ငံခြားသားသုံး ယောက်ဟာ တရုတ်တွေဆီမှာ ယမ်းမှုန့်ရှာဖွေဖို့အတွက် တိုင်ပင် ပြီး အစီအစဉ်တွေ ဆွဲခဲ့ပါတော့ တယ်။တစ်ညမှာ သတ္တဝါနှစ်ကောင် မဟာတံတိုင်းပေါ်တက်ပြီး တိုက်ခိုက်တဲ့အတွက် အစောင့်တပ်သားတစ်ယောက် သေဆုံးခဲ့ကာ စစ်သူကြီးရှောင်နဲ့ လင်းတို့ ဦးဆောင်တိုက်ခိုက်ရင်း ရှောင်သေဆုံးခဲ့ပါတယ်။ သတ္တဝါတွေရဲ့ အန္တရာယ်က ပိုဆိုးလာတဲ့အ တွက် ဝီလျံက သူ့ကိုပါဝင်တိုက်ခိုက်ခွင့်ပေးဖို့ တရုတ် စစ်သူကြီးတွေကို ခွင့်တောင်းခဲ့ပြီးနောက်မှာတော့ ဝီလျံရဲ့ အရည်အချင်း တချို့ကို သဘောကျသွားတဲ့နောက် ခွင့်ပြုပေးခဲ့ပါတယ်။
ဒါပေမယ့်....

ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။
  

ကျေးဇူးတင်ပါတယ်